နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“အင်တာမိုင်ယာမီက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်ပါတယ်” မာရှေယာနို | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

မနေ့ညက အင်တာမိုင်ယာမီ ကတော့ ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ပေါ်တိုကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ လီယွန်နယ် မက်ဆီရဲ့ ဖရီးကစ် သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီးတော့ ရှုံးထွက်တက်ရေး မျှော်လင့်ချက်တွေလည်း ရှင်သန်လာခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ အင်တာမိုင်ယာမီ နည်းပြ ဂျားဗီးယား မာရှေယာနိုက သူတို့ အသင်းဟာ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ် ဆိုတာ ပြသနိုင်ခဲ့ကြောင်း ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။ မာရှေယာနိုက ပွဲပြီး အင်တာဗျူးမှာ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “ပထမဦးဆုံး အနေနဲ့ ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု အပေါ် ချီးကျူးချင်ပါတယ်။ ရလဒ် အပြင် ဘောလုံး ခြေထဲမှာ ရှိချိန်ရော၊ ခြေထဲမှာ မရှိချိန်မှာပါ တက်တက်ကြွကြွ ရဲရဲရင့်ရင့် ကစားသွားတဲ့ သူတို့ကို မြင်တွေ့ရလို့ ဂုဏ်ယူမိပါတယ်။ အစီအစဉ် တစ်ခု အပေါ်မှာ အားလုံး စည်းလုံး ညီညွတ်စွာ ကစားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်တယ် ဆိုတာ သက်သေပြခဲ့တာပါ။ အသင်းရဲ့ ပုံစံအတိုင်း အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တာက တကယ့်ကို လေးစားစရာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မာရှေယာနိုက ဒီနေ့ဟာ အင်တာမိုင်ယာမီ အတွက် သမိုင်းဝင် နေ့တစ်နေ့ ဖြစ်ကြောင်း ပြောကြားခဲ့သလို ပွဲရဲ့ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လီယွန်နယ် မက်ဆီကိုလည်း အခုလိုပဲ ချီးကျူးသွားခဲ့ပါသေးတယ်။ မာရှေယာနိုက “သူက ကျွန်တော် တို့ကို ဘယ်လို ယှဉ်ပြိုင်ရမလဲ ဆိုတာ ပြသပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဘယ်အဆင့်မှာပဲ ဖြစ်ဖြစ် သူ့ရဲ့ အနိုင်ရလို စိတ်နဲ့ ကြိုးစား အားထုတ်မှုက ကျွန်တော် တို့ကို လမ်းပြပေးနေတာပါ။” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီပွဲအပြီးမှာ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီက ရမှတ် ၄ မှတ်နဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု A ရဲ့ အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
လီယွန်နယ် မက်ဆီရဲ့ ဖရီးကစ် သွင်းဂိုးနဲ့ နိုင်ပွဲ စတင် ရရှိခဲ့တဲ့ အင်တာမိုင်ယာမီ

လီယွန်နယ် မက်ဆီ ကလည်း ပွဲပြီး အင်တာဗျူးမှာ အသင်းရဲ့ ကြိုးစား အားထုတ်မှုကို ချီးကျူးသွားခဲ့ပါတယ်။ မက်ဆီက “တကယ်ကို ပျော်စရာ ကောင်းပြီး အသင်းသား အားလုံးရဲ့ ကြိုးစားအားထုတ်မှုက ကျေနပ်စရာပါ။ ကျွန်တော်တို့ ခံစစ်ပိုင်းတင် မဟုတ်ဘဲ ပထမပိုင်းနဲ့ ၁-၁ ရလဒ် မဖြစ်ခင် အထိ ဘောလုံးကို ကောင်းကောင်း ကိုင်ကစားနိုင်ခဲ့ပါတယ်။ ပထမပွဲ အပြီးမှာ ခံစားချက် သိပ်မကောင်းခဲ့ပေမယ့် ဒီနိုင်ပွဲ အတွက် အရမ်းပျော်ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးပြီး အခုချိန်မှာတော့ အောင်ပွဲခံရမှာပေါ့။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဒီပွဲအပြီးမှာ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီက ရမှတ် ၄ မှတ်နဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု A ရဲ့ အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အကယ်၍ အင်တာမိုင်ယာမီက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်လှမ်းချင်တယ် ဆိုရင်တော့ အုပ်စု နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ပါလ်မီးရက်စ်နဲ့ ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ အင်တာမိုင်ယာမီ အတွက် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဦးဆုံး နိုင်ပွဲ ဖြစ်သလို အမေရိကန် မေဂျာလိဂ် သမိုင်းတစ်လျှောက် ဥရောပ အသင်း တစ်သင်းက အဓိက ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် အနိုင်ရရှိခဲ့တာ ဖြစ်လို့ သမိုင်းဝင် နိုင်ပွဲ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်