နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွန်ပနီကို ၂၀၂၉ ခုနှစ် အထိ သက်တမ်းတိုးလိုက်တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ နည်းပြ ဗင်းန်ဆင့် ကွန်ပနီကို နှစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ဒါကြောင့် ကွန်ပနီဟာ စာချုပ်သစ်အရ အလိုင်းရန့်ဇ် အရီနာမှာ ၂၀၂၉ ခုနှစ် အထိ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး နောက်ခံလူဟောင်း ဗင်းန်ဆင့် ကွန်ပနီဟာ ဘေယန်မြူးနစ်ကို ၂၀၂၄ ခုနှစ် မေလမှာ စတင် တာဝန်ယူခဲ့ပြီး မူလ စာချုပ် အရ ဆိုရင် ၂၀၂၇ ခုနှစ် နွေရာသီမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကွန်ပနီဟာ ဘေယန်မြူးနစ်ကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး သောမက်စ် တူချယ်ရဲ့ နေရာမှာ အစားထိုး ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ကလပ် အန်ဒါလက်ချ်နဲ့ အတူ နည်းပြ ဘဝ စတင်ခဲ့တဲ့ မန်စီးတီး အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဘန်လေကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ တန်းတင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၃-၂၄ ဘောလုံးရာသီ မှာတော့ ဘန်လေနဲ့ ကျရှုံးခဲ့ရပြီး တစ်ရာသီ အကြာမှာပဲ ချန်ပီယံရှစ်ကို ပြန်ဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲ ကစားရာမှာ နိုင်ပွဲ ၅ ပွဲသာ ရခဲ့ပြီး ၉ ပွဲ သရေ၊ ၂၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဘန်လေနဲ့ မှတ်တမ်းဆိုးတွေ ရရှိခဲ့သည့် တိုင်အောင် ကွန်ပနီ ကိုတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့က နည်းပြ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ထဲက ဘေယန်မြူးနစ်ဟာ ကွန်ပနီရဲ့ နည်းစနစ်ဗျူဟာနဲ့ အရည်အသွေးတွေကို ယုံကြည်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ် အရွယ် ကွန်ပနီ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဘေယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို စူပါဖလားလည်း ရရှိထားပါတယ်။ ဘေယန်ဟာ ကွန်ပနီ လက်ထက်မှာ ပြိုင်ပွဲစုံ ၆၇ ပွဲ ကစားပြီး မှာ ၄၉ ပွဲအထိ အနိုင်ရရှိထားသလို ဒီရာသီ ပြိုင်ပွဲစုံမှာလည်း ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပါတယ်။

အသက် ၃၉ နှစ် အရွယ် ကွန်ပနီ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဘေယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို စူပါဖလားလည်း ရရှိထားပါတယ်။
ဒီရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတဲ့ ဘေယန်မြူးနစ်

ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဘေယန်မြူးနစ် ဘက်က ကွန်ပနီကို စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုး အပြီးမှာတော့ ကွန်ပနီက “ကျွန်တော့် အနေနဲ့ ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ပထမဦးဆုံးနေ့ ကနေ စပြီး ကျွန်တော့်ကို ပေးခဲ့တဲ့ ယုံကြည်မှုနဲ့ အလုပ် ပတ်ဝန်းကျင်နဲ့ ဘေယန်မြူးနစ်ကို ကျေးဇူးတင်လိုပါတယ်။ ဒီမှာ ကျွန်တော့် အနေနဲ့ ကာလရှည်ကြာ ဆက်ရှိနေမယ်လို့ ခံစားရပါတယ်။”

“ပြီးတော့ ဒီကလပ် အကြောင်းကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါက ကြီးကျယ် ခမ်းနားတဲ့ အတွေ့အကြုံ တစ်ခုပါပဲ။ ကျွန်တော် တို့ဟာ အံ့အားသင့်စရာ ကောင်းတဲ့ ခရီးတစ်ခုကို စတင်ခဲ့တယ်။ ဆက်လက် ကြိုးစားပြီး အောင်မြင်မှုတွေ အတွက် ဂုဏ်ပြုရအောင်ပါ။” လို့ ကွန်ပနီက ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ အစမှာ ဂျာမန် စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ ၅ မှတ် ဖြတ် ဦးဆောင်ထားပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်က ချန်ပီယံလိဂ် မှာလည်း ၃ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ဂိုးကွာခြားချက် +၁၀ နဲ့ လိဂ်အဆင့် အမှတ်ပေးဇယားကို ပီအက်စ်ဂျီနဲ့ အတူ ပူးတွဲ ဦးဆောင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်