နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိခဲ့တဲ့ ဂျူဗင်တပ်စ်၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဒီကနေ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဂျူဗင်တပ်စ်၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ အဲလ်ဟီလာ ကတော့ နှစ်ပွဲဆက် သရေကျခဲ့ပြီး ရှုံးထွက်တက်ရေး ရုန်းကန်ရတော့မှာ ဖြစ်သလို ဝီဒတ်ဒ် ကာဆာဘလန်ကာ၊ အဲလ်အင်နဲ့ ပါချူကာ တို့ကတော့ ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။

 

ဂျူဗင်တပ်စ် ၄-၁ ဝီဒတ်ဒ်ကာဆာဘလန်ကာ

အဖွင့်ပွဲမှာ အဲလ်အင်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာလည်း တိုက်စစ် အစွမ်းကို ဆက်လက် ပြသနိုင်ခဲ့ပါတယ်။ အဲလ်အင်နဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာခဲ့ပြီးတော့ အချက်အလက်တွေ အရ ဝီဒတ်ဒ် ကာဆာဘလန်ကာကို အသာမရခဲ့ပေမယ့် အဆုံးသတ်ပိုင်း ကတော့ အားရစရာ ကောင်းခဲ့ပါတယ်။ ဝီဒတ်ဒ် ကာဆာဘလန်ကာဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂျူဗင်တပ်စ် ဘက်ကို ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၆ ကြိမ် အထိ ရှိခဲ့တာပါ။ တစ်ဖက်မှာ ဂျူဗင်တပ်စ်က ဂိုးပေါက် တည့်မှု ၃ ကြိမ် ကနေ ၃ ဂိုးရအောင် ယူနိုင်ခဲ့ပြီး တစ်ဂိုး ကတော့ ဝီဒတ်ဒ် ကာဆာဘလန်ကာ ပေးတဲ့ လက်ဆောင်ဂိုး ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ဂျူဗင်တပ်စ်က ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု G ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

 

မန်ချက်စတာစီးတီး ၆-၀ အဲလ်အင်

ဝီဒတ်ဒ် ကာဆာဘလန်ကာနဲ့ အဲလ်အင် တို့ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက် တက်သွားခဲ့ပြီ ဖြစ်တဲ့ မန်စီးတီး

အဖွင့်ပွဲ မော်ရိုကို ကလပ်နဲ့ အတွေ့မှာ အနည်းငယ် ခက်ခဲခဲ့ရတဲ့ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ယူအေအီး ကလပ် အဲလ်အင် ကိုတော့ ဂိုးဒါဇင်ဝက် သွင်းပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ မန်စီးတီး အတွက် သွင်းဂိုးတွေ ကိုတော့ ပထမပိုင်းမှာ ဂွန်ဒိုအန်၊ အီချီဗာရီနဲ့ ဟာလန်း (ပင်နယ်တီ) တို့က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း မန်စီးတီး ကပဲ ပွဲကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ပြီးတော့ ဂွန်ဒိုအန်၊ အော်စကာ ဘော့ဘ်၊ ရေယန် ချာကီ တို့က ၃ ဂိုး ထပ်သွင်းခဲ့လို့ ၆-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ကစားသမားသစ် ရေယန် ချာကီ ကတော့ ပွဲချိန် ၇၃ မိနစ်မှ လူစားဝင်ခဲ့ပေမယ့် ခြေစွမ်းပြခဲ့သလို မန်စီးတီး ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးလည်း ရရှိသွားခဲ့ပါတယ်။ ပွဲစဉ် ၂ အပြီးမှာ မန်စီးတီးက ဂျူဗင်တပ်စ်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူနဲ့ အုပ်စု G ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အုပ်စု G ရဲ့ အုပ်စု ဗိုလ် ဘယ်အသင်း ဖြစ်မလဲ ဆိုတာ ကတော့ မန်စီးတီးနဲ့ ဂျူဗင်တပ်စ်တို့ ကစားမယ့် ပွဲစဉ်က အဆုံးအဖြတ် ဖြစ်လာဖို့ ရှိပါတယ်။ ဝီဒတ်ဒ် ကာဆာဘလန်ကာနဲ့ အဲလ်အင် တို့ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ် ၃-၁ ပါချုကာ

ဒီပွဲ မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ရာအူးလ် အဆန်စီယိုရဲ့ အနီကတ်ကြောင့် ပွဲချိန် ၇ မိနစ်ထဲက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ထိရောက်စွာ ကစားနိုင်ခဲ့ပြီး ဂိုးပြတ်လည်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ဂိုးတွေ ကိုတော့ ဘယ်လင်ဟမ်၊ ဂူလာနဲ့ ဗယ်လ်ဗာဒီ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပါချူကာ အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ မွန်တီရဲလ်က သွင်းယူးပေးခဲ့တာ ဖြစ်ပါတယ်။ ပါချူကာဟာ တစ်ယောက် အသာနဲ့ ကစားခဲ့ရတာကြောင့် တစ်ပွဲလုံး အတိုင်းအတာနဲ့ ရီးရဲလ်မက်ဒရစ် ဘက်ကို ဂိုးပေါက် ကန်ချက် ၂၅ ကြိမ် အထိ ရှိခဲ့သလို ၁၁ ကြိမ် ဂိုးပေါက် တည့်ခဲ့ပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်က ရမှတ် ၄ မှတ်နဲ့ အုပ်စု H ကို ဦးဆောင်နိုင်ခဲ့ပြီး ပါချူကာ ကတော့ ၂ ပွဲ ကစား၊ ၂ပွဲ ရှုံးပြီး ပြိုင်ပွဲ ကနေ လက်ပြနှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဆဲလ်ဘာ့ဂ် ၀-၀ အဲလ်ဟီလာ

ရီးရဲလ်မက်ဒရစ်နဲ့ အဖွင့်ပွဲမှာ သရေကျခဲ့တဲ့ အဲလ်ဟီလာ ကတော့ ဩစတြီးယား ကလပ်ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် သရေ တစ်မှတ်နဲ့ပဲ ထပ်မံ ကျေနပ်ခဲ့ရပြန်ပါတယ်။ အဲလ်ဟီလာဟာ ဒီပွဲမှာ သေချာပေါက် ရလဒ်ကောင်း ရှာဖွေဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် အလက်ဇန္တား မီထရိုဗစ် မပါနိုင်ခဲ့တာကြောင့် တိုက်စစ်က သွင်းဂိုးတွေ ရရှိဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် အဲလ်ဟီလာဟာ အုပ်စု နောက်ဆုံး ပွဲမှာ ပါချူကာကို အနိုင်ကစားဖို့ လိုအပ်သွားခဲ့သလို ဆဲလ်ဘာ့ဂ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ တတ်နိုင်သမျှ အမှတ်ရအောင် ယူနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်