နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလုံပိတ်ဘာနေဗျူးကွင်းကြီးထဲမှာလည်းအမြှောက်သံတွေညံစေနိုင်ခဲ့တဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

ညကယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာတော့အာဆင်နယ်ကရီးရဲလ်မက်ဒရစ်ကိုဘာနေဗျူးမှာ၁-၂ရလဒ်နဲ့အနိုင်ယူသွားခဲ့ပါတယ်။ပထမအကျော့အမ်းမရိတ်စ်မှာ၃-၀နဲ့အနိုင်ရထားလို့အားသာချက်ရှိနေတဲ့အာဆင်နယ်ကဒုတိယအကျော့မှာအကောင်းဆုံးပြန်လာနိုင်ဖို့မျှော်လင့်နေတဲ့ရီးရဲလ်မက်ဒရစ်ကိုထပ်မံအနိုင်ယူပြီးနှစ်ကျော့ပေါင်း၅-၁ရလဒ်နဲ့ထိုက်ထိုက်တန်တန်ပဲဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာပထမအကျော့တုန်းကလူစာရင်းကိုအနည်းငယ်အပြောင်းအလဲပြုလုပ်လာခဲ့ပြီးတိုက်စစ်မှာအမ်ဘာပေးတစ်ဦးတည်းအထောင်ထားကာဗင်နီးစီးယပ်စ်နဲ့ရိုဒီဂိုကိုတောင်ပံတွေမှာကစားစေခဲ့ပါတယ်။ကွင်းလယ်မှာကာမာဗင်ဂါနဲ့မိုဒရစ်အစားဗယ်ဗာဒီနဲ့ချူအာမန်နီကိုသုံးခဲ့ပြီးညာခြမ်းခံစစ်မှာလူးကပ်စ်ဗက်ဇ်ကွက်ဇ်ပွဲထွက်ခဲ့ပါတယ်။အာဆင်နယ်ကတော့ပထမအကျော့လူစာရင်းနဲ့ကစားကွက်အတိုင်းပွဲထွက်လာခဲ့တာပါ။

အာဆင်နယ်အတွက်ကတော့၂၀၀၉ခုနှစ်နောက်ပိုင်းပထမဦးဆုံးအကြိမ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီးပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတော့မှာပါ။
ချန်ပီယံလိဂ်မှာဆီမီးဖိုင်နယ်မှာပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်

