နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်တာမီလန်၊ မွန်တာရေး၊ ရေးဗားပလိတ်၊ အူရာဝါရက်ဒ်ဒိုင်းမွန်းတို့ ပါဝင်တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု E ကို သုံးသပ်ကြည့်ခြင်း

ရှေ့မှာ မနေ့က ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ၄ အုပ်စုကို မိတ်ဆက် ဖော်ပြပေးခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ လက်ကျန် ၄ အုပ်စုကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အုပ်စု E ကတော့ ဥရောပ နာမည်ကြီး ကလပ် အင်တာမီလန် တစ်သင်းတည်း ပါဝင်နေတယ် ဆိုပေမယ့် ကျန်ကလပ်တွေ ဖြစ်တဲ့ မက္ကဆီကို ထိပ်သီး မွန်တာရေး၊ အာဂျင်တီးနား နာမည်ကြီး ကလပ် ရေးဗားပလိတ်၊ ဂျပန် ကလပ် အူရာ ရက်ဒ်ဒိုင်းမွန်း တို့ကလည်း သူ့နယ်ပယ် မှာတော့ ဆရာကြီးတွေ ဖြစ်ပါတယ်။

 

အင်တာမီလန်

အင်တာမီလန်က ဒီနှစ် ချန်ပီယံလိဂ် မှာ ဗိုလ်လုပွဲ တက်ခဲ့ပြီး ၃ နှစ် အတွင်း နှစ်ကြိမ်တိုင်တိုင် ဗိုလ်လုပွဲ တက်ခဲ့တဲ့ ဥရောပရဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၅-၀ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ဒီပြိုင်ပွဲရဲ့ အရှိန်အဝါ ရှိတဲ့ အသင်း အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး စာရင်း အဆင့် ၄ နေရာမှာ ရှိနေတဲ့ အင်တာမီလန်က ချန်ပီယံလိဂ် ၃ ကြိမ် ရထားသလို နိုင်ငံတကာ ပြိုင်ပွဲတွေ ဖြစ်တဲ့ အင်တာကွန်တီနန်တယ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလား တို့မှာ ချန်ပီယံ တစ်ကြိမ်စီ ဖြစ်ထားပါတယ်။ လက်တလော မှာတော့ အသင်း နည်းပြ ဆီမြွန်နီ အင်ဇာဂီ တစ်ယောက် အဲလ်ဟီလာကို ပြောင်းရွှေ့သွားခဲ့လို့ ချီဗူးနဲ့ အစားထိုးထားရပြီး နည်းပြသစ်နဲ့ ဒီပြိုင်ပွဲမှာ ဘယ်အဆင့်ထိ ရောက်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဒီအုပ်စုမှာ အင်တာမီလန်တို့ အသင်း အားလုံးကို သတိထားရမှာ ဖြစ်ပြီး အူရာ ရက်ဒ်ဒိုင်းမွန်းနဲ့ ပွဲလောက်ပဲ အနည်းငယ် ချောင်နိုင်ဖွယ် ရှိပါတယ်။

အင်တာမီလန် – မွန်တာရေး (ဇွန် ၁၈)

အင်တာမီလန် – အူရာဝါရက်ဒ်ဒိုင်းမွန်း (ဇွန် ၂၂)

အင်တာမီလန် – ရေးဗားပလိတ် (ဇွန် ၂၆)

 

မွန်တာရေး

မက္ကဆီကို ထိပ်သီး မွန်တာရေး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၅ ကြိမ် အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ၂၀၁၂နဲ့ ၂၀၁၉ တို့မှာ တတိယရခဲ့ဖူးပါတယ်။ မက္ကဆီကိုရဲ့ ထိပ်သီး ကလပ် တစ်ခု ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း စပိန် ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကို ပြန်လည် မြင်တွေ့ရဖို့ ရှိပါတယ်။ ထိပ်သီး အသင်းတွေ ပါဝင်တဲ့ ဒီအုပ်စုမှာ မွန်တာရေးတို့ နောက်တစ်ဆင့် တက်ဖို့ ခက်ခဲနိုင်ပေမယ့် လုံးဝ ဖြစ်နိုင်ခြေ မရှိနေတာတော့ မဟုတ်ပါဘူး။ ရာမို့စ်တို့ တသိုက် မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

