ဒီကနေ့ မနက်မှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် လက်ကျန် ၄ ပွဲ ယှဉ်ပြိုင် ကစားသွားခဲ့ပြီးတော့ ဘယ်အသင်းတွေ ရှုံးထွက်အဆင့်မှာ တွေ့ဆုံမလဲ ဆိုတာ သိရှိခဲ့ရပြီ ဖြစ်ပါတယ်။ ဒီနေ့ ကစားတဲ့ ၄ ပွဲစလုံး သရေပွဲ မရှိခဲ့ပဲ မန်စီးတီး၊ အဲလ်အင်၊ အဲလ်ဟီလာနဲ့ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။
ဂျူဗင်တပ်စ် ၂-၅ မန်ချက်စတာစီးတီး
ရှေ့က အုပ်စု ပွဲစဉ် ၂ ပွဲမှာ ဂိုးပြတ်တွေချည်း နိုင်ထားပြီး ခြေစွာနေတဲ့ ဂျူဗင်တပ်စ်တို့ မန်စီးတီးနဲ့ အတွေ့မှာတော့ ဂိုးပြတ် ပြန်လည် အရှုံးပေးခဲ့ရပါတယ်။ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ဒိုကု၊ ကာလူလူ (OG)၊ ဟာလန်း၊ ဖိုဒန်နဲ့ ဆာဗင်ညို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ် အတွက် ချေပဂိုး ၂ ဂိုး ကိုတော့ ကု့ပ်မိုင်းနားနဲ့ ဗလာဟိုဗစ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဂျူဗီ နည်းပြ ချီဗူးဟာ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ခြေစွမ်းပြခဲ့တဲ့ ကိုလို မူအာနီ၊ ယီလ်ဒစ်ဇ်၊ သူရမ်-အူလီယန် တို့ကို အရန်ခုံ ပို့ပြီး ဗလာဟိုဗစ်၊ ကု့ပ်မိုင်းနား၊ မက်ကန်နီ၊ ကော့စတစ်တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကလည်း ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ကွင်းလယ် မှာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ ရိုဒရီကို သုံးခဲ့ပါတယ်။ ရိုဒရီ ပါဝင်လာခြင်းကပဲ မန်စီးတီးရဲ့ ကွင်းလယ်ကို တော်တော်လေး အားကောင်းသွားစေခဲ့ပြီး ပပ် ဂွါဒီယိုလာတို့ အုပ်စု ဂိုးပြတ် နိုင်ပွဲနဲ့ ရှုံးထွက်တက်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်မှာတော့ ဆော်ဒီပရိုလိဂ် ထိပ်သီး အဲလ်ဟီလာနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
ဝီဒတ်ဒ်ကာဆာဘလန်ကာ ၁-၂ အဲလ်အင်
နှစ်သင်းစလုံး အတွက် ရှုံးထွက်တက်ဖို့ မျှော်လင့်ချက် မရှိတော့ပေမယ့် ဂုဏ်သိက္ခာအရ ကစားသွားခဲ့ကြပြီး ယူအေအီး ကလပ်က ဒီပြိုင်ပွဲကနေ ၃ မှတ်တော့ ရအောင်ယူသွားနိုင်ခဲ့ပါတယ်။ မော်ရိုကို ကလပ်က ပွဲချိန် ၄ မိနစ်မှာ မိုင်လူလာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးတော့ အဲလ်အင် အတွက် ချေပဂိုးတွေ ကိုတော့ လာဘာ (ပင်နယ်တီ)၊ ကာကူ တို့က သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ဝီဒတ်ဒ်ကာဆာဘလန်ကာ ကတော့ အုပ်စု ပွဲစဉ် အားလုံး ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၀ နဲ့ ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရပါတယ်။
