နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေထောက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တဲ့ အတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ဘူးလို့ ဆိုလိုက်တဲ့ မူစီအာလာ | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဘေယန်မြူးနစ် တိုက်စစ် ကြယ်ပွင့် ဂျမဲလ် မူဆီအာလာ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန် လူဝီဂျီ ဒွန်နာရမ်းမားနဲ့ ပြင်းထန်စွာ ထိခိုက်မိခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မူဆီအာလာ အနေနဲ့ ကျိန်းသေပေါက် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး အနည်းဆုံး ၄/၅ လလောက် မြက်ခင်းစိမ်းနဲ့ ဝေးကွာနေရတော့မှာပါ။ ဒါပေမယ့်လည်း မူဆီအာလာက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် အတွင်း သူကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ ဒဏ်ရာနဲ့ ပတ်သတ်လို့ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်းမား အပေါ်မှာ ဘာအငြိုးအတေးမှ မထားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလာခဲ့ပါတယ်။

မူစီအာလာက သူ့ရဲ့ Instagram အကောင့် ကနေ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ “ခွဲစိတ်မှုက ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားပါပြီ။ ကျွန်တော် ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာ ရှိနေပါတယ်။ ဒါကို ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေက ဖြစ်တတ်ပါတယ်။ အခုတော့ ကျွန်တော် နောက်လာမယ့် အချိန်တွေကို ခွန်အား၊ အကောင်းမြင်စိတ်တွေနဲ့ ပြန်လည် တည်ဆောက်ဖို့ အသုံးပြုသွားပါမယ်။ ခင်ဗျားတို့ အားလုံးနဲ့ ပြန်ဆုံတွေ့ရဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

မူစီအာလာဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် အတွင်း ဒွန်နာရမ်းမားနဲ့ ပြင်းထန်စွာ ထိခိုက်မိပြီး ဘယ်ခြေထောက်ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ် အသင်း ကတော့ သူတို့ရဲ့ ကစားသမား မူစီအာလာဟာ ပြန်လည် ကုသရေး အစီအစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘေယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ မက်စ် အီဘာလ် နဲ့ ဂိုးသမား မန်ဝဲလ် နော်အာ တို့ကတော့ ပွဲအပြီးမှာ ဒွန်နာရမ်းမားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးတော့ မူစီအာလာ အခုလို ဒဏ်ရာရတာက ပီအက်စ်ဂျီ ဂိုးသမားရဲ့ အမှားကြောင့် ဖြစ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒွန်နာရမ်မား ကတော့ လူးဝစ် အန်နရီကေး၊ သီဘောက် ကော့တွာစ်နဲ့ တခြားသော ကစားသမားတွေ ဆီကနေတော့ ထောက်ခံ အားပေးမှုတွေ ရရှိခဲ့ပါတယ်။

မူစီအာလာဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် အတွင်း ဒွန်နာရမ်းမားနဲ့ ပြင်းထန်စွာ ထိခိုက်မိပြီး ဘယ်ခြေထောက်ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရခဲ့တာနဲ့ ပတ်သတ်ပြီး ဒွန်နာရမ်းမားကို အပြစ်မတင်တဲ့ မူစီအာလာ

သတင်းတွေအရ ဆိုရင်တော့ မူစီအာလာ အနေနဲ့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာဖို့ စောင့်ရှောက်မှု အစီအစဉ်တွေ စတင်နေပြီး ၂၀၂၆ ခုနှစ် အစောပိုင်းလောက် အထိ ကလပ်နဲ့ နိုင်ငံတကာ ပွဲစဉ်တွေ အတွက် ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ဘေယန်မြူးနစ်ဟာ မူစီအာလာ နေရာမှာ အစားထိုးဖို့ တောင်ပံ ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းလျက် ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ လစ်ဗာပူးလ်က ကိုလံဘီယာ လက်ရွေးစင် လူးဝစ္စ ဒီးယက်ဇ် အတွက် ချဉ်းကပ်မှုတွေ ပြလုပ်နေပေမယ့် ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ ဒီးယက်ဇ် ဘက်ကတော့ သူဟာ လစ်ဗာပူးလ်နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ လုပ်ဆောင်နေကြောင်း ဖွင့်ဟ ပြောဆိုထားပါတယ်။

 တစ်ဖက်မှာ ဒွန်နာရမ်းမား ကတော့ ပီအက်စ်ဂျီနဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီး ဆုဖလားနဲ့ လက်တစ်ကမ်း အကွာကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ချဲလ်ဆီးနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်