နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဟီလာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတဲ့ ဖလူမီးနန့်စ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဦးဆုံး ပွဲစဉ် မှာတော့ ဖလူမီးနန့်စ်က အဲလ်ဟီလာကို ၂-၁ ရလဒ်နဲ့ အနိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဒီနှစ်သင်းက ခြေစွမ်းပိုင်း ကွာဟမှု သိပ်မရှိခဲ့တာကြောင့် ကြည့်ကောင်းတဲ့ ပွဲဖြစ်ခဲ့ပြီး အဆုံးသတ် ပိုပြီးကောင်းခဲ့တဲ့ ဘရာဇီးလ် ကလပ်က ထိုက်တန်တဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ၃-၅-၂ အခင်းအကျင်းတွေ ကိုပဲ အသုံးပြုသွားခဲ့ပြီးတော့ ဖလူမီးနန့်စ် ဘက်မှာတော့ ဖေဘီယို၊ အစ်ဂ်နာစီဘို၊ ဆေးလ်ဗား၊ ဖရေးတက်စ်၊ ဇေးဗီးယား၊ မာတင်နယ်လီ၊ ဘာနဲလ်၊ ဖျူရန်းတက်စ်၊ နိုနာတို၊ အေရီးယာ့စ်နဲ့ ကာနို တို့ ပွဲထွက်လာခဲ့ပါတယ်။ အဲလ်ဟီလာ ကလည်း ဘိုနို၊ နီးဗက်စ်၊ လိုဒီ၊ ကူလီဘလီ၊ ကန်နို၊ အဲလ်ဟာဘီ၊ အဲလ်ဒေါ်ဆာရီ၊ မီလန်ကိုဗစ် ဆာဗစ်၊ ကန်ဆယ်လို၊ မဲလ်ကွန်နဲ့ လီယိုနာဒို တို့နဲ့ အတောင့်တင်းဆုံး ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲမစခင် စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ဂျိုတာရဲ့ ပေါ်တူဂီ အသင်းဖော် ရူဘင် နီးဗက်စ်နဲ့ ယာအို ကန်ဆယ်လိုတို့ ငိုကြွေးခဲ့ကြပြီး ဒါကို မြင်တွေ့ရသူတွေဟာလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

ပွဲကတော့ သူတလှည့် ကိုယ်တလှည့်နဲ့ အပြန်အလှန် ရှိခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီး ၅ မိနစ် အလိုမှာတော့ ဖလူမီးနန့်စ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ယာအို ကန်ဆယ်လိုရဲ့ ရှင်းထုတ်ပုံ မသေသပ်မှု ကနေ ဖျူရန်းတက်စ်က ရရှိသွားပြီး ပြန်ခင်းပေးတာကို မာတင်နယ်လီက လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖလူမီးနန့်စ် အတွက် ပထမဦးဆုံး အကြိမ် ဂိုးပေါက် တည့်မှု ကနေ သွင်းဂိုး ရသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဖရီးကစ် ကနေ တဆင့် ကူလီဘလီက ခေါင်းတိုက်ကာ ချေပဂိုး ရယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမား ဖေဘီယိုရဲ့ ကာကွယ်မှုတွေကြာင့် အဲလ်ဟီလာတို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် နာကျင်အချိန်ပို ပြီးဆုံးခါနီးမှာ အဲလ်ဟီလာတို့ ပင်နယ်တီ ရဖို့ နီးစပ်ခဲ့သေးပေမယ့် VAR ကြောင့် ပယ်ဖျက်ခံခဲ့ရပြန်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဒုတိယရရှိခဲ့ဖူးတဲ့ အဲလ်ဟီလာ အတွက်တော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ခရီး ကတော့ ဒီမှာတင် ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။
ဖေဘီယိုရဲ့ ကာကွယ်မှုတွေနဲ့ အဲလ်ဟီလာကို ကျော်ဖြတ်ခဲ့တဲ့ ဖလူမီးနန့်စ်

ဒုတိယပိုင်းမှာ အဲလ်ဟီလာတို့ အကောင်းဆုံး ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ကြပြီး ပွဲချိန် ၅၁ မိနစ်မှာပဲ သူတို့ လိုအပ်နေတဲ့ ချေပဂိုး ရသွားခဲ့ပါတယ်။ ရူဘင် နီးဗက်စ်ရဲ့ ထောင့်ကန်ဘောကနေ ကူလီဘလီ ခေါင်းတိုက်ချပေးတာကို မားကို့စ် လီယိုနာဒိုက အမိအရ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်လျှောက် လီယိုနာဒို အတွက် ၄ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ချေပဂိုး ပေးလိုက်ရပြီးနောက် ဖလူမီးနန့်စ်တို့ ကစားအား တင်လာခဲ့ပေမယ့် အဲလ်ဟီလာ ကလည်း အနိုင်ဂိုး ရရှိရေး အားစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမှန်တကယ် ဂိုးရသွားခဲ့တာက ဖလူမီးနန့်စ် ဖြစ်ပြီး ပွဲချိန် မိနစ် ၇၀ မှာ အင်တာမီလန်နဲ့ ပွဲမှာ အနိုင်သေချာစေမယ့် ဂိုးသွင်းယူခဲ့တဲ့ ဟာကျူလီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကို ပြန်ကြည့်မယ် ဆိုရင်တော့ အဲလ်ဟီလာရဲ့ ခံစစ် ကစားပုံ ညံ့ခဲ့တာ မြင်သာခဲ့ပြီး ဟာကျူလီကို တားဆီးဖို့ ကစားသမား ၇ ဦးအထိ ရှိနေပေမယ့် သူတို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ လက်ကျန် မိနစ်တွေမှာ အဲလ်ဟီလာတို့ ချေပဂိုး ရရှိဖို့ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပေမယ့် ဖလူမီးနန့်စ် ခံစစ်နဲ့ ဂိုးသမား ဖေဘီယို တို့ကို မကျော်ခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဖလူမီးနန့်စ်ဟာ ၂၀၂၃ ခုနှစ် နောက်ပိုင်း ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ထပ်မံ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် မှာတော့ ဖလူမီးနန့်စ်က ဘရာဇီးလ် ကလပ် ပါလ်မီးရက်စ်ကို ဖြုတ်ချလာခဲ့တဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဒုတိယရရှိခဲ့ဖူးတဲ့ အဲလ်ဟီလာ အတွက်တော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ခရီး ကတော့ ဒီမှာတင် ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။ မန်စီးတီးလို ထိပ်တန်း အသင်းကြီး တစ်သင်းကို ဖြုတ်ချလာခဲ့တဲ့ ဆီမြွန်နီ အင်ဇာဂီနဲ့ အဲလ်ဟီလာ အတွက်တော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်