နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွန်ဒိုအန်ကို ခေါ်ယူချင်နေတဲ့ လေဗာကူဆင်၊ ဟယ်ရီကိန်းကို ပြီးပြည့်စုံတဲ့ ခေါ်ယူမှု အဖြစ် သတ်မှတ်ထားတဲ့ ဘာစီလိုနာ | ဘွန်ဒက်စ်လီဂါ

အခုတစ်ခါမှာတော့ ဩဂုတ်လ ၂၅ ရက်နေ့ အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကွင်းလယ်လူ အိုင်ခေး ဂွန်ဒိုအန် ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယာ လေဗာကူဆင်က ပစ်မှတ်ထားနေကြောင်း သတင်းထောက် နီကိုလို ချီရာက ဖော်ပြခဲ့ပါတယ်။ ဂျာမန် ဝါရင့် ကွင်းလယ် ကစားသမား ကတော့ ဒီရာသီ မန်စီးတီး အတွက် ပပ်ဂွာဒီယိုလာရဲ့ အစီအစဥ်တွေနဲ့ လွဲချော်နေသူ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေရာသီမှာ ဘာစီလိုနာက “ပြီးပြည့်စုံတဲ့ ခေါ်ယူမှု” အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ အင်္ဂလန် တိုက်စစ်မှူးက ကတ်တာလန် ကလပ်ရဲ့ ရည်မှန်းချက် ကြီးမားတဲ့ အပြောင်းအရွှေ့ ဖြစ်ကြောင်း အားကစားဒါရိုက်တာ ဒေကိုက မှတ်ချက်ပြုထားပါတယ်။

ဒေါ့မန် တာဝန်ရှိတွေ ဖြစ်တဲ့ ဆဘက်ရှန် ခါးလ်နဲ့ လားစ် ရစ်ကန် တို့ကတော့ ကာနေး ချူကွယ်မီကာနဲ့ အာရွန် အန်ဆဲလ်မီနီနိုရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီးနဲ့ ဆွေးနွေးဖို့ အတွက် လန်ဒန်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ချူကွယ်မီကာ ကတော့ ယူရို ၂၅ သန်း တန်ကြေး ရှိတဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားနဲ့ ပြောင်းရွှေ့သွားဖို့ များနေပါတယ်။

ဒေါ့မွန်ဟာ ချဲလ်ဆီး ဗဟိုနောက်ခံလူ အာရွန် အန်ဆဲလ်မီနီနိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပေမယ့်လည်း ချဲလ်ဆီး ဘက်ကတော့ ဂျာမန် ကလပ် အနေနဲ့ ချူကွယ်မီကာကို အမြဲတမ်း စာချုပ်ချုပ်နဲ့ ခေါ်ယူမယ် ဆိုရင် သဘောတူသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ ကလပ် နှစ်သင်း အကြား ဆွေးနွေးမှုတွေဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေရာသီမှာ ဘာစီလိုနာက “ပြီးပြည့်စုံတဲ့ ခေါ်ယူမှု” အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ်မှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဟယ်ရီကိန်း

မာဆေးလ် ကတော့ လစ်ဗာပူးလ် ဘယ်နောက်ခံလူ ကော့စတတ်စ် ဆီမီကတ်စ်ကို နော့တင်ဟမ်ဖောရက်စ်နဲ့ အပြိုင် ကမ်းလှမ်းဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူမှာ မဟုတ်ပဲ၊ ကစားသမား ကလည်း ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ ပေါင်သန်း ၆၀ တန်ကြေး ရှိတဲ့ ဝုဗ် တိုက်စစ်မှူး ဂျော်ဂျင် စထရန်း လာဆန်ကို ခေါ်ယူရန် စီစဉ်နေပေမယ့်လည်း ဝုဗ် ကတော့ အစားထိုးနိုင်မယ့် ကစားသမား ရှာတွေ့မှသာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ကတော့ ရိုးမား ကွင်းလယ် ကစားသမား လော်ရန်ဇို ပယ်လီဂရီနီကို စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိနေချိန်မှာ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ရိုးမား ကတော့ ယူရို ၁၀ သန်း (ပေါင် ၈.၇ သန်း) လိုချင်နေပေမယ့်လည်း ဝက်စ်ဟမ်း ကတော့ ဒီပြောင်းရွှေ့ကြေးရဲ့ ထက်ဝက် ကိုသာ ပေးချေဖို့ ကြိုးစားနေပါတယ်။

ဘုန်းမောက် ကတော့ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာမှာ အငှားနဲ့ ကစားခဲ့တဲ့ ဗဟိုခံစစ်မှူး အက်ဆဲလ် ဒီဆာဆီကို ခေါ်ယူဖို့ ချဲလ်ဆီးနှင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လေဗာကူဆင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်မှာ ဟော့ဖန်ဟိမ်းကို အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် သူတို့ အသင်း အနေနဲ့ အလုပ်များစွာ လုပ်ရမယ်လို့ သုံးသပ်ခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ အသင်းဟာ ဒီပွဲမှာ ဂိုးကန်သွင်းမှု ရှစ်ကြိမ်သာ ရခဲ့တာ ဖြစ်တယ်။ တန်ဟက်ဂ်က “ကျွန်တော် စိတ်ပျက်မိတယ် ဆိုတာ ရှင်းလင်းပါတယ်။ အခွင့်အရေး အနည်းငယ်သာ ရခဲ့ပြီး ဟော့ဖန်ဟိမ်းက ပိုကောင်းခဲ့ပါတယ်။ final third ဇုန်ထဲကို ကျွန်တော်တို့ လုံလုံလောက်လောက် မထိုးဖောက်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ရှေ့မှာ မမျှော်လင့်ထားတဲ့ အလုပ်များစွာ ပိုလုပ်ရတော့မယ်။” လို့ တန်ဟက်ဂ်က ပြောခဲ့ပါတယ်။

ဒေါ့မန် ကတော့ ချဲလ်ဆီးရဲ့ အသက် ၂၀ အရွယ် အာဂျင်တီးနား လူငယ် ခံစစ် ကစားသမားလေး အာရွန် အန်ဆယ်မီနိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ ဒေါ့မန်က အန်ဆယ်မီနိုကို အပြီးသတ် ဝယ်ယူခွင့် မပါဝင်တဲ့ အငှားသီးသန့်နဲ့သာ ခေါ်ယူနိုင်မှာ ဖြစ်ပြီး ကစားသမားရဲ့ လုပ်ခလစာ ကိုလည်း အပြည့်အဝ ပေးချေသွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်