နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒေါ့မန်၊ ဖလူမီးနန့်စ်၊ အူလ်ဆန် ဟွန်ဒိုင်း၊ မာမယ်လိုဒီဆန်းဒေါင်းစ် တို့ ပါဝင်တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု F ကို သုံးသပ်ကြည့်ခြင်း

ဖီဖာ ကလပ်ကမ္ဘာ့ဖလား အုပ်စု F မှာတော့ ဥရောပ ထိပ်သီး ဘိုရုရှား ဒေါ့မန်၊ နောက်ထပ် ဘရာဇီးလ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ ဖလူမီးနန့်စ်၊ တောင်အာဖရိက ကလပ် မာမယ်လိုဒီဆန်းဒေါင်းစ် အက်ဖ်စီနဲ့ တောင်ကိုရီးယား နာမည်ကြီး ကလပ် အူလ်ဆန် ဟွန်ဒိုင်း အက်ဖ်စီတို့ ပါဝင်နေပါတယ်။ ဒေါ့မန် အတွက် ကတော့ အုပ်စုချောင်နေတယ်လို့ ပြောလို့ ရပြီး ဖလူမီးနန့်စ် လောက်ပဲ နည်းနည်း ခက်ခဲဖို့ ရှိမှာပါ။ သေချာတာ ကတော့ အာလုံး ကြိုတင် တွက်ဆထားတဲ့ အတိုင်း ဒီအုပ်စု ကနေတော့ ဒေါ့မန်နဲ့ ဖလူမီးနန့်စ်ပဲ နောက်တစ်ဆင့် တက်ရောက်ဖို့ များပါတယ်။

 

ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဒေါ့မန် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ကစားမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်နဲ့ အတူ ဒီပြိုင်ပွဲကို ကစားခွင့်ရခဲ့တဲ့ ဒေါ့မန်က ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားမှု အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ ဒေါ့မန်က နည်းပြ နီကို ကိုဗက် လက်အောက်မှာ တဖြည်းဖြည်း ပုံစံကောင်း ရလာခဲ့ပြီးတော့ ရာသီမကုန်ခင်မှာလည်း နိုင်ပွဲတွေ ဆက်ထားပါတယ်။ လက်တလော မှာတော့ ဒေါ့မန်က ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူ ဂျူပ်ဘ် ဘယ်လင်ဟမ်ကို ဆန်းဒါးလန်း ကနေ ခေါ်ယူပြီး အင်အားဖြည့်တင်းထားပါတယ်။ ဒီအုပ်စုမှာ သူတို့ သတိထားရမှာ ဆိုလို့ ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ် တစ်သင်းပဲ ရှိပါတယ်။ နောက်တစ်ဆင့်ကို တက်ဖို့ မခက်ခဲနိုင်တဲ့ အသင်း ဖြစ်ပါတယ်။

ဒေါ့မန် – ဖလူမီးနန့်စ် (ဇွန် ၁၇)

ဒေါ့မန် – မာမယ်လိုဒီဆန်းဒေါင်း (ဇွန် ၂၁)

ဒေါ့မန် – အူလ်ဆန် ဟွန်ဒိုင်း (ဇွန် ၂၆)

 

ဖလူမီးနန့်စ်

ဘရာဇီးလ်ရဲ့ နောက်ထပ် နာမည်ကြီး ကလပ် တစ်ခု ဖြစ်တဲ့ ဖလူမီးနန့်စ် ကတော့ ကိုပါလစ်ဘာတာဒိုရက်စ်မှာ ချန်ပီယံ ၁ ကြိမ် ဖြစ်ထားပြီး ၂၀၂၃ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဒုတိယ ရထားပါတယ်။
တောင်အမေရိကရဲ့ ထိပ်သီး ကလပ် အဖြစ် သတ်မှတ်ခံထားရတဲ့ ဖလူမီးနန့်စ်

