ချဲလ်ဆီး ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တောင်ပံ တိုက်စစ် ကစားသမားလေး ဂျေမီ ဂစ်တန်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး တော်တော်လေးလည်း ခရီးပေါက်နေပါပြီ။ ဒါပေမယ့်လည်း အခုလက်ရှိမှာ ဒေါ့မန်ရဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ်က ဂျေမီ ဂစ်တန်စ်ကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်လာတာကြောင့် အပြောင်းအရွှေ့က တမျိုးတဖုံ ပြောင်းလဲသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အသက် ၂ဝ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ ၂၁ ကစားသမားလေး ချဲလ်ဆီးနဲ့ ၇ နှစ် စာချုပ် အတွက် နှုတ်အားဖြင့် သဘောတူညီမှုရထားပြီးပါပြီ။ ချဲလ်ဆီးဟာ ဂစ်တန်စ်ကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ကတည်းက ခေါ်ယူဖို့ ရည်ရွယ်ထားခဲ့တာပါ။ ကြန့်ကြာနေရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ ဒေါ့မန် ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ကိုတော့ ချဲလ်ဆီး ဘက်က ပေးချေဖို့ ဆန္ဒမရှိတာကြောင့် ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အခုလ အစောပိုင်းမှာ ဂျေမီ ဂစ်တန်စ် အတွက် ဒေါ့မန်ထံ ကမ်းလှမ်းမှု ၂ ကြိမ် ပြုလုပ်ထားခဲ့ပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၄၂ သန်း အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ ပယ်ချခဲ့ပြီး ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းမှသာ လက်ခံ စဉ်းစားသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ တို့ဟာ အင်္ဂလန် ဆယ်ကျော်သက် ကြယ်ပွင့်လေးကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ စာချုပ်သစ်ကို ငြင်းဆန် ပယ်ချပြီး တူရကီ ကလပ် ဂါလာတာဆာရေးကို ပြောင်းရွှေ့သွားတဲ့ လီရွိုင်း ဆာနေးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တိုက်စစ် ကစားသမား တစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ ပြင်သစ် နာမည်ကြီး သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ ဘေယန်မြူးနစ်ဟာ ဒေါ့မန်နဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ပြီး မကြာခင်မှာ တရားဝင် ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။
ဂစ်တန်စ်ဟာ မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဂျာမန် ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂစ်တန်စ်ဟာ ဒေါ့မန် အတွက် ပြိုင်ပွဲစုံမှာ ၄၉ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်လာခဲ့တာပါ။ ဒါပေမယ့်လည်း အင်္ဂလန်သားက နည်းပြ နီကို ကိုဗက် လက်အောက် မှာတော့ ပွဲထွက်ခွင့် ပိုမိုနည်းလာခဲ့ပြီး လက်ရှိမှာတော့ အသင်း ပြောင်းဖို့ ကိုသာ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ဂစ်တန်စ်ဟာ လက်တလော ကစားနေတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒေါ့မန် အတွက် ၂ ပွဲမှာ ၁၃ မိနစ်သာ ကစားခွင့် ရရှိထားပါတယ်။ ဒေါ့မန် အားကစား ဒါရိုက်တာ ဆဘက်ရှန် ခါးလ် ကတော့ ဂျေမီ ဂစ်တန်စ်နဲ့ ပတ်သတ်ပြီး ချဲလ်ဆီးနဲ့ သဘောတူညီမှု မရခဲ့ကြောင်း အကြောင်းရင် ကတော့ ကစားသမားရဲ့ လက်ရှိ တန်ဖိုးနဲ့ ပတ်သက်ပြီးတော့ နှစ်သင်း အကြားမှာ ကွဲပြားတဲ့ အမြင်တွေ ရှိနေတာကြောင့် ဖြစ်ကြောင်း ဒါပေမယ့်လည်း ဆွေးနွေးမှုတွေ ကတော့ အလွန်ပဲ လေးစားစရာ ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ခါးလ်က ချဲလ်ဆီးနဲ့ ဒေါ့မန်တို့ အကြားမှာ နှစ်ပေါင်း များစွာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ ပြောကြားခဲ့တာကြောင့် ချဲလ်ဆီး ကသာ ဒေါ့မန် လိုချင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ နီးစပ်တဲ့ ပမာဏ တစ်ခု အထိ ထပ်တိုး ကမ်းလှမ်းခဲ့မယ် ဆိုရင်တော့ ဂစ်တန်စ် တစ်ယောက် ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာနိုင်ဖွယ် ရှိနေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.