မနေ့ညက ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ရဲ့ မနက်အစောပိုင်း မှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၃ ပွဲ ဆက်လက် ယှဉ်ပြိုင် ကစားသွားခဲ့ပါတယ်။ ဒီပွဲတွေမှာ အင်တာမိုင်ယာမီနဲ့ အက်တလက်တီကိုမက်ဒရစ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပေမယ့် ပီအက်စ်ဂျီ ကတော့ မထင်မှတ်ပဲ ရှုံးပွဲတွေ့သွားခဲ့ပါတယ်။
အင်တာမိုင်ယာမီ ၂–၁ ပေါ်တို
အဖွင့်ပွဲမှာ သရေကျထားတဲ့ နှစ်သင်းစလုံး အတွက် ဒီပွဲက နောက်တစ်ဆင့် တက်ရေး အရေးကြီးခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး ပြီးခဲ့တဲ့ ပွဲတွေက အားနည်းချက်တွေ ပြင်ဆင်လာပြီး ဒီပွဲကို အားစိုက်ခဲ့တာ တွေ့ရပါတယ်။ အင်တာမိုင်ယာမီဟာ ဒီပွဲမှာ တစ်ပွဲလုံးမှ ဂိုးပေါက် ကန်ချက် ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီးတော့ ဂိုးပေါက် တည့်မှု ကတော့ ၅ ကြိမ် အထိ ရှိခဲ့ပါတယ်။ ပေါ်တိုရဲ့ ၈ မိနစ်မှာ သွင်းယူခဲ့တဲ့ ပင်နယ်တီ ဦးဆောင်ဂိုးကြောင့် အင်တာမိုင်ယာမီတို့ နောက်ကနေ လိုက်ကစားခဲ့ပေမယ့် နှစ်ဂိုး ပြန်သွင်းပြီး နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီ အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၄၇ မိနစ်မှာ ဆီဂိုဗီယာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး အနိုင်ဂိုး ကိုတော့ မက်ဆီက ဖရီးကစ် ကနေ တဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ်တို ဘက်က အက်ဂ်ဟီဟိုဝါ ခြေစွမ်းပြခဲ့သလို အင်တာမိုင်ယာမီ ကိုတော့ ထုံးစံအတိုင်း မက်ဆီပဲ ဆွဲတင်ခဲ့ရတာပါ။ မက်ဆီ ကတော့ ဘာကြောင့် GOAT ဖြစ်နေသလဲ ဆိုတာ နောက်ထပ် တစ်ကြိမ် သက်သေပြနိုင်ခဲ့ပြီး အင်တာမိုင်ယာမီ အတွက်လည်း ဒီပွဲရလဒ်က နောက်တစ်ဆင့် တက်ရေး အပြည့်အဝ မျှော်လင့်သွားစေနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အင်တာမိုင်ယာမီက ပါလ်မီးရက်စ်နဲ့ ရမှတ်တူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု A ရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဆီယက်တဲလ်ဆောင်းဒါးစ် ၁–၃ အက်တလက်တီကိုမက်ဒရစ်
အဖွင့်ပွဲမှာ ပီအက်စ်ဂျီကို ဂိုးပြတ် ရှုံးထားတဲ့ အက်တလက်တီကိုမက်ဒရစ်တို့ ဒီပွဲမှာ အားနည်းတဲ့ ပြိုင်ဘက်ဆီက ၃ မှတ် အပြည့်ယူဖို့ အားစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက ဂိုးပြတ် အနိုင်ရခဲ့သည့်တိုင်အောင် အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဆီယက်တဲလ်ဆောင်းဒါးစ်ဟာ တီကို,ကို မထင်မှတ်ထားတဲ့ ပုံစံနဲ့ တုန့်ပြန်နိုင်ခဲ့ပေမယ့် တကယ်တမ်း တေ့တ့ဆိုင်ဆိုင် ကစားချိန် မှာတော့ အင်အားခြင်း မမျှခဲ့ပါဘူး။ အက်တလက်တီကိုမက်ဒရစ် အတွက် ဂိုးတွေ ကိုတော့ ဘာရီယို့စ်က ၁၁ မိနစ်နဲ့ ၅၅ မိနစ်၊ ဝစ်ဆဲလ်က ၄၇ မိနစ် တို့မှာ သွင်းယူပေးခဲ့ပြီးတော့ ဆီယက်တဲလ်ဆောင်းဒါးစ် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပွဲချိန် မိနစ် ၅၀ မှာ ရူစ်နက်ခ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် မေဂျာလိဂ် ကလပ်ဟာ အုပ်စု B ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိသွားပြီးတော့ အက်တလက်တီကိုမက်ဒရစ် ကတော့ ရမှတ် ၃ မှတ်နဲ့ အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီ ၀–၁ ဘိုတာဖိုဂို

ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီ ကတော့ ရှုံးပွဲ စတွေ့ခဲ့ပါပြီ။ ပီအက်စ်ဂျီဟာ အဖွင့်ပွဲမှာ လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ်ကို ရှယ်ဆုံးမခဲ့ပေမယ့် ဘရာဇီးလ် ကလပ် ဘိုတာဖိုဂိုနဲ့ အတွေ့ မှာတော့ ရှုံးပွဲတွေ့သွားခဲ့ပါတယ်။ တကယ်တော့ ဒီပွဲမှာ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက လူစုံထုတ်ခဲ့ပေမယ့် ဘိုတာဖိုဂိုရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ နောက်ပြီး ဘိုတာဖိုဂိုဟာ ဒီပွဲမှာ ပီအက်စ်ဂျီ ဘက်ကို ဂိုးပေါက် ကန်ချက် စုစုပေါင်းမှ ၄ ကြိမ်သာ ရှိခဲ့ပြီး အနိုင်ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုတာဖိုဂို အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ အီဂေါ ဂျေဇုစ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဆာဗာရီနိုရဲ့ ပေးပို့မှု ကနေ တစ်ဦးတည်း ဆွဲပြေးပြီး ကန်သွင်းခဲ့ရာမှာ ပါချိုနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ပွဲအတွက် အကောင်းဆုံး ကစားသမားဆု ကိုတော့ ပီအက်စ်ဂျီရဲ့ အပိုင် ကန်ချက် ၂ ကြိမ်ကို အကောင်းဆုံး ကာကွယ်ပြသွားခဲ့တဲ့ ဂိုးသမား ဂျွန်ဗစ်တာ ရရှိသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ပီအက်စ်ဂျီက အုပ်စုဗိုလ်နေရာကို ဘိုတာဖိုဂိုဆီ လွှဲပြောင်းပေးခဲ့ရပြီး အဆင့် ၂ နေရာကို ဆင်းခဲ့ရပါတယ်။ ဒါ့အပြင် ဘိုတာဖိုဂိုဟာ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့ ပထမဦးဆုံး တောင်အမေရိက ကလပ်လည်း ဖြစ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.