နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်စာကောင်းကောင်းလုပ်လာပြီး ပီအက်စ်ဂျီကို အနိုင်ယူကာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ချဲလ်ဆီး

အမေရိကန်နိုင်ငံ နယူးဂျာစီက MetLife ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာတော့ ချဲလ်ဆီးက ပီအက်စ်ဂျီကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အများစုသော ကြိုတင်ခန့်မှန်းမှုတွေကို ပြောင်းပြန်လန်သွားစေတဲ့ ရလဒ် ဖြစ်ခဲ့ပြီးတော့ ချဲလ်ဆီး အနေနဲ့ ပထမဦးဆုံး အကြိမ် ပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး အကောင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ချဲလ်ဆီး ကတော့ အခင်းအကျင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်လာခဲ့ပါတယ်။ ကွင်းလယ်မှာ ရိစ်ဂျိမ်းစ်၊ ကိုင်စီဒိုနဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့ကို ထားပြီး ပါးလ်မား ကိုတောင် တောင်ပံ ထွက်ကစားစေခဲ့ပါတယ်။ အထောင် တိုက်စစ် မှာတော့ ဆီမီးဖိုင်နယ်တုန်းက နှစ်ဂိုး သွင်းခဲ့တဲ့ ယာအို ပက်ဒရို ကိုပဲ ပွဲထုတ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ကတော့ ဒမ်ဘီလီကို ပထမလူစာရင်းမှာ ပွဲထုတ်လာခဲ့တာက လွဲရင် ပြီးခဲ့တဲ့ ပွဲက အတိုင်းပဲ မြင်တွေ့ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးက အိမ်စာကောင်းကောင်း လုပ်လာပြီးတော့ ရှေ့ပွဲတွေမှာ အသင်းကြီးတွေကို ဂိုးပြတ်တွေချည်း တီးလာပါတယ် ဆိုတဲ့ ပီအက်စ်ဂျီကို လှုပ်မရအောင် ကစားသွားခဲ့တာက ချီးကျူးစရာပါ။ ကိုးလ် ပါးလ်မားရဲ့ ပထမပိုင်း သွင်းဂိုး နှစ်ဂိုး၊ ယာအို ပက်ဒရိုရဲ့ သွင်းဂိုး ၁ နဲ့ အတူ ချဲလ်ဆီးဟာ ပထမပိုင်း မှာကတည်းက ပွဲကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီး စောစောစီးစီး ၃ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တဲ့ ပီအက်စ်ဂျီ ကတော့ ပြန်လာဖို့ မလွယ်ကူခဲ့ပါဘူး။ ပါးလ်မားရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ တစ်ပုံစံတည်း ဖြစ်ခဲ့ပြီးတော့ ဒါကို မတားဆီးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ နောက်တန်းနဲ့ ဂိုးသမား ဒွန်နာရမ်းမား တို့ရဲ့ ပွဲအပေါ် အာရုံစိုက်မှု ကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပထမပိုင်းမှာ ချဲလ်ဆီး ဘက်ကို ဂိုးပေါက်တည့် ကန်ချက် ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ဂိုးပေါက် ကန်ချက် ၆ ကြိမ်မှာ ဂိုးပေါက် ၃ ကြိမ်တည့်ပြီး အနိုင်ဂိုး ၃ ဂိုးစလုံး ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပုံစံဟောင်းနဲ့ ကျင်းပခဲ့စဉ်တုန်းက ချန်ပီယံ တစ်ကြိမ် ဖြစ်ထားတာကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကလပ် ကမ္ဘာ့ဖလားရဲ့ ပြိုင်ပွဲ ပုံစံ နှစ်မျိုးစလုံးမှာ ချန်ပီယံ ဖြစ်ဖူးသွားခဲ့တဲ့ ချဲလ်ဆီး

