တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူး ကတော့ တူရကီ ကလပ် ဖီနာဘာချီနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် တို့ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဩစတြေးလျ လူမျိုး နည်းပြကြီးဟာ ဒီအသင်းတွေရဲ့ နည်းပြ ရာထူး အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘယ်အသင်းကို ကိုင်တွယ်သွားမလဲ ဆိုတာတော့ မကြာခင် သိရတော့မှာ ဖြစ်ပါတယ်။
တူရကီ စူပါလိဂ် ကလပ် ဖီနာဘာချီ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ စပယ်ရှယ်ဝမ်း နည်းပြကြီး ဟိုဆေး မော်ရင်ညိုနဲ့ လမ်းခွဲထားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညို အနေနဲ့ ဖီနာဘာချီကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်က နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ထားပြီး နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ တန်ဟက်ဂ် ကတော့ လေဗာကူဆင်ကို ရာသီသစ် အတွက် ပွဲစဉ် ၃ ပွဲ ကိုင်တွယ်ပြီးချိန်မှာပဲ အားရစရာ ရလဒ်တွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ထူးခြားချက် ကတော့ မော်ရင်ညိုရော၊ တန်ဟက်ဂ်ပါ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းတွေ ဖြစ်ပြီး ဒီကြားထဲ သရဲနီဟောင်း အိုလီဂန်နာ ဆိုးလ်ရှား ကလည်း ဘက်ဆစ်တပ်စ်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။
အန်ဂျီ ပိုစတီကိုဂလူး ကတော့ ပြီးခဲ့တဲ့ ရာသီက မြောက်လန်ဒန် ကလပ် တော့တင်ဟမ်ဟော့စပါးကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာသာ ရပ်တည်နိုင်စေခဲ့တာကြောင့် ရာထူး ကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးဟာ တော့တင်ဟမ်ဟော့စပါး အတွက် ပွဲပေါင်း ၁၀၁ ပွဲ ကိုင်တွယ်ပေးခဲ့ပြီး ၄၇ ပွဲနိုင်၊ ၁၅ ပွဲ သရေ၊ ၃၉ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

လက်ရှိမှာ အန်ဂျီ ပိုစတီကိုဂလူးက အသင်း လက်မဲ့ ဖြစ်နေပြီးတော့ သူ့ကို စူပါလိဂ်နဲ့ ဘွန်ဒက်စ်လီဂါ ကလပ် တို့က ကမ်းလှမ်းပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ အန်ဂျီ ပိုစတီကိုဂလူးကို ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကလည်း ချိတ်ဆက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ နော့တင်ဟမ်ဖောရက်စ် မှာတော့ အသင်း ပိုင်ရှင် အီဗန်ဂီလော့စ် မာရီနာကစ်နဲ့ နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုတို့ ပွတ်တိုက်မှုတွေ ဖြစ်နေပြီး အကွဲအပြဲ ကလည်း ပိုမို ကြီးမားလာတာကြောင့် နည်းပြ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုစတီကိုဂလူးကို ပြီးခဲ့တဲ့ ဇွန်လက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီ ကလည်း ချိတ်ဆက်ခဲ့သေးပြီး ကံယာကံရှင် ကိုယ်တိုင် ကတော့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
နှစ်သင်းစလုံးက ဥရောပ ပြိုင်ပွဲတွေ ယှဥ်ပြိုင်ရဖို့ ရှိနေတာကြောင့် ထိပ်တန်း နည်းပြ တစ်ဦးကို ကိုင်တွယ်စေချင်နေပြီး ပိုစတီကိုဂလူး အနေနဲ့ အသင်း တစ်သင်းသင်းကို ရွေးချယ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ လေဗာကူဆင် ကတော့ လက်ရှိ ရီးရဲလ်မက်ဒရစ် အရန် အသင်း နည်းပြဟောင်း ရာအူးလ်ကို စိတ်ဝင်စားနေသလို ဘွန်ဒက်စ်လီဂါ နည်းပြဟောင်းတွေ ဖြစ်တဲ့ အီဒင် တာဇစ်၊ မာကို ရို့စ် တို့ကိုလည်း ချိတ်ဆက်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.