မွန်တာရေး – အင်တာမီလန် (ဇွန် ၁၈)

မွန်တာရေး – ရေးဗားပလိတ် (ဇွန် ၂၂)

မွန်တာရေး – အူရာဝါရက်ဒ်ဒိုင်းမွန်း (ဇွန် ၂၆)

 

ရေးဗားပလိတ်

ဒါပေမယ့် ရေးဗားပလိတ်က ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ၂၀၁၅ ဂျပန်မှာ ဒုတိယပဲ ရဖူးပါတယ်။
ကိုပါလစ်ဘာတာဒိုရက်စ်မှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတဲ့ ရေးဗားပလိတ်

ရေးဗားပလိတ် ကိုတော့ ဘောလုံး ပရိသတ်တိုင်း မသိတဲ့သူ မရှိလောက်ပါဘူး။ အာဂျင်တီးနားရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်သလို ဘိုကာဂျူနီယာ လိုပဲ တောင်အမေရိကရဲ့ ဒိတ်ဒိတ်ကြဲ ကလပ် ဖြစ်ပါတယ်။ လီဂါ ပရော်ဖက်ရှင်နယ်မှာ ၄၂ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားသလို ကိုပါလစ်ဘာတာဒိုရက်စ် ချန်ပီယံ ၄ ကြိမ်နဲ့ တခြားသော ပြည်တွင်း ပြည်ပ ပြိုင်ပွဲတွေမှာ အကြိမ်ကြိမ် ဗိုလ်စွဲထားတဲ့ အသင်း ဖြစ်ပါတယ်။ ဥရောပမှာ လာရောက် ကစားနေတဲ့ တောင်အမေရိက ပရော်ဖက်ရှင်နယ် ကစားသမား တော်တော်များများကို မွေးထုတ်ပေးတဲ့ ကလပ် ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ရေးဗားပလိတ်က ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ၂၀၁၅ ဂျပန်မှာ ဒုတိယပဲ ရဖူးပါတယ်။ ဒီအုပ်စုမှာ အင်တာမီလန် ပြီးရင် အင်အား အတောင့်ဆုံး ဖြစ်ပြီး ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ များပါတယ်။

ရေးဗားပလိတ် – အူရာဝါရက်ဒ်ဒိုင်းမွန်း (ဇွန် ၁၈)

ရေးဗားပလိတ် – မွန်တာရေး (ဇွန် ၂၂)

ရေးဗားပလိတ် – အင်တာမီလန် (ဇွန် ၂၆)

 

အူရာဝါရက်ဒ်ဒိုင်းမွန်း

ဂျပန် ဂျေလိဂ် ကလပ် အူရာဝါရက်ဒ်ဒိုင်းမွန်း ကတော့ AFC ချန်ပီယံလိဂ်မှာ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားပြီး အာရှ ထိပ်သီး ကလပ် တစ်ခု ဖြစ်ပါတယ်။ ဒီအုပ်စုမှာ အားအနည်းဆုံး ကလပ် ဖြစ်ပြီး ဂျပန် တို့ရဲ့ ထုံးစံအတိုင်း စိတ်ဓာတ်ပိုင်းကို အားပြု ကစားတတ်တို့ မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ 

အူရာဝါရက်ဒ်ဒိုင်းမွန်း – ရေးဗားပလိတ် (ဇွန် ၁၈)

အူရာဝါရက်ဒ်ဒိုင်းမွန်း – အင်တာမီလန် (ဇွန် ၂၂)

အူရာဝါရက်ဒ်ဒိုင်းမွန်း – မွန်တာရေး (ဇွန် ၂၆)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်