ဘရာဇီးလ်ရဲ့ နောက်ထပ် နာမည်ကြီး ကလပ် တစ်ခု ဖြစ်တဲ့ ဖလူမီးနန့်စ် ကတော့ ကိုပါလစ်ဘာတာဒိုရက်စ်မှာ ချန်ပီယံ ၁ ကြိမ် ဖြစ်ထားပြီး ၂၀၂၃ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဒုတိယ ရထားပါတယ်။ အဲဒီတုန်းက ဖလူမီးနန့်စ်က မန်စီးတီးကို ရှုံးနိမ့်ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပေမယ့် သူတို့ဟာလည်း လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ၂၀၂၃ ကိုပါလစ်ဘာတာဒိုရက်စ်မှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့်လည်း ဖလူမီးနန့်စ်တို့ ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတာပါ။ တစ်ချိန်က နာမည်ကျော် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ ဒီအသင်းက အုပ်စု F မှာ ဒေါ့မန် ပြီးရင် အတောင့်တင်းဆုံး ဖြစ်ပါတယ်။ တောင်အမေရိက ကလပ်ပီပီ ဘယ်လို ပြိုင်ဘက်ကိုမဆို ရှိန်နေမှာတော့ မဟုတ်ပါဘူး။ 

ဖလူမီးနန့်စ် – ဒေါ့မန် (ဇွန် ၁၇)

ဖလူမီးနန့်စ် – အူလ်ဆန် ဟွန်ဒိုင်း (ဇွန် ၂၂)

ဖလူမီးနန့်စ် – မာမယ်လိုဒီဆန်းဒေါင်းစ်

 

အူလ်ဆန်ဟွန်ဒိုင်း

အူလ်ဆန်ဟွန်ဒိုင်း ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို တောင်ကိုရီးယား ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ တစ်သင်းတည်းသော ကလပ် ဖြစ်ပါတယ်။ AFC အဆင့် ရပ်တည်မှုအရ ဒီပြိုင်ပွဲကို ကစားခွင့်ရတဲ့ အာရှ ကလပ် ၄ ခုထဲက တစ်ခု ဖြစ်ပါတယ်။ အူလ်ဆန်ဟွန်ဒိုင်းဟာ ၂၀၁၂ နဲ့ ၂၀၂၀ တို့မှာ အေအက်ဖ်စီ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ထားပြီး ကေလိဂ် မှာလည်း ချန်ပီယံ ၅ ကြိမ် ဖြစ်ထားတဲ့ အသင်းပါ။ အာရှမှာ တန်းတစ်ခုဝင်တဲ့ ကလပ် ဖြစ်ပေမယ့် ဒီအုပ်စုမှာ ဥရောပနဲ့ တောင်အမေရိက အင်အားကြီး အသင်းတွေကို ကျော်ဖို့တော့ မဖြစ်နိုင်ပါဘူး။ မာမယ်လိုဒီဆန်းဒေါင်းစ် ဆီကပဲ သူတို့ အမှတ်ရအောင် ယူရမှာ ဖြစ်ပါတယ်။ 

အူလ်ဆန်ဟွန်ဒိုင်း – မာမယ်လိုဒီဆန်းဒေါင်းစ် (ဇွန် ၁၈)

အူလ်ဆန်ဟွန်ဒိုင်း – ဖလူမီးနန့်စ် (ဇွန် ၂၂)

အူလ်ဆန်ဟွန်ဒိုင်း – ဒေါ့မန် (ဇွန် ၂၆)

 

မာမယ်လိုဒီဆန်းဒေါင်းစ်

မာမယ်လိုဒီဆန်းဒေါင်းစ် ကတော့ ၂၀၁၆ CAF ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရရှိပြီးနောက် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ CAF ကိုယ်စားပြု အဖြစ် ပထမဦးဆုံး ပါဝင် ကစားခွင့်ရတဲ့ တောင်အာဖရိက ကလပ် ဖြစ်ပါတယ်။ အုပ်စု F ရဲ့ အားအနည်းဆုံး ကလပ် ဖြစ်ပြီးတော့ အမှတ်ရဖို့တောင် မလွယ်ပါဘူး။ ပြိုင်ဘက်တွေက အာရှ၊ တောင်အမေရိကနဲ့ ဥရောပရဲ့ ထိပ်သီး ကလပ်တွေ ဖြစ်တာကြောင့် မာမယ်လိုဒီဆန်းဒေါင်းစ်က အိမ်ဖြည့် အဆင့်ပဲ ရှိပါတယ်။

မာမယ်လိုဒီဆန်းဒေါင်းစ် – အူလ်ဆန်ဟွန်ဒိုင်း (ဇွန် ၁၈)

မာမယ်လိုဒီဆန်းဒေါင်းစ် – ဒေါ့မန် (ဇွန် ၂၁)

မာမယ်လိုဒီဆန်းဒေါင်းစ် – ဖလူမီးနန့်စ် (ဇွန် ၂၆)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်