ရီးရဲလ်မက်ဒရစ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီရလဒ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲဦးထွက် အဖြစ် စတင်ခဲ့တဲ့ နည်းပြသစ် ဇာဘီ အလွန်ဆို အတွက်ရော ထရန့် အလက်ဇန္တား အာနိုးလ် အတွက်ပါ အဖွင့်မလှပစေခဲ့ပါဘူး။ ဒါပေမယ့်လည်း ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ ဒီပွဲ အပြီးမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာက သူ့ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အာနိုးလ်က “ကျွန်တော့် စိတ်ထဲမှာရော နှလုံးသားထဲမှာပါ ကျွန်တော့် အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ် ဆိုတာ သိသာထင်ရှားခဲ့ပါတယ်။ ဒါဟာ ကျွန်တော့် အတွက် အရမ်းကို ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲ။ ပွဲဦးထွက် ကစားခွင့်ရခဲ့လို့လည်း အရမ်းပျော်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရတာက ကစားသမား အများစု ဒါမှမဟုတ် ကစားသမား အားလုံးလိုလို အတွက် သူတို့ ဘဝရဲ့ တစ်ချိန်ချိန်မှာ အိပ်မက်မက်ခဲ့ကြတဲ့ အရာ ဖြစ်ပါလိမ့်မယ်။ ကလပ် အသင်း ပြောင်းရွှေ့တာ ဒါပထမဆုံး အကြိမ် ဆိုတော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိခဲ့ပါဘူး။ ဘာမှ မျှော်လင့်ထားတာမျိုးလည်း မရှိခဲ့ဘူး။” လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နည်းပြသစ် ဇာဘီ အလွန်ဆို လက်ထက်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကို ပုံစံကောင်း တစ်ခုနဲ့ မြင်တွေ့ခဲ့ရခြင်း မရှိသလို အာနိုးလ် ကလည်း မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ ဗယ်လ်ဗာဒီရဲ့ ပွဲပြီးခါနီး ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပြိုင်ဘက် ဂိုးသမား ဘိုနိုရဲ့ လက်စွမ်းပြ ကာကွယ်မှုကြောင့် သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အာနိုးလ်က အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “ဟုတ်ပါတယ်။ စိတ်ပျက်စရာ တချိုတော့ ရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမား တစ်ယောက်ရဲ့ စိတ်ဓာတ်က ပွဲတိုင်းကို နိုင်ချင်တာပါ။ ဒါပေမယ့်လည်း နည်းပြသစ် ကစားသမားသစ် အတွေးအခေါ်သစ်တွေနဲ့ ဆိုတော့ အကောင်းမြင်စရာ တချိုတော့ ရှိပါလိမ့်မယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီးတော့ နောက်ပွဲတွေ အနိုင်ရဖို့ အတွက် လမ်းစပါပဲ။ ကစားသမားတွေနဲ့ အသင်းနဲ့ အသားကျဖို့ အချိန် နည်းနည်းတော့ ယူရပါလိမ့်မယ်။ ဒါက ကျွန်တော့် အတွက် အသစ်အဆန်း ဆိုတော့ အချိန်ယူရပါဦးမယ်။ ဒါပေမယ့် ဒီနေ့ ကစားခွင့် ရခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုပါပဲ။ နည်းနည်းတော့ ထူးခြားပါတယ်။ ဒါပေမယ့် ဒီမှာ မိနစ်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။” လို့ အာနိုးက အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။
အသက် ၂၆ နှစ် အရွယ် အာနိုးလ်ဟာ ပြီးခဲ့တဲ့လက အန်ဖီးလ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လစ်ဗာပူးလ် ပရိသတ်တွေရဲ့ အမျက်ရှခြင်းခံခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အာနိုးလ်ကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား အပြီးမှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ဒီပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပေါင် ၈ သန်း ပေးချေကာ အရ ခေါ်ယူခဲ့ပါတယ်။ အာနိုးလ်ဟာ အဲလ်ဟီလာနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် မှာတော့ ပွဲချိန် ၆၅ မိနစ်သာ ပါဝင် ကစားခဲ့ရပြီး လူးကပ်စ် ဗက်ဇ်ကွက်ဇ်နဲ့ လူစားလဲခြင်း ခံခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.