နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်တလက်တီကိုမက်ဒရစ်၊ ဘိုတာဖိုဂို၊ ပီအက်စ်ဂျီ၊ ဆီယက်တဲလ် ဆောင်းဒါးစ်တို့ ပါဝင်တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု B ကို သုံးသပ်ကြည့်ခြင်း

ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု A အကြောင်း အကြို သုံးသပ်ပြီးတဲ့ နောက်မှာတော့ အုပ်စု B ကို ဆက်လက် သုံးသပ်ကြည့်ရအောင်ပါ။ ဒီအုပ်စု မှာတော့ ဥရောပရဲ့ အင်အားကြီး ကလပ် နှစ်ခု ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့ အပြင် ဘရာဇီးလ် ထိပ်သီး ကလပ် ဘိုတာဖိုဂိုနဲ့ မေဂျာလိဂ် ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်လည်း ပါဝင်နေလို့ စိတ်ဝင်စားစရာကောင်းတဲ့ အုပ်စု အဖြစ် သတ်မှတ်လို့ ရပါတယ်။

 

အက်တလက်တီကိုမက်ဒရစ်

ပီအက်စ်ဂျီနဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မယ့် အသင်း ဖြစ်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်ဖွယ် ရှိနေတဲ့ အက်တလက်တီကိုမက်ဒရစ်

ဒီယေဂို ဆီမြွန်နီ ဦးဆောင်လာမယ့် လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် အကြောင်း ကိုတော့ အထွေအထူး ပြောနေဖို့ လိုမယ် မထင်ပါဘူး။ လာလီဂါ ချန်ပီယံဆု ၁၁ ကြိမ် ရထားပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ပြီးရင် စပိန်ရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်ပါတယ်။ ဥရောပ ချန်ပီယံလိဂ်မှာ ဒုတိယ ၃ ကြိမ် ရထားတဲ့ တီကိုက ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ အတွေ့အကြုံ နုနယ်ပါတယ်။ ဒါပေမယ့်လည်း တီကိုက ဥရောပ ထိပ်တန်း ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားပြီး ဒီအုပ်စုမှာ ပီအက်စ်ဂျီ ပြီးရင် အတောင့်တင်းဆုံး ဖြစ်သလို ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီနဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မယ့် အသင်း ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် – ပီအက်စ်ဂျီ (ဇွန် ၁၆)

အက်တလက်တီကိုမက်ဒရစ် – ဆီယက်တဲလ် ဆောင်းဒါးစ် (ဇွန် ၂၀)

အက်တလက်တီကိုမက်ဒရစ် – ဘိုတာဖိုဂို (ဇွန် ၂၄)

 

ဘိုတာဖိုဂို

ဘရာဇီးလ် ထိပ်သီး ကလပ် ဘိုတာဖိုဂို အာဂျေ ကတော့ ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလ် စီးရီးအေနဲ့ ကိုပါလစ်ဘာတာဒိုရက်စ်ရဲ့ လက်ရှိချန်ပီယံ ဖြစ်ပါတယ်။ လက်ရှိ ဘရာဇီးလ် စီးရီးအေ မှာလည်း နိုင်ပွဲတွေ ဆက်နေပြီးတော့ လျှော့တွက်ထားလို့ မရတဲ့ အသင်း ဖြစ်ပါတယ်။ အသင်းမှာ ထိပ်တန်း ကစားသမားတွေ မပါဝင်ပေမယ့် ထုံးစံ အတိုင်း ဘရာဇီးလ် ကလပ်ပီပီ ကြံ့ခိုင်မှု အသားပေး ကစားဖို့ ရှိပြီး အက်တလက်တီကိုနဲ့ ပီအက်စ်ဂျီကို ဒုက္ခပေးမယ့် အသင်း ဖြစ်ပါတယ်။

ဘိုတာဖိုဂို – ဆီယက်တဲလ် ဆောင်းဒါးစ် (ဇွန် ၁၆)

ဘိုတာဖိုဂို – ပီအက်စ်ဂျီ (ဇွန် ၂၀)

ဘိုတာဖိုဂို – အက်တလက်တီကိုမက်ဒရစ် (ဇွန် ၂၄)

 

ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ကတော့ ဥရောပ ချန်ပီယံလိဂ်ရဲ့ ပူပူနွေးနွေး လက်ရှိ ချန်ပီယံ ဖြစ်သလို အခု ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာလည်း ချန်ပီယံ ဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ဥရောပနဲ့ ကမ္ဘာ့အကောင်းဆုံး ကလပ် ဖြစ်တဲ့ ပီအက်စ်ဂျီက ဒီပြိုင်ပွဲရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အတွက် သီးသန့်ဖွင့်လှစ်ပေးထားတဲ့ အပြောင်းအရွှေ့မှာတောင် ပီအက်စ်ဂျီက မပါဝင်ခဲ့ပါဘူး။ လူးဝစ္စ အန်နီကေး လက်အောက်မှာ တစ်ပွဲထက် ပိုပိုကောင်းတဲ့ ဥရောပ ချန်ပီယံ တို့က အုပ်စု အဆင့်ကို အလွယ်တကူ ဖြတ်ကျော်ပြီး အနိမ့်ဆုံး ကွာတားဖိုင်နယ် အထိ တက်လှမ်းနိုင်မယ့် အသင်း ဖြစ်ပါတယ်။ အုပ်စုတွင်းမှာလည်း အက်တလက်တီကိုမက်ဒရစ်နဲ့ အဖွင့်ပွဲနဲ့ ဘိုတာဖိုဂိုနဲ့ ပွဲကိုပဲ အနည်းငယ် ဂရုစိုက်ကစားရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ – အက်တလက်တီကိုမက်ဒရစ် (ဇွန် ၁၆)

ပီအက်စ်ဂျီ – ဘိုတာဖိုဂို (ဇွန် ၂၀)

ပီအက်စ်ဂျီ – ဆီယက်တဲလ် ဆောင်းဒါးစ် (ဇွန် ၂၄)

 

ဆီယက်တဲလ် ဆောင်းဒါးစ်

အမေရိကန် မေဂျာလိဂ် ချန်ပီယံ ၂ ကြိမ် ဖြစ်ထားပြီး ၂၀၂၂ ခုနှစ်မှာ ကွန်ကာကက်ဖ် ချန်ပီယံများဖလား ရရှိထားတဲ့ ဆီယက်တဲလ် ဆောင်းဒါးစ် ကတော့ အုပ်စု B ရဲ့ အားအနည်းဆုံး အသင်းပါ။ သူတို့ အတွက် မျှော်လင့်နိုင်စရာက ဒီပြိုင်ပွဲ ကနေ ပြိုင်ပွဲကြီး အတွေ့အကြုံ ရဖို့နဲ့ တီကိုနဲ့ ပီအက်စ်ဂျီလို အသင်းတွေနဲ့ ရင်ဆိုင်ကစားရဖို့ပဲ ဖြစ်ပါတယ်။ လက်တလော မေဂျာလိဂ် မှာတောင် ရုန်းကန်နေရတဲ့ ဆီယက်တဲလ် ဆောင်းဒါးစ် အတွက် အမှတ်ရဖို့တောင် မသေချာပါဘူး။

ဆီယက်တဲလ် ဆောင်းဒါးစ် – ဘိုတာဖိုဂို (ဇွန် ၁၆)

ဆီယက်တဲလ် ဆောင်းဒါးစ် – အက်တလက်တီကိုမက်ဒရစ် (ဇွန် ၂၀)

ဆီယက်တဲလ် ဆောင်းဒါးစ် – ပီအက်စ်ဂျီ (ဇွန် ၂၄)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်