နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ကလော့ပ်

ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို တိုးချဲ့ခဲ့တာဟာ ဘောလုံးလောကရဲ့ အဆိုးရွားဆုံး စိတ်ကူး စိတ်သန်း ဖြစ်ကြောင်း လစ်ဗာပူးလ်နဲ့ ဒေါ့မန် နည်းပြဟောင်း ယာဂန် ကလော့ပ်က ဝေဖန်လိုက်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အထိ ပြိုင်ပွဲဝင် ၇ သင်းနဲ့ ကျင်းပခဲ့ပြီးတော့ အခုနှစ်မှ ၃၂ သင်း ပါဝင်တဲ့ ပြိုင်ပွဲ အဖြစ် ပြောင်းလဲကာ တိုးချဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြိုင်ပွဲကာလဟာ တစ်လ နီးပါး ကြာမြင့်သွားပြီးတော့ ပြိုင်ပွဲဝင် အသင်းတွေက ကစားသမားတွေ အနေနဲ့ နွေရာသီမှာ အနားယူချိန် များစွာ လျော့ကျသွားခဲ့ပါတယ်။ ဖီဖာဟာ ယခင်က ပရိသတ် စိတ်ဝင်စားမှု လျော့ကျနေခဲ့တဲ့ ဒီပြိုင်ပွဲကို ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့သလို စုစုပေါင်း ဆုကြေးငွေ ကိုလည်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ (ပေါင်သန်း ၇၅၀) အထိ တိုးမြှင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံ ဖြစ်တဲ့ အသင်း ကလည်း အမေရိကန် ဒေါ်လာ ၁၂၅ သန်း (ပေါင် ၉၂ သန်း) အထိ ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ တိုက်ကြီးတွေက ထိပ်တန်း ကလပ်တွေ ပါဝင်နေသလို ၄ နှစ်မှ ၁ ကြိမ် ပြောင်းလဲ ကျင်းပခဲ့တာနဲ့ ဆုကြေးငွေ မြင့်မားစွာ ပေးမှုတွေ ကြောင့်လည်း ဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်က ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်လာဖို့လည်း ရှိနေတာပါ။

တစ်ဖက် မှာလည်း ဒီပြိုင်ပွဲ အပေါ် ဝေဖန်မှုတွေ ရှိနေသလို ယာဂင် ကလော့ပ်လို ဘောလုံးလောကရဲ့ နာမည်ကြီး နည်းပြဟောင်း တစ်ဦး ကလည်း သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ကလော့ပ်က “ဒါဟာ အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲ တစ်ခုပါ။ ဘယ်အသင်းပဲ ချန်ပီယံဖြစ်ဖြစ် အဆိုးရွားဆုံး ချန်ပီယံပဲ ဖြစ်လာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ နွေရာသီတစ်လျှောက်လုံး သူတို့ ယှဉ်ပြိုင်ကစားခဲ့ရပြီးတော့ လိဂ်ပြိုင်ပွဲတွေကို ဆက်တိုက် ဆင်နွှဲရမှာကြောင့်ပါပဲ။ ဘောလုံး စီးပွားရေးမှာ ဒီလိုမျိုး နေ့စဉ်ရက်ဆက် ပါဝင် ပတ်သက်ရတာမျိုး မရှိခဲ့ဖူးပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ အုပ်စု အဆင့်ကို လွန်မြောက်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲ ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ ကလပ် ကမ္ဘာ့ဖလား

ဒါ့အပြင် ယာဂန် ကလော့ပ်က အခုလိုမျိုး ပွဲတွေ အများကြီး ကစားနေရတာကြောင့် ကစားသမားတွေ အနေနဲ့ လာမယ့် ရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း သုံးသပ်ခဲ့ပါသေးတယ်။ လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ အုပ်စု အဆင့်ကို လွန်မြောက်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအဆင့် ကိုတော့ အင်တာမီလန်၊ ဖလူမီးနန့်စ်၊ မန်စီးတီး၊ အဲလ်ဟီလယ်၊ ပါးလ်မီးရက်စ်၊ ဘိုတာဖိုဂို၊ ဘင်ဖီကာ၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ အင်တာမိုင်ယာမီ၊ ဖလာမင်ဂို၊ ဘေယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ဒေါ့မန်နဲ့ မွန်တာရေးတို့ တက်ရောက်ထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရှုံးထွက်အဆင့် ပွဲစဉ် ၂ ပွဲ ကစားထားခဲ့ပြီးတော့ ပါးလ်မီးရက်စ်က ဘိုတာဖိုဂိုကို နာကျင် အချိန်ပိုမှာ ပေါ်လင်ဟိုရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့သလို ချဲလ်ဆီး ကလည်း ဘင်ဖီကာကို အချိန်ပို ရောက်မှ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပြီး ၁-၄ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့် ပါလ်မီးရက်စ်နဲ့ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ် အဆင့်မှာ တွေ့ဆုံနေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်