နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စတာလင်ကို ခေါ်ယူချင်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ်၊ ရိုဒရီဂိုကို ခေါ်ယူဖို့ လက်လျှော့လိုက်ဖွယ် ရှိနေတဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

အခုတစ်ခါမှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ရာဟင်းမ် စတာလင်ကို ခေါ်ယူချင်နေကြာင်း သိရပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်မှာ ရှိစဉ်တုန်းက စတာလင်ကို ခေါ်ယူချင်ခဲ့သေးပြီး အခုလည်း လေဗာကူဆင် နည်းပြ ဖြစ်လာချိန်မှာ ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ စပိန် ထိပ်သီး တို့ဟာ အသက် ၂၉ နှစ် အရွယ် ကွင်းလယ် ကစားသမား အတွက် အက်ဒူယာဒို ကာမာဗင်ဂါ သို့မဟုတ် ရိုဒရီဂို နဲ့ ယူရို သန်း ၄၀ အလိုက်ပေးကာ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် ကတော့ ရိုဒရီဂိုကို လက်လျှော့လိုက်ဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မသေချာဖြစ်နေတဲ့ ရိုဒရီဂို

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် ကတော့ ရိုဒရီဂိုကို လက်လျှော့လိုက်ဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လည်း တစ်ဖက် မှာတော့ ဘရာဇီးလ်သားကို ခေါ်ယူဖို့ လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က ချိတ်ဆက်လျက် ရှိနေကြောင်း CaughtOffside က ဖော်ပြပါတယ်။

လာမင်း ယာမယ် ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ် ဘာစီလိုနာကို ရောက်ရှိလာခြင်းကို စိတ်ပျက်စရာ အဖြစ် မြင်နေကြောင်း El Nacionalက ဖော်ပြပါတယ်။ နီကို ဝီလီယမ်စ်ကို ခေါ်ယူပေးမယ်လို့ ကတိပြုခဲ့တဲ့ ကလပ် ဥက္ကဌ ယိုအန် လာပေါ်တာရဲ့ ပြောစကားကို ယာမယ်က လှည့်စားခံခဲ့ရတယ်လို့ ခံစားနေရကြောင်း သိရပါတယ်။

ဘရာဂါ ကတော့ ပါအူ ဗစ်တာကို ပြောင်းရွှေ့ကြေး ယူရို ၁၃ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ စပိန် တိုက်စစ်မှူး ကတော့ တစ်ရာသီ အကြာမှာပဲ ဘာစီလိုနာကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ရီနာတို ဗိုင်ဂါကို ရောင်းချဖို့ တွန့်ဆုတ်နေပြီးနောက် အက်တလက်တီကိုမက်ဒရစ် ကတော့ ဖီယင်နော့ဒ်ရဲ့ စွယ်စုံရ နောက်ခံလူ ဒေးဗစ် ဟန့်ချ်ကိုကို ခေါ်ယူဖို့ Here We Go ခဲ့ပြီ ဖြစ်ကြောင်း Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

အဲလ်အေအက်ဖ်စီနဲ့ တခြား အမည်မဖော်လိုတဲ့ မေဂျာလိဂ် ကလပ် တစ်ခုက သောမတ်စ် မူလာ အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဆစ်ဒနီအက်ဖ်စီ ကလည်း အပြောင်းအရွှေ့ထဲ တဟုန်ထိုး ဝင်ရောက်လာပြီလို့ သိရပါတယ်။

ဝုဖ်ဘတ် ကတော့ နာပိုလီက ဂျက်စ်ပါ လင်းစတွမ်းကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒိန်းမတ် လက်ရွေးစင် ကစားသမား ကိုတော့ အငှား စာချုပ် သက်တမ်း ပြည့်ချိန်မှာ ဝုဖ်ဘတ်က ယူရို ၁၂ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်ရဲ့ အပယ်ခံ ကစားသမား ရော့ဘ် ဟိုးလ်ဒင်း ကတော့ လန်ဒန် တောင်ပိုင်း ကလပ် ကနေ ထွက်ခွာဖို့ အသင်းသစ် ရှာဖွေနေကြောင်း သိရပါတယ်။ အာဆင်နယ် နောက်ခံလူဟောင်းကို မေဂျာလိဂ် ကလပ် ကော်လိုရာဒို ရက်ပစ်က ချိတ်ဆက်လျက် ရှိပါတယ်။

ဘေယန်မြူးနစ် တောင်ပံ ကစားသမား ဘရိုင်ယန် ဇာရာဂိုဇာ ကတော့ ဖီနာဘာချီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ ဇာရာဂိုဇာဟာ နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ ဖုန်းဆက် စည်းရုံးမှုကိုလည်း ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်