နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးကို ရှုံးနိမ့်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ရန်ပွဲ အကြောင်း ပြန်လည် ရှင်းပြခဲ့တဲ့ လူးဝစ္စ အန်နရီကေး | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အပြီး ဖြစ်ပျက်ခဲ့တဲ့ ရန်ပွဲ အခြေအနေ အပေါ် ပြန်လည် ရှင်းလင်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ရုပ်သံပြကွက်တွေအရ အန်နရီကေးဟာ ပြိုင်ဘက် ကစားသမားကို တိုက်ခိုက်ခဲ့တဲ့ ပုံစံမျိုး မြင်တွေ့ခဲ့ရပေမယ့် စပိန်သား နည်းပြက အဲဒီလိုမျိုး မဟုတ်ပဲ ဝင်ရောက် ဖျန်ဖြေခဲ့ခြင်းသာ ဖြစ်တယ်လို့ ဖြေရှင်းချက် ပေးခဲ့တာ ဖြစ်ပါတယ်။

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးက ပီအက်စ်ဂျီကို ၃-၀ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီဟာ ချဲလ်ဆီးရဲ့ ကစားကွက်နဲ့ နည်းဗျူဟာအောက်ကို ရောက်ရှိသွားခဲ့ပြီးတော့ ဘာဆိုဘာမှမတတ်နိုင်ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ အားပြိုင်မှုက ပိုမို ပြင်းထန်ခဲ့ပြီးတော့ ပွဲချိန် ၈၅ မိနစ်မှာ ချဲလ်ဆီး နောက်ခံလူ မာ့ခ် ကူကူရယ်လာရဲ့ ဆံပင်ကို အနောက် ကနေ ဆွဲခဲ့တာကြောင့် ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးချိန် မှာတော့ နှစ်ဖက် ကစားသမားတွေ အကြား အပြန်အလှန် တွန်းထိုးမှုတွေ ဖြစ်ပွားခဲ့ပြီး နည်းပြ လူးဝစ္စ အန်နရီကေးက ချဲလ်ဆီး တိုက်စစ်မှူး ယာအို ပက်ဒရိုရဲ့ မျက်နှာကို တွန်းထိုးခဲ့ကြောင်း သိသာထင်ရှားခဲ့ပါတယ်။

ဒါပေမယ့်လည်း အန်နရီကေး ကတော့ ပိုမိုဆိုးရွားတဲ့ ပြဿနာတွေ မဖြစ်ပွားအောင် ဝင်ရောက် ဖျန်ဖြေခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ဖိအား အရမ်းများနေတဲ့ ပွဲတစ်ပွဲရဲ့ အဆုံးမှာ ကျွန်တော့်ရဲ့ ခံစားချက်ကို ထုတ်ဖော် ပြသဖို့ ဘာပြဿနာမှ မရှိပါဘူး။ ဒါက ကျွန်တော်တို့ အားလုံး အတွက် အရမ်းကို စိတ်ဖိစီးစရာ ကောင်းပါတယ်။ ဒါကို ရှောင်လွှဲဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတိုင်း ပါဝင် ပတ်သက်ခဲ့ကြပါတယ်။ ဒါက အကောင်းဆုံး အရာတော့ မဟုတ်ခဲ့ပေမယ့် ပွဲရဲ့ဖိအားတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ပါပဲ။” လို့ အန်နရီကေးက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပုံစံဟောင်းနဲ့ ကျင်းပခဲ့စဉ်တုန်းက ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ထားပါသေးတယ်။
ဗိုလ်လုပွဲ အပြီး ရန်ပွဲ အကြောင်း ပြန်လည် ရှင်းပြလာတဲ့ လူးဝစ္စ အန်နရီကေး

ဆက်လက်ပြီး အန်နရီကေးက “ကျွန်တော် မာရက်စကာကို မြင်လိုက်တယ်။ သူက တခြားသူတွေကို တွန်းနေတာကို တွေ့တော့ ကျွန်တော် တို့က ကစားသမား အားလုံးကို ဝင်ခွဲခဲ့ရတယ်။ အဲ့ဒီ ဖိအားတွေ ဘယ်ကလာလဲ ဆိုတာတော့ ကျွန်တော် မသိဘူးဗျာ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ အားလုံး ရှောင်ရှားရမယ့် အခြေအနေ တစ်ခုပါ။ ပြောစရာတောင် မလိုပါဘူး။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကစားသမားတွေကို ဝင်ခွဲပြီး အခြေအနေတွေ ပိုမဆိုးလာအောင် တားဆီးဖို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ အန်နရီကေးက ချဲလ်ဆီးကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သတ်လို့တော့ သူတို့ဟာ ရှုံးနိမ့်သူတွေ မဟုတ်ကြောင်း ရှုံးနိမ့်သူ ဆိုတာ မရှိကြောင်း သူတို့ဟာ ဒုတိယရတဲ့သူတွေ ဖြစ်ကြောင်း ရှုးနိမ့်သူဆိုတာ လက်မြှောက် အရှုံးပေးလိုက်ရတဲ့သူတွေကို ခေါ်တာ ဖြစ်ကြောင်း။ ဒီလို အဆင့်မြင့် အားကစား လောကမှာ ရှုံးနိမ့်သူရယ်လို့ လုံးဝ မရှိကြောင်း တုန့်ပြန် ဖြေကြားသွားခဲ့ပါတယ်။

ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ချဲလ်ဆီး ကတော့ ဥရောပမှာ ဖလားအစုံကို သိမ်းပိုက်ရယူခဲ့သလို အခုတော့ ကမ္ဘာ့ချန်ပီယံလည်း ဖြစ်လာပါပြီ။ ချဲလ်ဆီးဟာ ပုံစံဟောင်းနဲ့ ကျင်းပခဲ့စဉ်တုန်းက ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ထားပါသေးတယ်။ ပြိုင်ပွဲ တစ်လျှောက် အသင်းတိုင်းကို အကောင်းဆုံး ပုံစံနဲ့ ကျော်ဖြတ်လာခဲ့ပြီးမှ ဗိုလ်လုပွဲ အရောက်မှာ ကိုယ့်ထက် နိမ့်ပါးတဲ့ အသင်း တစ်သင်းရဲ့ ဂိုးပြတ် အနိုင်ယူခြင်း ခံလိုက်တဲ့ ပီအက်စ်ဂျီ အတွက် ကတော့ စိတ်မကောင်းစရာ၊ နှမြောစရာ ဖြစ်ခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီကို ဖလား ၄ လုံး အောင်မြင်မှုနဲ့ သိမ်းချင်ခဲ့ပေမယ့် ကြိုတင် ပြင်ဆင်မှု အားကောင်းခဲ့တဲ့ ချဲလ်ဆီးကြောင့် အပြင် သူတို့ ကိုယ်တိုင်လည်း ယုံကြည်မှု လွန်ကဲလွန်းခဲ့တာကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်