နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျာမန် ယူ ၂၁ အသင်း အတွက် ခြေစွမ်းပြနေတဲ့ ဝေါလ်တီမိတ်ကို ပစ်မှတ်ထားနေကြတဲ့ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ ကတော့ ဒီနွေရာသီမှာ အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ရှိနေကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုဟာ အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်ကြောင်း အသင်းကို အသိပေးထားသလို ချဲလ်ဆီး ကလည်း အနာဂတ် မသေချာတဲ့ နီကိုးလက်စ် ဂျကန်ဆန် နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီလို ရှာဖွေရာမှာ ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမိတ် ကတော့ နှစ်သင်းစလုံးရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန် တိုက်စစ်မှူး ဝေါလ်တီမိတ်ဟာ လက်ရှိ ကျင်းပနေတဲ့ ဥရောပ ယူ ၂၁ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဂျာမနီနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနေပြီး ပြိုင်ပွဲ တစ်လျှောက် သွင်းဂိုး ၆ ဂိုး အထိ သွင်းယူထားပါတယ်။ အထူးသဖြင့် ဆလိုဗေးနီးယားကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် အချိန်တိုတွင်း ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဝေါလ်တီမိတ်ဟာ စတုဂတ် မှာလည်း ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းယူကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။

ဝေါလ်တီမိတ်ကို ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး အပြင် ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ် ကပါ စောင့်ကြည့်လျက် ရှိနေပါတယ်။
လက်ရှိ ဈေးကွက်တန်ကြေး ပေါင် ၁၂ သန်း ဝန်းကျင်သာ ရှိနေတဲ့ နစ်ခ် ဝေါလ်တီမိတ်

ဝေါလ်တီမိတ်ရဲ့ ထူးခြားချက် တစ်ခုက ၆ ပေ ၆ လက်မ ရှိတဲ့ သူ့ရဲ့ အရပ်အမောင်း ဖြစ်ပြီး “Towering Striker” အရပ်မြင့် တိုက်စစ်မှူး အဖြစ် တင်စား ခေါ်ဝေါ်နေကြပါတယ်။ ဝေါလ်တီမိတ်ကို ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး အပြင် ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ် ကပါ စောင့်ကြည့်လျက် ရှိနေပါတယ်။ ဘေယန်မြူးနစ်ဟာ မူလာ၊ ဆာနေး၊ တဲလ်တို့ မရှိတော့သလို အသက်အရွယ် ရလာတဲ့ ကိန်း၊ အနာဂတ် မသေချာတဲ့ ကိုမန် တို့ကြောင့် အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် မဖြစ်မနေ ပြန်လည် အားဖြည့်နိုင်ဖို့ လိုအပ်နေပါတယ်။‌ ဝါဒါဘရီမင်ရဲ့ လူငယ် အကယ်ဒမီထွက် ဝေါလ်တီမိတ်ဟာ စတုဂတ်ကို ရောက်ရှိလာတာ တစ်ရာသီသာ ရှိသေးပြီး လက်ရှိ ခြေစွမ်းအရ ဆိုရင် မကြာခင်မှာ ဥရောပထိပ်တန်း ကလပ် တစ်ခုမှာ မြင်တွေ့ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ဂျာမန်သားဟာ ဝါဒါဘရီမင် မှာတော့ ပွဲပေါင်း ၃၀ ကစားပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် စတုဂတ် မှာတော့ အချိန်တိုတွင်း ခြေစွမ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျာမနီ ယူ ၂၁ အသင်းဟာ ဥရောပ ယူ ၂၁ ချန်ပီယံရှစ် ဗိုလ်လုပွဲ အဖြစ် အင်္ဂလန် ယူ ၂၁ အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေပါတယ်။ ဒီဗိုလ်လုပွဲ ကတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ဆလိုဗက်ကီးယား နိုင်ငံ ဘရက်တစ်လာဗာက Tehelne Pole ကွင်းမှာ ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာသာ ဝေါလ်တီမိတ် အနေနဲ့ ထပ်ပြီး ခြေစွမ်းပြနိုင်ခဲ့မယ် ဆိုရင်တော့ ခုဏက ခေါ်ယူချင်နေတဲ့ အသင်းတွေဟာ ဒီနွေရာသီမှာပဲ အရ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်