နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလွန်ဆိုကို ဆက်ထိန်းထားဖို့ ၅၀-၅၀ အခွင့်အရေး ရှိနေကြောင်း ပြောလာတဲ့ လေဗာကူဆင် စီအီးအို | ဘွန်ဒက်စ်လီဂါ

ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဇာဘီ အလွန်ဆို ကိုတော့ လေဗာကူဆင် အနေနဲ့ ဆက်ထိန်းထားဖို့ ၅၀-၅၀ အခွင့်အရေး ရှိနေကြောင်း ကလပ်ရဲ့ အမှုဆောင် အရာရှိချုပ် ဖာနန်ဒို ကာရိုက ပြောကြားလာခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ အလွန်ဆို တို့ အကြားမှာ လူကြီးလူကောင်း အချင်းချင်း ထားရှိတဲ့ နှုတ်ကတိ ရှိကြောင်းလည်း သိရပါတယ်။ 

အဲဒီ သဘောတူညီချက်မှာ အလွန်ဆို အနေနဲ့ ကစားသမား ဘဝတုန်းက သူကစားခဲ့တဲ့ အသင်းတွေ ကနေ နည်းပြ ရာထူး အတွက် ကမ်းလှမ်းလာခဲ့မယ် ဆိုရင် ထိုက်သင့်တဲ့ အခကြေးငွေနဲ့ ထွက်ခွာခွင့်ပြုထားကြောင်းလည်း ကာရိုရဲ့ ဖွင့်ဟချက်အရ သိရပါတယ်။ အလွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်ကို ရှုံးပွဲ မရှိ စံချိန်နဲ့ အတူ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလား တို့မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်သားဟာ ရီးရဲလ်မက်ဒရစ်မှာ ကာလို အန်ဆယ်လော့တီရဲ့ ဆက်ခံသူ အဖြစ် ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ ဘာစီလိုနာနဲ့ ကစားမယ့် ကိုပါဒယ်ရေး ဗိုလ်လုပွဲ အပြီးမှာ အသင်းနဲ့ လမ်းခွဲမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ ရာသီက သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် အတွက် Laureus Sports Awards က ပေးအပ် ချီးမြှင့်မယ့် တိုးတက်မှု အရှိဆုံး ကလပ် အသင်းဆု အတွက် ဆန်ခါတင် ရွေးချယ်ခံခဲ့ရပါတယ်။ Laureus Sports Awards ဆုပေးပွဲ မတိုင်ခင် အင်တာဗျူးမှာ ကာရိုက “အလွန်ဆို အနေနဲ့ အသင်းမှာ ဆက်နေဖို့ ၅၀-၅၀ ရှိတယ်လို့ ကျွန်တော့် စိတ်ထဲမှာ ခံစားမိပါတယ်” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းတွေနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။
ဒီရာသီမှာတော့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းသွားတဲ့ လေဗာကူဆင်

ဆက်လက်ပြီး ကာရိုက “ဇာဘီ အနေနဲ့ စာချုပ်ဖျက်သိမ်းခွင့် မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် တို့မှာ လူကြီးလူကောင်းအချင်းချင်း ထားရှိတဲ့ နှုတ်ကတိ တစ်ခု ရှိနေပါတယ်။ သူ ကစားခဲ့တဲ့ အသင်း တစ်သင်းက ကမ်းလှမ်းလာခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးကြမှာပါ။ သူ့ကိုလည်း တားမှာ မဟုတ်ပါဘူး။ ရှင်းလင်း ပြတ်သားမှု ရှိဖို့တော့ လိုအပ်ပြီး ဆုံးဖြတ်ချက်ကို နောက် ၃ ပတ် ဒါမှဟုတ်ရင် ၄ ပတ် အတွင်း ချရပါမယ်။ ရာသီကုန်အထိတော့ စောင့်မှာ မဟုတ်ပါဘူး။ ကျွန်တော် တို့က နုံအတာ မဟုတ်ပါဘူး။ နည်းပြ ရာထူးက ကလပ် အတွက် အရမ်းကို အရေးကြီးပါတယ်။ ပြီးတော့ သူ့နဲ့ အတူ နောက်ရာသီ အတွက် ပြင်ဆင်နေတာ အမှန်ပါပဲ။ ကျွန်တော်တို နေ့တိုင်း သူ့နဲ့ အလုပ် အတူတူ လုပ်ပါတယ်။ သူက ဒီပြင်ဆင်မှုမှာလည်း အပြည့်အဝ ပါဝင် ပတ်သက်နေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းတွေနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ရာသီကုန်ဖို့ လက်ကျန် ၄ ပွဲသာ ကျန်တော့ချိန်မှာလည်း လေဗာကူဆင်က ဇယားထိပ်က ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်နဲ့ ၈ မှတ် ကွာဟနေပါတယ်။ လေဗာကူဆင်ဟာ ဘေယန်မြူးနစ်ကြောင့် ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရသလို တတိယတန်း ကလပ် အာမေးနီးယား ဘိုင်လီဖဲလ်ကို ရှုံးခဲ့တာကြောင့်လည်း ပိုကယ်ဖလား ကနေ ထွက်ခွာခဲ့ရပါတယ်။ 

နောက်ဆုံး မှာ‌တော့ ကာရိုက အသက် ၂၁ နှစ်အရွယ် ဂျာမန် ကွင်းလယ် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “၂၀၂၇ အထိ စာချုပ်သက်တမ်း ရှိနေပြီး နောက်နှစ် သူကျွန်တော်တို့ အတွက် ကစားပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဆိုပြီး ကာရိုက ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်