နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်နဲ့ ဘုန်းမောက် ကစားသမားတွေ အများဆုံး ပါဝင်ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ခါတင် စာရင်း | ဘောလုံး

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲအစည်း (PFA) ကတော့ ၂၀၂၅ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ခါတင် ကစားသမား ၆ ဦး စာရင်းကို ထုတ်ပြန်လာခဲ့ပါတယ်။ ဒီဆုဟာ အသက် ၂၁ အောက် ဘောလုံးသမားတွေကို ၁၉၇၃-၁၉၇၄ ဘောလုံးရာသီက စတင်ပြီး နှစ်စဉ် ပေးအပ် ချီးမြှင့်လေ့ရှိတဲ့ဆု ဖြစ်ပါတယ်။ 

လက်ရှိ PFAရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက် ဆန်ခါတင် ၆ ဦး စာရင်း မှာတော့ အာဆင်နယ်နဲ့ ဘုန်းမောက် ကစားသမား ၂ ဦးစီ ပါဝင်ခဲ့ကာ အများဆုံး ဖြစ်ခဲ့ပြီး အစ်ပ်ဆွစ်စ်ချ်တောင်းနဲ့ အက်စတွန်ဗီလာက တစ်ဦးစီ ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေ ကတော့ အာဆင်နယ် တောင်ပံ တိုက်စစ် ကစားသမား အီသန် နွမ်နရီ၊ မိုင်းစ် လီဝစ်-စကယ်လီ၊ ဘုန်းမောက် နောက်ခံလူတွေ ဖြစ်ကြတဲ့ ဒင်းန် ဟောက်ဆန် (လက်ရှိ ရီးရဲလ်မက်ဒရစ်)၊ မီလော့စ် ကာကက်ဇ်၊ အစ်ပ်ဆွစ်ချ်တောင်း တိုက်စစ်မှူး လီယမ် ဒီလက်ပ် (လက်ရှိ ချဲလ်ဆီး)နဲ့ အက်စတွန်ဗီလာ တိုက်စစ် ကစားသမား မော်ဂန် ရော်ဂျာစ် တို့ ဖြစ်ပါတယ်။

PFA ဟာ ပြီးခဲ့တဲ့ ရာသီက ဘောလုံးသမားတွေ ကိုယ်စားပြု ကစားခဲ့တဲ့ ကလပ် အသင်းတွေနဲ့သာ ယှဉ်တွဲ ဖော်ပြခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ ဆိုရင် လီယမ် ဒီလက်ပ်က ချဲလ်ဆီး၊ ဒင်းန် ဟောက်ဆန်က ရီးရဲလ်မက်ဒရစ် အတွက် ကိုယ်စားပြုနေပြီ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ ဆန်ကာတင် ကစားသမားတွေရဲ့ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေကို ပြန်ကြည့်မယ် ဆိုရင်တော့…

 

အီသန် နွမ်နရီ (အာဆင်နယ်)

အီသန် နွမ်နရီအသက် ၁၈ နှစ် အရွယ်သာ ရှိသေးပြီးတော့ အာဆင်နယ်ရဲ့ နာမည်ကျော် ဟေးလ်အန့် အကယ်ဒမီထွက် ကစားသမား ဖြစ်ပါတယ်။ နွမ်နရီဟာ ပြီးခဲ့တဲ့ ရာသီက ဂန်းနားတွေ အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီးတော့ ၉ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးခဲ့ပါတယ်။ အာဆင်နယ်နဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပေမယ့်လည်း နွမ်နရီက ပါဝင်ကစားခွင့်ရချိန်တိုင်းမှာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

 

မိုင်းလ်စ် လီဝစ်-စကယ်လီ

အခုနှစ် ဆန်ခါတင် စာရင်းမှာလည်း အင်္ဂလန် ဘောလုံးသမားက ၄ ဦး အထိ ပါဝင်နေပြီးတော့ စပိန် ကစားသမား ၁ ဦးနဲ့ ဟန်ဂေရီ ကစားသမား ၁ ဦး ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ လီဝစ်-စကယ်လီနဲ့ နွမ်နရီ

ဒီကစားသမားလေးဟာ အာဆင်နယ်ရဲ့ အားနည်းနေတဲ့ ဘယ်နောက်ခံလူ နေရာကို အကောင်းဆုံး ဖြည့်တင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ မလိုက်တဲ့ ဆုံးဖြတ်ချက် ပြတ်သားမှု၊ ကြံခိုင်မှု၊ စိတ်အားထက်သန်မှုတွေကြောင့် အာဆင်နယ် ပရိသတ်တွေရဲ့ အသဲစွဲ ဖြစ်ခဲ့ပြီး ဘိုလော့ဂ်နာ ကနေ ခေါ်ယူထားတဲ့ ရီကာဒို ကာလာဖီအိုရီ ကိုပါ မေ့သွားစေခဲ့သူပါ။ စကယ်လီဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပြီး ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးခဲ့ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

