နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးကို ၂၀၂၁ ဗိုလ်လုပွဲ ရှုံးကြွေး ပြန်ဆပ်ရမယ့် ပါလ်မီးရက်စ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ပါလ်မီးရက်စ် – ချဲလ်ဆီး

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြဖို့ ရှိပြီး ချဲလ်ဆီးက ဘရာဇီးလ် ကလပ် ပါလ်မီးရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကလပ်တွေနဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရလေ့ ရှိတဲ့ ချဲလ်ဆီးတို့ ဒီတစ်ကြိမ် မှာရော ဘယ်လို ရလဒ်မျိုး ရရှိအောင် စွမ်းဆောင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ပါလ်မီးရက်စ် ကတော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲ တစ်လျှောက် သူတို့ တွေ့ဆုံခဲ့ရတာက ဥရောပ ကလပ် ဆိုလို့ ပေါ်တိုသာ ရှိခဲ့ပြီး နိုင်ပွဲလည်း မရခဲ့ပါဘူး။ ပါလ်မီးရက်စ်က ရှုံးထွက် အဆင့်မှာ ဘရာဇီးလ် ပြိုင်ဘက်ပဲ ဖြစ်တဲ့ ဘိုတာဖိုဂိုကို အချိန်ပိုအထိ ကစားခဲ့ရပြီး‌ ပေါ်လင်ဟိုရဲ့ နောက်ကျဂိုးကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ ပါလ်မီးရက်စ် အတွက် နောက်ထပ် အစမ်းသပ်ခံရမယ့် ပွဲဖြစ်ပြီး ချဲလ်ဆီးကို ၂၀၂၁ ဗိုလ်လုပွဲ ရှုံးကြွေး ပြန်ဆပ်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ ဘရာဇီးလ် ကလပ် ဖလာမင်ဂို၊ တူနီးရှား ကလပ် အက်စ်ပီရန်စီ ကျူးနစ်၊ မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ချဲလ်ဆီးဟာ အုပ်စု အဆင့်မှာ အဲလ်အေအက်ဖ်စီနဲ့ ကျူးနစ်ကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဘရာဇီးလ် ကလပ် ဖလာမင်ဂို ကိုတော့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးက ၁၆ သင်း အဆင့် မှာတော့ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာကို အကြိတ်အနယ် ကစားပြီး အချိန်ပိုရောက်မှ ဂိုးပြတ်သွင်းကာ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကလပ်တွေဟာ ချဲလ်ဆီးကို အမြဲတမ်းလိုလို ဒုက္ခပေးလေ့ရှိတာကြောင့် ပေါ့ဆလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ချဲလ်ဆီးတို့ အများစု မျှော်လင့်ထားသလို ဒီအဆင့်ကိုရော အလွယ်တကူ ကျော်ဖြတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ချဲလ်ဆီးတို့ အများစု မျှော်လင့်ထားသလို ဒီအဆင့်ကိုရော အလွယ်တကူ ကျော်ဖြတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အုပ်စု အဆင့်မှာ ဘရာဇီးလ် ကလပ် ဖလာမင်ဂိုကို ဂိုးပြတ် ရှုံးထားတဲ့ ချဲလ်ဆီး

အခုပွဲကို ပါလ်မီးရက်စ် ဘက်က ရိုဒရီဂွက်စ်၊ ဖီဂူအီရီဒို၊ ဆာကီရီရာတို့ လွဲချော်ဖို့ ရှိနေပြီး ချဲလ်ဆီး ဘက်မှာတော့ ဘာဒီယာရှီးလ်၊ ကယ်လီမန်းနဲ့ ဖိုဖာနာ တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပါလ်မီးရက်စ် – ဝီဗာတန်၊ မိုက်ကယ်၊ ဂီယေ၊ ဘရူနို ဖု့ချ်၊ မေကီ၊ ရီယို့စ်၊ မာတီနက်ဇ်၊ ဗန်ဒါလန်၊ အယ်လန်၊ ဗစ်တာ ရုတ်ခ်၊ အက်စတီဗာအို

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ကူကာရယ်လာ၊ ကိုးလ်ဝဲလ်၊ ချာလိုဘာ့၊ လာဗီယာ၊ ဖာနန်ဒက်ဇ်၊ ဒူးစ်ဘာရီဟောလ်၊ နီတို၊ ပါးလ်မား၊ ဒီလက်ပ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ချဲလ်ဆီးဟာ သမိုင်းတစ်လျှောက် ဒီပြိုင်ပွဲမှာ ဘရာဇီးလ် ကလပ်တွေနဲ့ စုစုပေါင်း ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၁ ကြိမ်နိုင်ကာ၊ ၂ ကြိမ် ရှုံးခဲ့ပါတယ်။ ၂၀၁၂ ဗိုလ်လုပွဲမှာ ကိုရင်သီယန်ကို ၁-၀၊ ၂၀၂၅ အုပ်စု အဆင့်မှာ ဖလာမင်ဂိုကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးက ၂၀၂၁ ဗိုလ်လုပွဲမှာတော့ အခုတွေ့ဆုံရမယ့် ပါလ်မီးရက်စ်ကို ၁-၂ ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ပါလ်မီးရက်စ်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ချဲလ်ဆီးက ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOP ရဲ့ 1X2 မှာတော့ ပါလ်မီးရက်စ် အနိုင် အတွက် ၃.၄၄ ဆ၊ ချဲလ်ဆီး အနိုင် အတွက် ၂.၀၈ ဆနဲ့ သရေ အတွက် ၃.၀၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ်မှာတော့ ချဲလ်ဆီး ဘက်က ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း ၃ လုံး ဆိုရင်တော့ စိတ်အေးလို့ ရပါပြီ။ ချဲလ်ဆီးဟာ ဘရာဇီးလ် ကလပ်တွေနဲ့ဆို ရုန်းကန်ရတတ်တယ် ဆိုပေမယ့် ပြီးခဲ့တဲ့ ပွဲက အမှားတွေကို ပြင်ဆင်နိုင်မယ်လို့ ထင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖွယ် ရှိပြီး ချဲလ်ဆီးတို့ မိနစ် ၉၀ အတွင်းမှာပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ပါလ်မီးရက်စ် ၀-၁ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်