အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဂိုးပေါက် ပြန်တွေ့ခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ ယုံကြည်မှုတွေ ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ပွဲတော်တာ်မျာများ ဂိုးပေါက်ပျောက်နေတဲ့ ဆွီဒင် တိုက်စစ်မှူးက တီကိုနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် သူဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၁၄ ဂျာစီထဲမှာ သွင်းဂိုး များစွာ ကိန်းအောင်းနေကြောင်း ကြုံးဝါးလာခဲ့တာ ဖြစ်ပါတယ်။
ဗစ်တာ ယိုကီးရက်စ်ဟာ ဒီပွဲ မတိုင်ခင် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့သလို၊ လက်ရွေးစင် အသင်းရဲ့ ပွဲတွေကိုပါ ထည့်တွက်ရင်တော့ ၉ ပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ကောင်းပါတယ် ဆိုတဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲမှာတော့ ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု (MOTM) လည်း ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ယိုကီးရက်စ်ဟာ ဒုတိယမြောက် ဂိုးကို ဂါဘရီရယ်ရဲ့ ခေါင်းတိုက်ချပေးမှု ကနေ ခန္ဓာကိုယ် အလယ်ပိုင်း နေရာနဲ့ ပိတ်သွင်းသွားခဲ့တာကြောင့် ပရိသတ်တွေ အကြားမှာလည်း ရေပန်းစား ပြောဆိုနေကြတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပါသေးတယ်။
ယိုကီးရက်စ်ဟာ အာဆင်နယ်မှာ ဂန္ထဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ ကို ဆက်ခံ ဝတ်ဆင်ခဲ့တာကြောင့် ဒီအင်္ကျီထဲမှာ သွင်းဂိုး များစွာ ရှိနေတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ယိုကီးရက်စ်က “ဒီခံစားချက်က အရမ်းကောင်းပါတယ်။ ဒီအင်္ကျီထဲမှာ သွင်းဂိုး များစွာ ရှိနေပါတယ်။ အရိုးသားဆုံး ပြောရရင် အသင်းမှာ လွတ်နေတဲ့ နံပါတ် များများစားစား မရှိပေမယ့် နံပါတ် ၁၄ လွတ်နေခဲ့တာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဆုလာဘ် တစ်ခုပါပဲ။ ကျွန်တော်တို့ ဆုဖလား များစွာ ရယူသွားချင်ပါတယ်။ ဒါဟာ ကျွန်တော် တို့ရဲ့ လိုအင်ဆန္ဒ ဖြစ်ပြီး အရေးအကြီးဆုံး အရာလည်း ဖြစ်နေပါတယ်။ ဒီအတွက် ကျွန်တော် အကူအညီ ဖြစ်ချင်ပါတယ်။ ဂိုးတွေလည်း သွင်းချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယိုကီးရက်စ်ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားပြီး သွင်းဂိုး ၅ ဂိုး ရရှိထားပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာ ၃ ပွဲ ကစားပြီး ၂ ဂိုး ရရှိထားကာ ပရီးမီးယားလိဂ် မှာတော့ ၈ ပွဲ ကစားပြီး ၃ ဂိုးသာ ရရှိထားပါတယ်။ တချို့ကလည်း ယိုကီးရက်စ်ကို မျှော်လင့်ထားသလောက် ဂိုးမသွင်းနိုင်သေးသလို ပွဲအတွင်း သူ့ရဲ့ စွမ်းဆောင်ရည် တချို့ အပေါ် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ တချို့သော ပရိသတ်တွေ ကတော့ ပြိုင်ဘက် နောက်ခံလူတွေ အနေနဲ့ ယိုကီးရက်စ်ကို လိုက်ကပ်နေရတာကြောင့် တခြားသော ကစားသမားတွေ လွတ်လွတ်လပ်လပ် ကစားနိုင်ပြီး သွင်းဂိုးတွေ ရရှိနေတာ ဖြစ်ကြောင်း ထင်မြင်ယူဆနေတာတွေလည်း ရှိနေပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဒီရာသီ အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၂၅ ဂိုး ရထားတဲ့ တိုက်စစ်နဲ့ ၃ ဂိုးပဲ ပေးထားရတဲ့ ခံစစ် ကိုတော့ မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဒီရာသီ အာဆင်နယ်က ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ပြီးပြည့်စုံနေတဲ့ အသင်း တစ်သင်း အဖြစ် ရှိနေခဲ့ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းရဲ့ သမိုင်းတလျှောက် ကျောနံပါတ် ၁၄ ဝတ်ဆင် ကစားခဲ့တဲ့ ကစားသမားတွေ အထဲမှာ ပြင်သစ် တိုက်စစ်မှူး သီယာရီ အွန်နရီက အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ် အတွက် ၉ နှစ်တာ အတွင်း ပြိုင်ပွဲစုံ ၂၂၈ ဂိုး အထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကိုလည်း ၄ ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှု ကိုတော့ လက်ရှိအချိန်မှာ လိုက်မှီနိုင်တဲ့ ကစားသမား ဆိုလို့ မိုဟာမက် ဆာလာ တစ်ဦးသာ ရှိပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.