မက္ကဆီကို ကလပ် မွန်တာရေးရဲ့ ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမို့စ် ကတော့ သူ့အသင်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှုံးထွက်တက်သွားလို့ အလွန်ပျော်ရွှင်နေခဲ့ပါတယ်။ ရာမို့စ်က မွန်တာရေးတို့ ဒီပြိုင်ပွဲမှာ ရှုံးထွက်တက်ခဲ့ခြင်းဟာ အသင်း အတွက် သမိုင်းဝင် အခိုက်အတန့် ဖြစ်ကြောင်းလည်း ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။
မွန်တာရေးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မှု အဖြစ် တတိယ တစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။ ဒီနှစ် ပုံစံ အသစ်နဲ့ ကျင်းပချိန်မှာတော့ မွန်တာရေးက ရှုံးပွဲ မရှိ ရလဒ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရာမိုစ် ကလည်း အုပ်စု ပွဲစဉ် ၃ ပွဲ စလုံးမှာ မွန်တာရေး အတွက် ပွဲချိန်ပြည့် ကစားပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မွန်တာရေးဟာ အုပ်စု အဖွင့် ပွဲစဉ်မှာ အင်တာမီလန်နဲ့ သရေ၊ ဒုတိယ ပွဲမှာ ရေးဗားပလိတ်နဲ့ သရေ၊ အုပ်စု နောက်ဆုံး ပွဲစဉ် မှာတော့ ဂျပန် ကလပ် အူရာဝါ ရက်ဒ်ဒိုင်းမွန်းကို ၄-ဝ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ကို အခိုင်အမာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရာမို့စ်က အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ အခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။ “ဒါဟာ ကျွန်တော်တို့ အတွက် အလွန်ကိုမှ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ပါ။ မျှော်လင့်ချက်တွေ မြင့်မားခဲ့သလို မွန်တာရေးတို့ အဆင့်တက်နိုင်မယ်လို့ အများစုက သံသယဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စည်းကမ်းတကျ ကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက် ဧရိယာထဲ အထိ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ရလာတဲ့ အခွင့်အရေးတွေ ကိုလည်း အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်း အတွက် သမိုင်းဝင် အခိုက်အတန့် တစ်ခု ဖြစ်ပြီးတော့ ကျွန်တော် တို့ရဲ့ စုပေါင်း ကြိုးပမ်းမှုနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေရဲ့ ပင်ပန်းမှုတွေကို ထင်ဟပ်စေပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ အဆင့် တက်ခဲ့ပြီး အခုတော့ အနားယူ ပြီး ပြင်ဆင်ရမယ့် အချိန်ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
မွန်တာရေး လာမယ့် စနေနေ့ မှာတော့ အသင်း တည်ထောင်ခြင်း နှစ် ၈၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ရှုံးထွက်တက်ခဲ့ခြင်းက အသင်းရဲ့ အထိမ်းအမှတ် အတွက် သကာရည်လောင်းခဲ့သလို ဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရာမို့စ်က “ဒီစီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ရတာ ကျွန်တော် ဂုဏ်ယူပါတယ်။ အသင်းကို ရောက်ရှိလာပြီး လအနည်းငယ် အတွင်းမှာပဲ ကမ္ဘာ့ထိပ်တန်း အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရင်း ကျွန်တော့်လည်း အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ပေးဆပ်နိုင်ခဲ့ပါတယ်။ အခုတော့ ၁၆ သင်း အဆင့် ဆိုတာ ဗိုလ်လုပွဲလိုပါပဲ။” လို့ ဆိုပါတယ်။
ဆာဂျီယို ရာမိုစ်ရဲ့ မွန်တာရေး ကတော့ လာမယ့် အင်္ဂါနေ့မှာ ဂျာမန် ထိပ်သီး ကလပ် ဒေါ့မန်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.