နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ကျွန်တော် တို့က ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်” – ကိန်း | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဘေယန်မြူးနစ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ပွဲစဉ်မှာ ဖလာမင်ဂိုကို ဂိုးပြတ် အနိုင်ရရှိပြီးနောက် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ကွာတားဖိုင်နယ် မှာတော့ ဥရောပ ချန်ပီယံတွေ ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက သူတို့ အသင်းဟာ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိနေကြောင်း ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။ ကိန်းက DAZN နဲ့ အင်တာဗျူးမှာ “ဒါဟာ နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာပါ။ ပီအက်စ်ဂျီက အံ့သြစရာကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ထားပါတယ်။ ဒီနှစ် အစောပိုင်းမှာ သူတို့နဲ့ ကစားခဲ့ပြီး ကျွန်တော်တို့ အသာရခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အဲဒီ စွမ်းအင်နဲ့ ခံစားချက်ကို အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ အဲဒါက ခက်ခဲမယ် ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကြည့်ကြည့်လိုက်ပါ။ ကျွန်တော်တို့ အဲဒီ အဆင့်ကို ရောက်တဲ့အခါ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ ခံစားမိပါတယ်။ ပြိုင်ပွဲမှာ အခု ပြသခဲ့ပြီးပြီ။ နောက်ထပ် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အကောင်းဆုံး ပြန်လာဖို့ ပြင်ဆင်ရဦးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဖလာမင်ဂိုကို ၂-၄ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဘေယန်မြူးနစ် အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးတော့ ဒီပြိုင်ပွဲ တစ်လျှောက်မှာ ၄ ပွဲ ကစားပြီး ၃ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးထားပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ဒီ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲစဉ် ၄ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံးကာ သွင်းဂိုး ၁၆ ဂိုး၊ ပေးဂိုး ၄ ဂိုး ရှိထားပါတယ်။ ကိန်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၄၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ဟာ လာမယ် ဇူလိုင် ၅ ရက်နေ့မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဖြစ် အတ္တလန္တာက မာစီးဒီးစ်ဘန့်ဇ် ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ နောက်ပိုင်း တွေ့ဆုံမှု ၄ ကြိမ်စလုံး အနိုင်ရထားတဲ့ ဘေယန်မြူးနစ်

ဖလာမင်ဂိုကို အနိုင်ရရှိခဲ့အပြီး မှာလည်း နည်းပြ ဗင်းန်ဆင့် ကွန်ပနီက “အဓိက အချက်က ပထမပိုင်း မိနစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။” “ကျွန်တော် တွေးကြည့်သလောက် ဆိုရင် အဆင်ပြေပါတယ်။ ဒီအခြေအနေမျိုး၊ ဒီလို ဆာလောင်မှုမျိုးနဲ့ ပြိုင်ဘက်တွေကို ဆက်လက် ရင်ဆိုင်သွားနိုင်မလားပေါ့။ ပရိသတ်တွေ အတွက်လည်း ကျေနပ်စရာ ပွဲတစ်ပွဲ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒီပွဲမှာ (ပီအက်စ်ဂျီ) နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲအတွက် ဘာတွေ လိုအပ်သလဲ ဆိုတာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်တော်တို့ အနားယူရမှာ ဖြစ်ပြီး ပွဲကို အကောင်းဆုံး ပြန်လာနိုင်ဖို့ လိုပါတယ်။ ကျွန်တော် တို့ရဲ့ စွမ်းအင်ကို ပြန်လည် တည်ဆောက်ဖို့ အတွက် နေ့ရက်တိုင်းကို အသုံးချနိုင်ဖို့လိုပါတယ်။” လို့လည်း ကွန်ပနီက ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ဟာ လာမယ် ဇူလိုင် ၅ ရက်နေ့မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဖြစ် အတ္တလန္တာက မာစီးဒီးစ်ဘန့်ဇ် ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ နောက်ဆုံး ၉ ကြိမ် တွေ့ဆုံရာမှာတော့ ပီအက်စ်ဂျီက ၂ ကြိမ်သာ အနိုင်ရခဲ့ပြီးတော့ ဘေယန်မြူးနစ် ကတော့ ၇ ကြိမ် နိုင်ထားပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ပီအက်စ်ဂျီကို နောက်ဆုံး ၄ ကြိမ် ဆက်တိုက် အနိုင်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်