ဒီနေ့ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ အသက် ၂၃ နှစ် နဲ့ ၆၈ ရက် အရွယ် ကိုးလ် ပါးလ်မားဟာ ၂၀၂၂ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပါလ်မီးရက်စ်ကို ဂိုးသွင်းခဲ့တဲ့ ကိုင်ဟာဗတ်ဇ် (အသက် ၂၂ နှစ်နဲ့ ၂၄၆ ရက်) ပြီးရင် ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ချဲလ်ဆီး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တစ်ဂိုး ထပ်သွင်းခဲ့တဲ့ ပါးလ်မား အနေနဲ့ ဒီရာစုနှစ် အတွင်း ဗိုလ်လုပွဲ တစ်ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ချဲလ်ဆီး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ကိုးလ် ပါးလ်မား မတိုင်ခင် ဗိုလ်လုပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့သူတွေ ကတော့ ဒီဒီယာ ဒရော့ဘာနဲ့ အီဒင် ဟာဇက် တို့ပဲ ဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲ ကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရန့် ကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့ပြီးတော့ ပွဲစခင်မှာ ပီအက်စ်ဂျီက ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပြီး ချဲလ်ဆီး ကတော့ Underdog အသင်း အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ တို့ဟာ အသင်းကြီးတွေ ကိုပဲ ပြတ်သားတဲ့ ရလဒ်တွေနဲ့ ကျော်ဖြတ်လာခဲ့တာကြောင့် ဒီပွဲမှာလည်း ချဲလ်ဆီးကို အပြတ်အသတ် အသာနဲ့ အနိုင်ရပြီး ဗိုလ်စွဲမယ်လို့ တွက်ဆထားခဲ့ကြတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကစားချိန်မှာတော့ အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီးက သူတို့ ကြိုတင် ပြင်ဆင်လာတဲ့ အတိုင်း သိပ်ကောင်းနေပါတယ် ဆိုတဲ့ ပီအက်စ်ဂျီတို့ ဘာဆိုဘာမှ မတတ်နိုင်အောင် လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအတွင်း နှစ်ဖက် အသင်းကြား အခြေအနေ တင်းမာမှုတွေ ရှိခဲ့ပြီးတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ် ကတော့ ကူကာရယ်လာကို နောက်ကနေ ဆံပင် စောင့်ဆွဲခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ချဲလ်ဆီး ကတော့ ဥရောပမှာ ဖလားအစုံကို သိမ်းပိုက်ရယူခဲ့သလို ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ အတူ ကမ္ဘာ့ချန်ပီယံလည်း ဖြစ်လာပါပြီ။ ချဲလ်ဆီးဟာ ပုံစံဟောင်းနဲ့ ကျင်းပခဲ့စဉ်တုန်းက ချန်ပီယံ တစ်ကြိမ် ဖြစ်ထားတာကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲ တစ်လျှောက် အသင်းတိုင်းကို အကောင်းဆုံး ပုံစံနဲ့ ကျော်ဖြတ်လာခဲ့ပြီးမှ ဗိုလ်လုပွဲ အရောက်မှာ ကိုယ့်ထက် နိမ့်ပါးတဲ့ အသင်း တစ်သင်းရဲ့ ဂိုးပြတ် အနိုင်ယူခြင်း ခံလိုက်တဲ့ ပီအက်စ်ဂျီ အတွက် ကတော့ စိတ်မကောင်းစရာ၊ နှမြောစရာ ဖြစ်ခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီကို ဖလား ၄ လုံး အောင်မြင်မှုနဲ့ သိမ်းချင်ခဲ့ပေမယ့် ကြိုတင် ပြင်ဆင်မှု အားကောင်းခဲ့တဲ့ ချဲလ်ဆီးကြောင့် အပြင် သူတို့ ကိုယ်တိုင်လည်း ယုံကြည်မှု လွန်ကဲလွန်းခဲ့တာကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ပဲ ထင်မြင်မိပါတယ်။ ဘာပဲပြောပြော ပွဲကို ပါးနပ်စွာ ချဉ်းကပ်နိုင်ခဲ့တဲ့ အန်ဇို မာရက်စ်ကာနဲ့ ပြိုင်ပွဲ အတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြသွားခဲ့တဲ့ ကိုးလ် ပါးလ်မား အပါအဝင် ချဲလ်ဆီး တစ်သင်းလုံး ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။

အခုတော့ ဆုဖလား အစုံ မြင်ဖူးချင်ရင် လန်ဒန်က စတန်းဖို့ဒ်ဘရစ်ချ်ကိုသာ သွားပါဆိုပြီးတော့ ချဲလ်ဆီး ပရိသတ်တွေ ဂုဏ်ယူနိုင်ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်