အဲလ်ဟီလာ ၂-၀ ပါချူကာ
ဒီပွဲက ရှေ့နှစ်ပွဲဆက် ရှုံးထားတဲ့ ပါချူကာ အတွက် အရေးမကြီးတော့ပေမယ့် အဲလ်ဟီလာ အတွက် ကတော့ ရှုံးထွက်တက်ရေး စိတ်ချရဖို့ နိုင်ပွဲ ရဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် အဲလ်ဟီလာတို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ အတူ အားစိုက်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲလည်း ရခဲ့ပါတယ်။ အဲလ်ဟီလာ အတွက် ဂိုးတွေ ကိုတော့ အဲလ်ဒေါ်ဆာရီနဲ့ လီယိုနာဒို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ပါချူကာ ကတော့ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ပြီးတော့ ဆဲလ်ဘာ့ဂ်နဲ့ အတူ ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရပါတယ်။
ဆဲလ်ဘာ့ဂ် ၀-၃ ရီးရဲလ်မက်ဒရစ်

ဆဲလ်ဘာ့ဂ်က ရှုံးထွက်တက်ဖို့ ဆိုရင် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ဆီက တတ်နိုင်သမျှ အမှတ်ယူဖို့ လိုအပ်ခဲ့ပေမယ့် ဂိုးပြတ်ပါ ရှုံးပြီး ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဒီပွဲမှာ ဆဲလ်ဘာ့ဂ်က ရီးရဲလ်မက်ဒရစ်ရဲ့ နည်းစနစ်ပိုင်းကို ဘယ်လိုမှ မယှဉ်နိုင်ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပြီး ဂိုးတွေ ကိုတော့ ဗင်နီးစီးယပ်စ်၊ ဗယ်လ်ဗာဒီနဲ့ ဂွန်ဇာလို ဂါစီယာက သွင်းယူပေးခဲ့ပါတယ်။ အမ်ဘာပေး ကတော့ အစာအိမ် ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်တွေကို ထပ်မံ လွဲချော်ခဲ့ပေမယ့် လူငယ် ကစားသမားလေး ဂွန်ဇာလို ဂါစီယာနဲ့ တခြားသော ကစားသမားတွေက ဂိုးတွေ သွင်းပြီး နိုင်ပွဲတွေ ရယူပေးနေတာ ဖြစ်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် အားလုံး ကစားအပြီး မှာတော့ ဘယ်အသင်းတွေ ရှုံးထွက်အဆင့်ကို တက်လှမ်းပြီး ဘယ်အသင်းတွေ ထိပ်တိုက်တွေ့ဆုံနေတယ် ဆိုတာ အဖြေ ပေါ်ခဲ့ပါပြီ။ ဒီအဆင့် ကိုတော့ ထူးခြားချက် အနေနဲ့ ဘရာဇီးလ် ကလပ် ၄ သင်းစလုံး တက်လှမ်းနိုင်ခဲ့ပြီးတော့ ဘွန်ဒက်စ်လီဂါက ၂ သင်း၊ စီးရီးအေက ၂ သင်း၊ ပရီးမီးယားလိဂ်က ၂ သင်း၊ Liga MX၊ ပေါ်တူဂီလိဂ်၊ မေဂျာလိဂ်၊ လီဂူးဝမ်း၊ ဆော်ဒီပရိုလိဂ် တို့ကနေ တစ်သင်းစီ တက်ရောက်နိုင်ခဲ့ကြပါတယ်။ ရှုံးထွက်အဆင့် ပွဲစဉ်တွေ အဖြစ်…
အင်တာမီလန် – ဖလူမီးနန့်စ်
မန်စီးတီး – အဲလ်ဟီလာ
ပါးလ်မီးရက်စ် – ဘိုတာဖိုဂို
ဘင်ဖီကာ – ချဲလ်ဆီး
ပီအက်စ်ဂျီ – အင်တာမိုင်ယာမီ
ဖလာမင်ဂို – ဘေယန်မြူးနစ်
ရီးရဲလ်မက်ဒရစ် – ဂျူဗင်တပ်စ် ဒေါ့မန် – မွန်တာရေး
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.