နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးထွက်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေတဲ့ ဘရာဇီးလ် ကလပ် နှစ်သင်း၊ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတော့မယ့် မက်ဆီရဲ့ အင်တာမိုင်ယာမီ | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဒီကနေ့ ဒီကနေ့ မနက်အစောပိုင်းမှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ကစားသွားခဲ့ပြီးတော့ ပီအက်စ်ဂျီနဲ့ အက်တလက်တီကိုမက်ဒရစ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ပေါ်တိုနဲ့ အဲလ်အာလီ၊ အင်တာမိုင်ယာမီနဲ့ ပါးလ်မီးရက်စ် တို့ကတော့ အပြန်အလှန် သွင်ဂိုးတွေနဲ့ သရေကျခဲ့ပြီး ရှုံးထွက် တက်သွားတဲ့ အသင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

 

အက်တလက်တီကိုမက်ဒရစ် ၁-၀ ဘိုတာဖိုဂို

ပီအက်စ်ဂျီ ကလည်း မေဂျာလိဂ် ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်ကို သက်တောင့်သက်သာ အနိုင်ယူပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်တက်ခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ကို ရှုံးပေမယ့် ရှုံးထွက်တက်ခဲ့တဲ့ ဘိုတာဖိုဂို

အက်တလက်တီကိုမက်ဒရစ် ကတော့ ဘရာဇီးလ် ကလပ် ဘိုတာဖိုဂိုကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ တီကိုဟာ ဘိုတာဖိုဂို ဂိုးပေါက်ကို ပွဲချိန် တစ်လျှောက်လုံး ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၈၇ မိနစ် အရောက်မှ ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးနဲ့ နိုင်ခဲ့တာပါ။ အက်တလက်တီကိုမက်ဒရစ်တို့ ရှုံးထွက် မတက်ရောက်နိုင်ခဲ့ခြင်းရဲ့ အဓိက အကြောင်းအရင်း ကတော့ ပွဲစဉ် ၁ မှာ ပီအက်စ်ဂျီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဖြစ်ပြီး ဘိုတာဖိုဂိုနဲ့ ရမှတ် ၆ မှတ်ချင်း တူပေမယ့်လည်း ဂိုးကွာခြားချက် -၁ နဲ့ ပြိုင်ပွဲ ကနေ လက်ပြနှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဥရောပရဲ့ ထိပ်သီး ကလပ် နှစ်သင်း ပါဝင်တဲ့ အုပ်စု ကနေ ရှုံးထွက် တက်ခဲ့တဲ့ ဘိုတာဖိုဂို ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။

 

ဆီယက်တဲလ်ဆောင်းဒါးစ် ၀-၂ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ကလည်း မေဂျာလိဂ် ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်ကို သက်တောင့်သက်သာ အနိုင်ယူပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်တက်ခဲ့ပါတယ်။ ပြင်သစ် ကလပ် အတွက် ဂိုးတွေ ကိုတော့ ခါဗရာစခီလီယာနဲ့ ဟာကီမီ တို့က သွင်းယူပေးခဲ့ပြီး ဘိုတာဖိုဂို၊ အက်တလက်တီကိုမက်ဒရစ် တို့လို ၆ မှတ် ရတာခြင်း တူပေမယ့် ဂိုးကွာခြားချက် +၅ နဲ့ အုပ်စုဗိုလ်ပါ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက ရှုံးထွက်အဆင့်မှာ အုပ်စု A က ဒုတိယနဲ့ တက်လာတဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

အင်တာမိုင်ယာမီ ၂-၂ ပါလ်မီးရက်စ်

ဒီပွဲမှာ အင်တာမိုင်ယာမီက အလန်ဒီ၊ ဆွာရက်ဇ် တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပါလ်မီးရက်စ်က ချေပဂိုးတွေ လိုက်သွင်းပြီး ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဘရာဇီးလ် ကလပ်ဟာ အင်တာမိုင်ယာမီ လိုပဲ အုပ်စုတွင်း ရှုံးပွဲ မရှိ စွမ်းဆောင်နိုင်ခဲ့ကာ ရမှတ် ၅ မှတ် ဂိုးကွာခြားချက် +၂ နဲ့ အုပ်စုဗိုလ်ပါ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပါလ်မီးရက်စ်ဟာ ရှုံးထွက် အဆင့်မှာ ဘရာဇီးလ် ပြိုင်ဘက် ဘိုတာဖိုဂိုနဲ့ တွေ့ဆုံခဲ့ပြီး အင်တာမိုင်ယာမီ ကတော့ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပေါ်တို ၄-၄ အဲလ်အာလီရှေ့ပွဲတွေမှာ ရလဒ်တွေ ဆိုးခဲ့တဲ့ ပေါ်တိုနဲ့ အဲလ်အာလီတို့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ မသေချာခဲ့သည့် တိုင်အောင် ရလဒ်ကောင်း တစ်ခု အတွက် အားစိုက်ခဲ့ကြရင်း အပြန်အလှန် သွင်းဂိုးတွေ များသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအုပ်စုမှာ ပေါ်တိုကို အားအကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခဲ့ကြပြီး ရှုံးထွက်တက်နိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ပေါ်တူဂီ ကလပ်က တော်တော်လေးကို ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ဒီပွဲမှာလည်း ပေါ်တိုဟာ အီဂျစ် ကလပ်ကို တောက်လျောက် လိုက်ပြီး ချေပခဲ့ရပြီးတော့ ပီပီရဲ့ ပွဲပြီးခါနီး သွင်းဂိုးကြောင့်သာ အရှက်မကွဲခဲ့တာ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ နှစ်သင်းစလုံး ကတော့ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ အုပ်စု အဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်