ဂျူပ်ဘ် ဘယ်လင်ဟမ် ကတော့ ရီးရဲလ်မက်ဒရစ်လို ထိပ်တန်း ကလပ်ကြီး တစ်ခုမှာ ကစားနေတဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီတော်စပ်သူ ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ ဂျူ့ဒ်က လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါပေမယ့်လည်း ညီဖြစ်သူ ဂျူပ်ဘ် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာ ခြေစွမ်းပြနိုင်ဖို့ တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။
ဂျူ့ဒ်နဲ့ ဂျူပ်ဘ် ဘယ်လင်ဟမ် တို့ဟာ ဘာမင်ဂမ်စီးတီးထွက် ကစားသမားတွေ ဖြစ်ကြပြီးတော့ အသက် ၂၀ အရွယ် ဂျူပ်ဘ် ဘယ်လင်ဟမ်ဟာ အစ်ကိုဖြစ်သူ ဂျူ့ဒ်ရဲ့ လမ်းစဉ် အတိုင်းပဲ ဒီရာသီအစမှာ ဆန်းဒါးလန်း ကနေ ဒေါ့မန်ကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ ဒေါ့မန်မှာ ၃ ရာသီ အတွင်း ၁၃၂ ပွဲ ကစား၊ ၂၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဆုဖလား အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဂျူပ်ဘ် ကတော့ သူ့ရဲ့ အစ်ကိုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး ၂၇ ပွဲ ကစားပြီးချိန် အထိ ၁ ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုလည်း ၃ ကြိမ်သာ ပြုလုပ်ထားနိုင်ပါသေးတယ်။
ဒါ့အပြင် ဂျူပ်ဘ် ဘယ်လင်ဟမ်က ဘွန်ဒက်စ်လီဂါမှာ ၅ ပွဲသာ ပွဲထွက် ကစားခွင့်ရထားပါတယ်။ ဒါ့အပြင် ဂျုပ်ဘက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း ဖရိုင်းဘတ်နဲ့ ၁-၁ ဂိုးစီ သရေကျတဲ့ ပွဲစဉ် မှာလည်း အနီကတ်ပြသခံခဲ့ရပါသေးတယ်။ တကယ်တော့ ဂျူ့ဒ်နဲ့ ဂျုပ်ဘ်ဟာ အရပ်အမောင်းနဲ့ ကြံ့ခိုင်မှု အပိုင်းတွေမှာ သိပ်မကွာကြပေမယ့် အတွေ့အကြုံနဲ့ နည်းစနစ်ပိုင်နိုင်မှု မှာတော့ အကို ဖြစ်သူ ဂျူ့ဒ်က ပိုသာနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒေါ့မန် တာဝန်ရှိသူတွေ ကတော့ ဂျုပ်ဘ် ဘယ်လင်ဂမ်ရဲ့ အရည်အချင်းကို အပြည့်အ၀ ယုံကြည်ထားပြီး မကြာခင်မှာ ပုံစံကောင်းနဲ့ ပြန်လာနိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် ဒေါ့မန်ရဲ့ တာဝန်ရှိသူတွေဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း ကွင်းလယ်လူ တစ်ဦး ခေါ်ယူ အားဖြည့်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း ဒေါ့မန် အမှုဆောင်အရာရှိချုပ် လားစ်ရစ်ကန်၊ အားကစားဒါရိုက်တာ ဆီဘက်ရှန် ခါးလ်နဲ့ နည်းပြ နီကို ကိုဗက် တို့ဟာ ဂျုပ်ဘ် တစ်ယောက် ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေသွားမယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ တာဝန်ရှိသူ ၃ ဦးဟာ ဂျုပ်ဘ် ဘယ်လင်ဂမ် အနေနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကြိုးစားပြီး ခြေစွမ်းပြနေသူလို့ ယူဆနေတာပါ။ ဒါကြောင့် ဂျုပ်ဘ် အနေနဲ့ အခုထက် အခုထက် ပိုပြီး ယုံကြည်မှု ရှိလာပြီးတော့ အရင်လို ခြေစွမ်းကောင်းတွေ ပြန်လည် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
ဂျုပ်ဘ် ဘယ်လင်ဟမ်ရဲ့ ဖခင် ဖြစ်သူ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဘယ်လင်ဟမ်ရဲ့ ဖခင် မာ့ခ်ဟာ သူ့ရဲ့ သားကို လူစားလဲခဲ့တာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်ပြီးတော့ နည်းပြ နီကို ကိုဗက်၊ ဒေါ့မန် တာဝန်ရှိသူတွေနဲ့ ပြဿနာတက်ခဲ့ကြောင်းလည်း သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒေါ့မန်ဟာ လက်ရှိရာသီမှာ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲ ၁ ပွဲသာ ရှိပေမယ့် သရေ ၅ ပွဲ ရှိထားခြင်းနဲ့ အတူ ဦးဆောင်သူ ဘေယန်နဲ့လည်း ၉ မှတ် အထိ ပြတ်နေပါတယ်။ ဖြစ်နိုင်ခြေ များတာ ကတော့ ဒေါ့မန် အနေနဲ့ လက်ရှိ ပုံစံ အတိုင်း ဆိုရင်တော့ ဒီရာသီ မှာလည်း ဘေယန်မြူးနစ်ရဲ့ နောက်ကောက်ချခြင်း ခံရပြီး ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


