နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုးပြတ် အနိုင်ရခဲ့တဲ့ မန်စီးတီးနဲ့ ဂျူဗင်တပ်စ်၊ အဲလ်ဟီလာနဲ့ တစ်မှတ်စီ ခွဲယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ မှာတော့ မန်စီးတီးနဲ့ မာမယ်လိုဒီဆန်းဒေါင်းစ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အဲလ်ဟီလာတို့ သရေကျခဲ့ပြီး ဂျူဗင်တပ်စ် ကတော့ အဲလ်အင်ကို ဂိုးပြတ် အနိုင်ရခဲ့ကာ ဆဲလ်ဘာ့ဂ်က ပါချူကာကို အနိုင်ရခဲ့ပါတယ်။ 

 

မန်ချက်စတာစီးတီး  ဝီဒက်ဒ်ကာဆာဘလန်ကာ

ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု G ရဲ့ အင်အားအကြီးဆုံး ကလပ် ဖြစ်တဲ့ မန်စီးတီး ကတော့ မော်ရိုကို ကလပ်ကို ဖိုဒန်၊ ဒိုကု တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂွါဒီယိုလာက အသစ် ခေါ်ယူထားတဲ့ ချာကီ၊ ရီအင်ဒါ၊ ရိစ် တို့လို ကစားသမားတွေကို ဖိုဒန်၊ မာမွတ်ရှ်၊ ဆာဗင်ညို၊ အိုရွိုင်လီ တို့နဲ့ တွဲဖက် ကစားစေခဲ့ကာ ပုံစံကောင်း တစ်ခုလည်း ပြသနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၁၅ ကြိမ် အထိ ရှိခဲ့ပြီးတော့ ဂိုးပေါက်တည့်မှု ၆ ကြိမ် ကနေ ၂ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဝီဒက်ဒ် ကာဆာဘလန်ကာ ကလည်း မန်စီးတီးကို လူအင်အားအရ မယှဉ်နိုင်ခဲ့လို့သာ ရှုံးခဲ့တာ ဖြစ်ပေမယ့် ခြေစွမ်း ကတော့ လျှော့တွက်လို့ မရခဲ့တာ တွေ့ရပါတယ်။ ဒီပွဲ ရလဒ်ကြောင့် မန်စီးတီးက ရမှတ် ၃ မှတ်နဲ့ အုပ်စု G ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဝီဒက်ဒ် ကာဆာဘလန်ကာ ကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ 

 

အူလ်ဆန် ဟွန်ဒိုင်း  မာမယ်လိုဒီ ဆန်းဒေါင်းစ်

ဒီနှစ်သင်းက ခြေစွမ်းအရ သိပ်မပြီး မကွာခဲ့ပေမယ့် တောင်အာဖရိက ကလပ်က အဆုံးသတ်နဲ့ အသင်းလိုက် ကစားပုံမှာ ပိုကောင်းခဲ့လို့ နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မာမယ်လိုဒီ ဆန်းဒေါင်းစ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ရေနားစ်က ပွဲချိန် ၃၆ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အူလ်ဆန် ဟွန်ဒိုင်းက အုပ်စု F ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိသွားပြီး မာမယ်လိုဒီ ဆန်းဒေါင်းစ် ကတော့ ဇယားကို ဦးဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။

 

အဲလ်အင်  ဂျူဗင်တပ်စ်

ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး ကလပ်ကြီး ကတော့ ဆော်ဒီပရိုလိဂ် ကလပ်ကို သရေသာ ကစားနိုင်ခဲ့လို့ အဖွင့်မလှခဲ့ဘူးလို့ပဲ ဆိုရမှာပါ။
တိုက်စစ် အစွမ်းပြပြီး အဲလ်အင်ကို အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်

အီဂေါ တူဒါရဲ့ ဂျူဗင်တပ်စ် ကတော့ အရှေ့အလယ်ပိုင်း ထိပ်သီး ကလပ်ကို ခြေစွမ်းအသာစီးနဲ့ ကစားပြီး ၀-၅ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူကာ အုပ်စု G ကို ဦးဆောင်လိုက်တာပါ။ အခွင့်အရေး ရရှိမှုမှာ သိပ်ပြီးမကွာခဲ့ပေမယ့် အဆုံးသတ် အပိုင်းမှာ ဂျူဗင်တပ်စ်က ဂိုးပေါက် တည့်မှု ၁ ကြိမ် ကနေ ၁ ဂိုးနှုန်းလောက် ရှိခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အတွက် ဂိုးတွေ ကိုတော့ ကိုလိုမူအာနီ ၂ ဂိုး၊ ကွန်ဆီကာအို ၂ ဂိုးနဲ့ ယီလ်ဒစ်ဇ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့်ပဲ ဂျူဗင်တပ်စ်က မန်စီးတီးကို ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အုပ်စု G ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂိုးပြတ် ရှုံးခဲ့ရတဲ့ ယူအေအီး ကလပ် အဲလ်အင် အတွက် ကတော့ လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ တော်တော်လေး အရေးကြီးသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်  အဲလ်ဟီလာ

ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး ကလပ်ကြီး ကတော့ ဆော်ဒီပရိုလိဂ် ကလပ်ကို သရေသာ ကစားနိုင်ခဲ့လို့ အဖွင့်မလှခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ပွဲချန် ၃၄ မိနစ်မှာ ဂွန်ဆာလို ဂါစီယာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဲလ်ဟီလာ ကလည်း ပွဲချိန် ၄၁ မိနစ်မှာ ရူဘင် နီးဗက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ရီးရဲလ်မက်ဒရစ်က အနိုင်ဂိုး ရနိုင်တဲ့ အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမယ့် ဗယ်လ်ဗာဒီရဲ့ ပင်နယ်တီကို ဘွန်နူက ကာကွယ်သွားခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး အဲလ်ဟီလာနဲ့ ရမှတ်တူ အုပ်စု H ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ 

 

ပါချူကာ  ဆဲလ်ဘာ့ဂ်

အုပ်စု H ရဲ့ နောက်ထပ် တစ်ပွဲ မှာတော့ ဆဲလ်ဘာ့ဂ်က မက္ကဆီကို  ကလပ် ပါချူကာကို ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ကလည်း အပြန်အလှန် ရှိခဲ့ပြီးတော့ အဆုံးသတ် ပိုသေချာတဲ့ ဆဲလ်ဘာ့ဂ်တို့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်ဘာ့ဂ် အတွက် ဦးဆောင်ဂိုးကို ဂလိုအက်ခ်က သွင်းယူပေးခဲ့ပြီး ပါချူကာ အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၅၆ မိနစ်မှာ ဂွန်ဇာလက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ဆဲလ်ဘာ့ဂ် အတွက် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၇၆ မိနစ်မှာ အိုနီဆီဝီုက သွင်းယူပေးခဲ့လို့ ဩစတြီးယား ကလပ်က နိုင်ပွဲ ရခဲ့ပြီး အုပ်စု H ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်