အာဆင်နယ် ကတော့ ဒီနေ့ညမှာ ဘီလ်ဘာအိုနဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် နည်းပြ ဖြစ်သူ မီခဲလ် အာတေးတားက ချန်ပီယံလိဂ် ဖလားနဲ့ အတူ ကလပ်ရဲ့ သမိုင်းကြောင်းကို ပြောင်းလဲကြဖို့ ကစားသမားတွေကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာတေးတားက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျရှုံးနေတာ ကလည်း ဖိအား တစ်ခုလို ဖြစ်နေကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ အာဆင်နယ်ဟာ အင်္ဂလန် ပြည်တွင်း အဆင့်မြင့်တန်း ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ အကြိမ်ကြိမ် ဆွတ်ခူးခဲ့ဖူးပြီး သမိုင်ကြောင်းကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့် ဥရောပ မှာတော့ ချန်ပီယံ မဖြစ်ဖူးတာကြောင့် အဓိက ပြိုင်ဘက်တွေ အကြားမှာ မျက်နှာငယ်နေရတာလည်း ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှု ကိုတော့ အာတေးတားက “ကောင်းပါပြီ။ ဒါက ကျွန်တော် တို့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကို ပြသနေပါတယ်။ ကျွန်တော်တို့ မဆွတ်ခူးနိုင်သေးတဲ့ အတွက် ဘယ်လောက် ခက်ခဲတယ် ဆိုတာ ကျွန်တော် တို့ပဲ သိပါတယ်။ ဒါက အခွင့်အရေးပါပဲ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဖိအားတွေက အခွင့်အရေးတွေ ဖြစ်စေပြီးတော့ စွမ်းအင်နဲ့ စိတ်အားထက်သန်မှုတွေ အဖြစ် ပြောင်းလဲသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဆုံးဖြတ်ချက်တိုင်းက အဲဒီစံနှုန်းနဲ့ မျှော်လင့်ချက်တွေ အတိုင်း ဖြစ်ရမှာ ဆိုတော့ အဲဒါကို လုပ်ဆောင်ဖို့ အကောင်းဆုံး အခွင့်အရေးတွေ ပေးလိုက်ရအောင်ပါ။ ကလပ်အသင်းကြီးတွေ (ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ကလပ်တွေ) က ၇ ကြိမ်၊ ၈ ကြိမ်၊ ၉ ကြိမ်လောက် ကြိုးစားခဲ့ကြပြီး ၂ ကြိမ်လောက်ပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒီတော့ ဒီပြိုင်ပွဲမှာ အောင်မြင်မှုထက် ကျရှုံးမှုက ပိုတယ်လို့ ပြောလို့ ရပါတယ်။ ဒါက သဘာဝပါပဲ။ ဒါက ကျွန်တော်တို့ ကလပ်ရဲ့ သမိုင်းကြောင်းပါပဲ။ ပြီးတော့ ဒါက ကျွန်တော်တို့ ပြောင်းလဲချင်တဲ့ အရာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီက အမြင့်ဆုံး အဖြစ် ဒုတိယ တစ်ကြိမ်သာ ရခဲ့ဖူးပြီး ဆီမီးဖိုင်နယ် အဆင့် ကိုတော့ ၃ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန် ကလပ်တွေ ထဲမှာတော့ လစ်ဗာပူးလ် (၆ ကြိမ်) ၊ မန်ချက်စတာယူနိုက်တက် (၃ ကြိမ်) ၊ ချဲလ်ဆီး (၂ ကြိမ်) ၊ နော့တင်ဟမ်ဖောရက်စ် (၂ ကြိမ်) ၊ အက်စတွန်ဗီလာ (၁ ကြိမ်) နဲ့ မန်စီးတီး (၁ ကြိမ်) တို့က ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
နောက်ဆုံး ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၂ ကြိမ်ရဲ့ အုပ်စု အဆင့်/ လိဂ်အဆင့်မှာ အာဆင်နယ်ထက် ရမှတ် ပိုရထားတဲ့ အသင်းက ရီးရဲလ်မက်ဒရစ် တစ်သင်းသာ ရှိထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အုပ်စု/လိဂ် အဆင့်မှာ ရမှတ် ၃၃ မှတ် ရှာဖွေထားနိုင်ပြီး မီခဲလ် အာတေးတားရဲ့ အာဆင်နယ် ကတော့ ရမှတ် ၃၃ မှတ် (၁၄ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံး) ရှာဖွေထားနိုင်ပါတယ်။
အာဆင်နယ်ဟာ ဘီလ်ဘာအိုနဲ့ ပွဲမှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘူကာယို ဆာကာ၊ ကိုင်ဟာဗက်ဇ်၊ ဘန်ဝှိုက်၊ မာတင် အိုဒီဂတ်၊ ဂျေဇုစ်တို့ မပါပဲ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၄-၂၀၁၅ ဘောလုံး ရာသီ နောက်ပိုင်းမှာ ချန်ပီယံလိဂ် ပြန်လည် ကစားခွင့်ရထားတဲ့ ဘီလ်ဘာအိုကို အာဆင်နယ်တို့ အဝေးကွင်းမှာ သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။
ဘီလ်ဘာအို နည်းပြ အာနက်စ်တို ဗယ်လ်ဗာဒီ ကတော့ ပြိုင်ဘက် အာဆင်နယ် အပေါ် သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “အာဆင်နယ်က ဒီပွဲအတွက် လုံးဝ အာရုံစိုက်ထားပါတယ်။ သူတို့က သူတို့ရဲ့ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်း စွမ်းရည်နဲ့ အာတေးတား ရိုက်သွင်းထားတဲ့ အောင်ပွဲခံ စိတ်ဓာတ်ကြောင့် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းပါ။”
“ဒါဟာ ချန်ပီယံလိဂ်ရဲ့ အစပါပဲ၊ ကျွန်တော် တို့ဟာ မြင့်မားတဲ့ အဆင့်အတန်း ရှိတဲ့ ပြိုင်ဘက်နဲ့ ကစားရပါမယ်။ ဒါကလည်း ဘီလ်ဘာအို ကြိုက်တဲ့ ပုံစံပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အရမ်း သတိထားပြီး အခွင့်အရေးတွေကို အသုံးချရမှ ရပါမယ်။ အာဆင်နယ်က အမှားလုပ်ခွင့်ပေးမယ့် အသင်း မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နဲ့ ဘီလ်ဘာအို တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ရာသီကြို ခြေစမ်းပွဲ (အမ်းမရိတ်စ်ဖလား) မှာ ပူပူနွေးနွေး တွေ့ဆုံထားပြီး ဂန်းနားတွေက ၃-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.