ရီးရဲလ်မက်ဒရစ် – ဒေါ့မန်
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ရီးရဲလ်မက်ဒရစ်က ဒေါ့မန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အဓိက ပြိုင်ပွဲကြီးတွေမှာ မကြာခဏဆိုသလို တွေ့ဆုံနေကြ အသင်းတွေ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တို့ အစဉ်အလာကောင်း တစ်ခုကို ဆက်ထိန်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၄ ပွဲ ကစားပြီးချိန်အထိ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပြီး ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ အဲလ်ဟီလာနဲ့ ပွဲမှာ သရေကျခဲ့တာက လွဲရင် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး ၃ ပွဲ ခြေစွမ်းက မဆိုးလှပါဘူး။ ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် ရီးရဲလ်မက်ဒရစ်က ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့် ခြေစွမ်းပိုင်း ကတော့ အပြတ်အသတ်သာခဲ့ပါတယ်။ ဇာဘီ အလွန်ဆို လက်ထက်မှာ ရီးရဲလ်မက်ဒရစ်ကို ၃ ယောက်တန်း ခံစစ်နဲ့ ပြောင်းလဲ ကစားနေပြီး အလုပ် ဖြစ်နေတာလည်း တွေ့ရပါတယ်။ နောက်ပြီး တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး မပါနိုင်ချိန်မှာ လူငယ် တိုက်စစ်မှူးလေး ဂွန်ဇာလို ဂါစီယာ ခြေစွမ်းပြ ဂိုးတွေ သွင်းနေတာ ကလည်း ရီးရဲလ်မက်ဒရစ်တို့ တိုက်စစ် အားနည်းချက်ကို ဖြေရှင်းပြီးသား ဖြစ်နေစေပါတယ်။
နီကို ကိုဗက်ရဲ့ ဒေါ့မန် ကတော့ အကောင်းဆုံး ပုံစံ မရသေးပေမယ့် လိုအပ်နေတဲ့ နိုင်ပွဲတွေ ရယူကာ ဒီအဆင့် အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ဒေါ့မန်က ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံရခြင်း မရှိသေးပါဘူး။ ဒေါ့မန်ဟာ တိုက်စစ် ကစားပုံ မဆိုးပေမယ့် တချို့ပွဲတွေမှာ ခံစစ်က မထင်ရင် မထင်သလို ဂိုးတွေ ပြန်ပေးနေတာ ကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဒေါ့မန် အတွက် ရန်သူဟောင်းကြီး ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေတာ ဖြစ်လို့ လွယ်ကူမှာ မဟုတ်သလို လက်ရှိ ခြေစွမ်းပိုင်း အရလည်း ကွာဟမှု ကြီးမားလွန်းနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို ရီးရဲလ်မက်ဒရစ် ဘက်မှာ ဒေးဗစ် အလာဘာ၊ ကာမာဗင်ဂါ၊ အန်းဒရစ်ခ်နဲ့ မန်ဒီတို့ လွဲချော်ဖို့ ရှိနေပါတယ်။ ဒေါ့မန် ဘက်မှာလည်း ချန်၊ ဂစ်တန်စ်၊ ရှလော့တ်တာဘက်ခ်နဲ့ အော့ဇ်ကန် တို့လို အဓိက ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ရီးရဲလ်မက်ဒရစ် – ကော့တွာစ်၊ ရူဒီဂါ၊ ချူအာမန်နီ၊ ဟောက်ဆန်၊ ထရန့်၊ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ ဂူလာ၊ ဂါစီယာ၊ အမ်ဘာပေး၊ ဗင်နီးစီးယပ်စ်
ဒေါ့မန် – ကိုဘယ်၊ ဇူလာ၊ အန်တွန်၊ ဘန်ဆီဘိုင်နီ၊ ရွိုင်ယာဆန်၊ အန်မီချာ၊ ဂရော့စ်၊ ဆဗန်ဆန်၊ ဆဘစ်ဇာ၊ အဒီယီမီ၊ ဂူရက်ဆီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်က ၆ ကြိမ်နိုင်၊ ဒေါ့မန်က ၃ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၆ ကြိမ် ဆက်တိုက် မရှုံးထားပဲ နောက်ဆုံး ၄ ကြိမ်ဆက်လည်း အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားသလို ဒေါ့မန် ကလည်း ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOP ရဲ့ 1X2 မှာတော့ ရီးရဲလ်မက်ဒရစ် အနိုင် အတွက် ၁.၆၀ ဆ၊ ဒေါ့မန် အနိုင် အတွက် ၄.၉၉ ဆနဲ့ သရေ အတွက် ၃.၉၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ရီးရဲလ်မက်ဒရစ် ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ၂ လုံးသွင်းမှ အပြည့်နိုင်မယ့် ကြေးပါ။ ဂိုးပေါင်း ကလည်း ၃ လုံးက စဖွင့်လို့ ဘွတ်ကီတွေ အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂိုးပေါ်ကို မျှော်လင့်ထားတယ် ထင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ဒီနှစ်သင်းရဲ့ ခြေစွမ်းနဲ့ စုဖွဲ့မှုက သိသိသာသာ ကွာဟချက် ရှိပါတယ်။ နောက်ပြီး ဒေါ့မန်မှာ အဓိက ကစားသမား ၃ ဦးလောက် ပါဝင်နိုင်မှာ မဟုတ်လို့ စိတ်အချရဆုံး ဖြစ်မယ့် 1X2 ရီးရဲလ်မက်ဒရစ် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ရီးရဲလ်မက်ဒရစ် ၂-၁ ဒေါ့မန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.