 

ဒင်းန် ဟောက်ဆန်

အသက် ၂၀ အရွယ် စပိန် ဗဟိုခံစစ်မှူးလေး ဒင်းန် ဟောက်ဆန် ကလည်း ပြီးခဲ့တဲ့ရာသီက ဘုန်းမောက် အတွက် ခြေစွမ်းပြနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်လို အသင်းကြီးရဲ့ စင်ပေါ်တင်ခြင်း ခံခဲ့ရသူပါ။ စပိန်သားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပြီး ၃ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးခဲ့သလို ဘုန်းမောက်ရဲ့ ခံစစ် ကိုလည်း အသက်အရွယ်နဲ့ မလိုက်အောင် တည်ငြိမ် ပြတ်သားစွာနဲ့ ဦးဆောင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ သူဦးဆောင်တဲ့ ဘုန်းမောက်ရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီက ၄၆ ဂိုးသာ ပေးခဲ့ရပြီး ပရီးမီးယားလိဂ်ရဲ့ ပဉ္စမမြောက် ပေးဂိုး အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

 

မီလော့စ် ကာကက်ဇ်

ဒင်းန်ဟောက်ဆန် လိုပဲ ဘုန်းမောက်ရဲ့ ခံစစ်မှာ ခြေစွမ်းပြခဲ့သူက အသက် ၂၁ နှစ် အရွယ် ဟန်ဂေရီ လက်ရွေးစင် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ် ဖြစ်ပါတယ်။ ကာကက်ဇ်ဟာ ဘယ်နောက်ခံလူ နေရာမှာ အဓိက ကစားပေမယ့် ဘယ်တောင်ပံ တစ်လျှောက် လွန်းထိုး ကစားနိုင်သူ ဖြစ်ကာ ပြီးခဲ့တဲ့ ရာသီက ဘုန်းမောက် အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ သူ့ကိုတော့ လစ်ဗာပူးလ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက အလိုရှိနေပြီလည်း ဖြစ်ပါတယ်။

 

မော်ဂန် ရော်ဂျာစ်

တောင်ပံနဲ့ တိုက်စစ် နေရာ အစုံမှာ ကစားနိုင်တဲ့ အသက် ၂၂ နှစ် အရွယ် ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားကာ ၁၄ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ မန်စီးတီး အကယ်ဒမီထွက် ကစားသမားက အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ကစားပေးနေရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည် အရ ဆိုရင်တော့ ရော်ဂျာစ်က PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဘောလုံးသမားဆု ရရှိဖို့ ဖြစ်နေခြေ အများဆုံး ဖြစ်ပါတယ်။

 

လီယမ် ဒီလက်ပ်

ဒီရာသီ ချဲလ်ဆီး တိုက်စစ်ကို ဦးဆောင်မယ့် လီယမ် ဒီလက်ပ် ကတော့ ပြီးခဲ့တဲ့ ရာသီက အစ်ပ်ဆွစ်ချ်တောင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပြီး ၁၂ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ဒီကစားသမားဟာ အစ်ပ်ဆွစ်ချ်တောင်းတို့ တန်းဆင်းသွားခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ပြီး သူကိုယ်တိုင် ကတော့ ငယ်ဘဝ အိမ်မက် ဖြစ်တဲ့ ချဲလ်ဆီးမှာ ကစားခွင့်ရဖို့ ကိုသာ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

PFA ဟာ ဒီဆုပေးပွဲ အခမ်းအနားကို သြဂုတ်လ ၁၉ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး မနှစ်က PFA ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ချဲလ်ဆီး တိုက်စစ် ကစားသမား ကိုးလ် ပါးလ်မားက ရရှိခဲ့ပါတယ်။ ဒီဆု ကိုတော့ နောက်ဆုံး ၁၀ နှစ် အတွင်း အင်္ဂလန် ကစားသမားတွေက ၉ ကြိမ် ရရှိခဲ့ပြီး ပြည်ပကစားသမားတွေထဲ မှာတော့ ဂျာမန် ကစားသမား အဖြစ် လီရွိုင်း ဆာနေး တစ်ဦးသာ ရရှိခဲ့ဖူးပါတယ်။အခုနှစ် ဆန်ခါတင် စာရင်းမှာလည်း အင်္ဂလန် ဘောလုံးသမားက ၄ ဦး အထိ ပါဝင်နေပြီးတော့ စပိန် ကစားသမား ၁ ဦးနဲ့ ဟန်ဂေရီ ကစားသမား ၁ ဦး ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်