ဒါပေမယ့်အာဆင်နယ်ကခံစစ်ကိုကျစ်ကျစ်လျစ်လျစ်ကစားရင်းဘာနေဗျူးရဲ့ပရိသတ်အား၊အမိုးပိတ်ကွင်းကြီးထဲက Comeback ခေါ်သံနဲ့အဘက်ဘက်ကသက်ရောက်မှုအားလုံးကိုကျော်ဖြတ်ပြရင်းသရေဆိုတာထက်အနိုင်ရလဒ်ကိုပါအရယူသွားခဲ့တာဖြစ်ပါတယ်။ပထမအကျော့တုန်းကလိုပဲအာဆင်နယ်ကစားသမားတွေရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကကောင်းမွန်နေခဲ့ပြီးသက်တောင့်သက်သာရှိစွာပဲကစားခဲ့ကြတာပါ။ပထမပိုင်းတစ်ပိုင်းလုံးရီးရဲလ်မက်ဒရစ်တို့ဂိုးပေါက်တည့်မှုတစ်ကြိမ်တောင်မရှိခဲ့တဲ့အထိခီဗီယော-ဆလီဘာဗဟိုခံစစ်အတွဲကတည်ငြိမ်လွန်းခဲ့ပါတယ်။ဒုတိယပိုင်းဗင်နီးစီးယပ်စ်ရဲ့ဦးဆောင်ဂိုးအတွက်တစ်ဦးချင်းအမှားတစ်ကြိမ်ရှိခဲ့တာကလွဲရင်ရိုက်စ်ကလည်းပထမအကျော့နဲ့မတူပဲခံစစ်ပိုင်းစွမ်းဆောင်ရည်ကိုပြသသွားခဲ့ပါတယ်။ဒါကြောင့်လည်းဒီပွဲရဲ့ MOTM ကိုလည်းဒီကလန်ရိုက်စ်ကပဲထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပထမအကျော့တုန်းကတစ်ဂိုးသွင်းခဲ့တဲ့မာရင်နိုကတော့ဒီပွဲမှာအာဆင်နယ်ရဲ့သွင်းဂိုး၂ဂိုးစလုံးကိုဖန်တီးပေးခဲ့ပြီးဆာကာကလည်းပွဲကြီးကစားသမားဖြစ်တယ်ဆိုတာကိုထပ်မံပြသနိုင်ခဲ့ပါတယ်။မာတင်နယ်လီကတော့သူ့ရဲ့အထင်ကရ Counter ကနေဂိုးသွင်းဟန်အတိုင်းအမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့ပြီးအနိုင်ဂိုးရှင်ဖြစ်ပါတယ်။ပွဲချိန်အတွင်းရီးရဲလ်မက်ဒရစ်ပင်နယ်တီပြန်လည်ပယ်ဖျက်ခံရတာ၊ဆာကာရဲ့ပင်နယ်ကာပင်နယ်တီကိုကော့တွာစ်ကာကွယ်နိုင်ခဲ့တာတွေကတခြားသောပြောစရာတွေအဖြစ်ရှိခဲ့ပေမယ့်အားလုံးချုံငုံပြီးသုံးသပ်ရရင်တော့အာဆင်နယ်တို့နောက်ထပ်တစ်ကြိမ်ဘောလုံးကိုစနစ်တကျကစားသွားနိုင်တယ်ဆိုတာပါပဲ။အာဆင်နယ်အတွက်ကတော့၂၀၀၉ခုနှစ်နောက်ပိုင်းပထမဦးဆုံးအကြိမ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီးပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတော့မှာပါ။အာဆင်နယ်ဟာလိဂ်အဆင့်မှာတုန်းကလည်းပီအက်စ်ဂျီနဲ့တွေ့ဆုံခဲ့ဖူးပြီးနိုင်ပွဲရထားခဲ့ပါတယ်။

တစ်ဖက်မှာရီးရဲလ်မက်ဒရစ်ကတော့ပထမအကျော့အတိုင်းမထူးဇာတ်ခင်းခဲ့ပြန်ပြီးနည်းပြကြီးကာလိုအန်ဆယ်လော့တီရဲ့နည်းစနစ်ပိုင်းကလည်းစိတ်ပျက်စရာပါ။ဒီပုံအတိုင်းဆိုရင်တော့အီတလီနည်းပြကြီးနဲ့ရီးရဲလ်မက်ဒရစ်ရဲ့ဇာတ်လမ်းကဒီမှာတင်ပဲပြီးဆုံးပြီလို့ပြောရပါမယ်။ထူးခြားချက်ကတော့နောက်ဆုံး၅ရာသီမှာချန်ပီယံလိဂ်ဖလား၂ကြိမ်ရထားတဲ့ရီးရဲလ်မက်ဒရစ်အနေနဲ့ချန်ပီယံမဖြစ်တဲ့နှစ်တွေမှာပရီးမီးယားလိဂ်ကလပ်တွေနဲ့တွေ့ဆုံတိုင်းရလဒ်မကောင်းခဲ့တာဖြစ်ပါတယ်။

ပြောရရင်တော့တော်ဝင်တို့ရဲ့အလုံပိတ်ဘာနေဗျူးကွင်းကြီးကဒီတစ်ကြိမ်မှာလည်းဂန်းနားတွေရဲ့အမြောက်သံတွေကိုတားဆီးနိုင်ခြင်းမရှိခဲ့ဘူးဆိုတာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်