အခုတစ်ခါမှာလည်း ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တိုက်စစ်မှူး လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Fichajes က ဖော်ပြပါတယ်။ ဂျာမန် လက်ရွေးစင်ဟာ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီး မြောက်လန်ဒန် ကလပ် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။
Sky သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ဂျ်ရဲ့ ဖော်ပြချက်အရ လေဗာကူဆင် အသင်းဟာ ဖလော်ရီယန် ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဟာဗေး အဲလီယော့တ်တဲ့ ဂျာရဲလ် ကွမ်ဆာ တို့ကို ထည့်သွင်းချင်နေကြောင်း သိရပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်နဲ့ လေဗာကူဆင် တို့ဟာ ဘွန်ဒက်စ်လီဂါ ကွင်းလယ် တိုက်စစ် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ အပြည့်အဝ သဘောတူညီမှု မရရှိသေးပါဘူး။ လေဗာကူဆင် ဘက်ကတော့ ပြောင်းရွှေ့ကြေး+ ကစားသမား ၂ ဦးကို အလိုရှိနေတယ်လို့ သိရပါတယ်။
BILD ရဲ့ ဖော်ပြချက်အရ ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် ကွင်းလယ်လူ အန်ဇို မီလော့တ် အနေနဲ့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ပြင်သစ် ကွင်းလယ် ကစားသမား ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၂၀ အောက်သာ ရှိနေပြီး ထိပ်တန်း ကလပ်များစွာက ခေါ်ယူချင်နေပါတယ်။ မီလော့တ်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ ပရီးမီးယားလိဂ် ကလပ် နှစ်ခု ဖြစ်တဲ့ အာဆင်နယ်နှင့် တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ ဟိုဆေးလူး ထွက်ခွာသွားပြီး နောက်ပိုင်း လစ်လပ်နေတဲ့ အထောင် တိုက်စစ်မှူး နေရာ အတွက် အင်နာကီ အန်ဂူလိုကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် အိုဆာဆူနာရဲ့ သမားရိုးကျ တိုက်စစ်မှူး အန်တီ ဘူဒီမီယာနဲ့လည်း ချိတ်ဆက်နေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီး ကွင်းလယ် ဗိုလ်ချုပ် ရိုဒရီကို ၂၀၂၆ ခုနှစ်မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကနေ သိရပါတယ်။
အက်စ်ပန်ညို ကနေ ယိုအန် ဂါစီယာ ရောက်ရှိလာပြီးနောက် ဘာစီလိုနာရဲ့ ပထမဦးစားပေး ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ရဲ့ အနာဂတ် ကတော့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ အသက် ၃၃ နှစ် အရွယ် ဒီဂိုးသမားကို မန်စီးတီးက စိတ်ဝင်စားနေပေမယ့်လည်း ဂျာမန် လက်ရွေးစင် ကတော့ ကတ်တာလိုးနီးယားမှာပဲ ပွဲထွက်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီနွေရာသီမှာ ရီးရဲလ်ဘက်တစ်ရဲ့ အမေရိကန် လက်ရွေးစင် ကွင်းလယ်လူ ဂျော်နီ ကာဒိုဆိုကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း MARCA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိမှာ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြန်သွားမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ Foot Mercato ရဲ့ ဖော်ပြချက် အရ အသက် ၄၀ အရွယ် တိုက်စစ်မှူးဟာ အဲလ်နာဆာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း Sky Sports ကတော့ Riyadh ပြိုင်ဘက် အဲလ်ဟီလာက အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခုနဲ့ ပတ်သက်ပြီးတော့ ရော်နယ်ဒိုနှင့် ဆွေးနွေးမှုတွေ ပြလုပ်နေကြောင်းလည်း ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.