နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၁/၁၀/၂၀၂၂)

အောက်တိုဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

မာနေး အသင်း ပြောင်းသွားလို့ ရာသီ အဖွင့်မှာ ရလဒ်ဆိုးခဲ့တယ် ဆိုတာကို ငြင်းဆန်ခဲ့တဲ့ ဗန်ဒိုက်ခ်

လစ်ဗာပူးလ် နောက်ခံလူ ဗာဂယ်လ် ဗန်ဒိုက်ခ် က မနေ့ညက မန်စီးတီးကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမတိုင်ခင် အသင်းရဲ့ ရာသီအဖွင့် အထနှေးမှုက ဆာဒီယို မာနေး မရှိတာကြောင့် ဆိုတဲ့ အမြင်တွေကို ငြင်းဆန်ခဲ့ပါတယ်။

မာနေးဟာ လစ်ဗာပူးလ်မှာ ကစားသမားဘဝ (၆) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ရနိုင်သမျှ ဆုဖလား အောင်မြင်မှု အားလုံးကို ရယူသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ မှာတော့ မာနေးက ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပြီး လစ်ဗာပူးလ် ကလည်း ဒီရာသီ အစောပိုင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲ ရဖို့ အသည်းအသန် ရုန်းကန်နေရပါတယ်။

ဒါပေမယ့် ဗန်ဒိုက်ခ်ကတော့ “ဒီအမြင်တွေက ရယ်စရာကောင်းပါတယ်။ ကျနော် ဒါကို ပုဂ္ဂိုလ်ရေး အမြင်အရလည်း ပြောတာ မဟုတ်ပါဘူး။ မာနေးက ကျနော်တို့ အတွက် ကြီးမားတဲ့ ကစားသမားတယောက်ပါ”

“ဒါပေမယ့် သူ အသင်းက ထွက်ချင်ခဲ့ပြီး ကျနော်တို့က သူ့ကို အသင်း ကနေ ထွက်စေချင်ခဲ့တာ မဟုတ်ပါဘူး” လို့ တုံ့ပြန် ပြောကြားသွားခဲ့ပါတယ်။

 

ဟမ်းမဲလ်ကို လာမယ့် ဆောင်းရာသီမှာ စာချုပ်သစ် ကမ်းလှမ်းမယ့် ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် တာဝန်ရှိသူတွေဟာ အသင်းရဲ့ဝါရင့်နောက်ခံလူ မတ် ဟမ်းမဲလ်ကို လာမယ့် ဆောင်းရာသီမှာ စာချုပ်သစ် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် တာဝန်ယူထားတဲ့ မတ် ဟမ်းမဲလ်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် တာဝန်ရှိသူတွေဟာ အသင်းရဲ့ဝါရင့်နောက်ခံလူ မတ် ဟမ်းမဲလ်ကို လာမယ့် ဆောင်းရာသီမှာ စာချုပ်သစ် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဟမ်းမဲလ်ရဲ့ လက်ရှိ စာချုပ်က လာမယ့် နွေရာသီမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒေါ့မန်ဟာ လာမယ့် လပိုင်းအတွင်း အသင်းမှာ ရှိတဲ့ ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုမျိုး စာချုပ်သစ်ချုပ်မယ့် ကစားသမားတွေထဲမှာ ဒုတိယ အသင်းခေါင်းဆောင် ဟမ်းမဲလ် လည်း အဓိက အသင်းခေါင်းဆောင် မာကိုရူးစ်နဲ့ အတူ ပါဝင်နေပါတယ်။

ဂျာမန် နာမည်ကျော် သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ဒေါ့မန် အကြီးအကဲတွေဟာ အသက် (၃၃) နှစ် အရွယ် ဟမ်းမဲလ်ရဲ့ ခြေစွမ်းကို သဘောကျနေပြီး ဆောင်းရာသီ အားလပ်ရက် ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး ရှေ့နှစ် ဇန်နဝါရီမှာ စာချုပ်သစ် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ဒေါ့မန်ဟာ ဟမ်းမဲလ်ကို တနှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားမှာ ဖြစ်ပြီး ဒီတနှစ် စာချုပ်မှာလည်း နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ပါရှိတဲ့ အချက်ကိုလည်း ထည့်သွင်း ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 3.35
လိဒ် ယူနိုက်တက် အာရှ အကျောပေး -0.75 @ 2.40
ဂိုး‌အောက် 2.50 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

မာနေးကို ခေါ်ယူခဲ့တဲ့ ဘေယန်မြူးနစ်ကို ဂျာမန် ဂျာနယ်လစ် ဝေဖန်

ပြီးခဲ့တဲ့ နွေရာသီမှာ ဘေယန်မြူးနစ်တို့ မာနေးကို ခေါ်ယူခဲ့တဲ့ လုပ်ရပ် အပေါ် ဂျာမနီ ဆောင်းပါးရှင် အဲလက်စ် စတူဒယ်လ်က ဝေဖန် ပြောကြားလိုက်ပါတယ်။ မာနေးဟာ ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာပြီးနောက် တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသဖို့ ရုန်းကန်နေရတာပါ။

စတူဒယ်လ်က “မာနေးကို ခေါ်လိုက်တာက တို့ဟူးနဲ့ အဖြူရောင် ဝက်အူချောင်းကို ရောစပ်လိုက်သလိုပါပဲ။ တခါတလေ သူက ဘယ်ခြမ်းရောက်နေပြီး ဆာနေးကို ညာခြမ်းကို ပို့လိုက်ပါတယ်။ တခါတလေကျတော့လည်း ဗဟိုတိုက်စစ်မှာ သူတယောက်တည်း မျှော်လင့်ချက်မဲ့ နေပါတယ်”

“တခါတလေ သူလမ်းလျှောက်နေပါတယ်။ ဒါကို ဘယ်သူမှ ကျယ်ကျယ်လောင်လောင် မပြောရဲပါဘူး။ လီဝမ်ဒေါစကီး အတွက် မာနေးကို အစားထိုးလိုက်တယ်တဲ့လား။ ဘယ်သူက ဒီလိုအဓိပ္ပာယ် မရှိတာကို လုပ်ခဲ့တာလဲ” လို့ ပြောကြားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်