နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စထရက်ဘော့ဂ်ကို ရှုံးနိမ့်ပြီးနောက် အသင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေ ပိုလိုအပ်ကြောင်း ဝန်ခံခဲ့ ဂလက်စ်နာ | ယူရိုပါကွန့်ဖရင့်လိဂ်

မနေ့ညက ယူရိုပါကွန့်ဖရင့်လိဂ် ပွဲစဉ်မှာ စထရက်ဘော့ဂ်ကို ရှုံးနိမ့်ပြီးနောက် ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာက သူ့အသင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေ ပိုမို လိုအပ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အိုလီဗာ ဂလက်စ်နာရဲ့ အသင်းက Final Third မှာ ဖြုန်းတီးမှုတွေ များပြားခဲ့ပြီး စထရက်ဘော့ဂ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ကာ နည်းပြ ဖြစ်သူက ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ပိုလိုအပ်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် မရှုံးထားတဲ့ ပဲလေ့စ်ဟာ ဒီနေ့ပွဲမှာ တိုင်ရစ် မစ်ချဲလ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အမ်မက်ဂါဟာ၊ အဲလ်မူရာဘတ် တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ်မှာ ၄ ပွဲ ကစားပြီးချိန် အထိ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားမှာ အဆင့် ၁၈ နေရာကို ရောက်ရှိနေပါတယ်။ သိမ်းငှက်တွေဟာ ဒီပွဲကို အနိုင်ရခဲ့မယ် ဆိုရင် ၁၆ သင်း အဆင့်ဆီ တိုက်ရိုက် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂလက်စ်နာ ကတော့ သူတို့ရဲ့ အသင်းရဲ့ ညံ့ဖျင်းတဲ့ အဆုံးသတ်တွေ အပေါ် နောင်တရနေခဲ့ပါတယ်။

ဂလက်စ်နာက “လွတ်နေတဲ့ ဂိုးပေါက်ကို ကန်သွင်းတဲ့ ၂ ကြိမ်စလုံး လွဲချော်ခဲပါတယ်။ ၃-၁ နဲ့ ဦးဆောင်နေသင့်တာပါ။ ပြီးတော့ ဂိုးသမားကို ကျော်ဖြတ်ဖို့ အခွင့်အရေးကြီး တစ်ကြိမ် ရခဲ့ပါတယ်။ ပြီးလည်း ပြီးရော ကျွန်တော်တို့ ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ပွဲကို အဆုံးအဖြတ် မပေးနိုင်ခဲ့တာက အကြိမ်ပေါင်း များစွာ ရှိခဲ့ပါတယ်။ ပြီးတော့ ဖရီးကစ် ကန်ပြီးတဲ့အချိန် မှာတောင် ကျွန်တော် တို့မှာ လုံလောက်တဲ့ တိကျမှု မရှိခဲ့ပါဘူး။ နောက်ဆုံး မှာတော့ ကျွန်တော်တို့ တစ်ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ရာခိုင်နှုန်းလောက် အားနည်းခဲ့တယ်လို့ ထင်ပါတယ်၊ အဲဒါကြောင့် ကောင်းမွန်တဲ့ စထရက်ဘော့ဂ်ကို ရှုံးနိမ့်ခဲ့တာပါ။” လို့ TNT Sport ကို ပြောကြားခဲ့ပါတယ်။

တစ်ဖက် မှာတော့ စထရက်ဘော့ဂ်က ယူရိုပါကွန့်ဖရင့်လိဂ်မှာ ရှုံးပွဲ မရှိသေးမှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပဲလေ့စ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ပိုလိုအပ်ကြောင်း ပြောလာတဲ့ ဂလက်စ်နာ

ပဲလေ့စ်ဟာ ပြီးခဲ့တဲ့လက ယူရိုပါကွန့်ဖရင့်လိဂ်မှာ လာနာကာကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အတိုင်း အလားတူ ပြဿနာမျိုး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ “ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ လွဲချော်ခဲ့ပေမယ့် ဂိုးမပေးရအောင် ထိန်းသိမ်းထားနိုင်ခဲ့လို့ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲ မှာတော့ ကျွန်တော်တို့ ရှုံးနိမ့်သင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ဒုတိယအကြိမ်မြောက် ရှုံးနိမ့်မှု ဖြစ်ပြီး အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့ပါတယ်။ လာနာကာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့ပါတယ်။ ဒါက ဇာတ်လမ်း တစ်ပုဒ်ပါပဲ။”

“ကျွန်တော် တို့မှာ ပွဲထွက်ပြီး ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားတွေ ပိုလိုအပ်ပါတယ်။ တစ်ဖက် မှာတော့ ဘယ်သူမှ တမင်တကာ မလုပ်ကြပါဘူး။ အခုချိန်မှာတော့ ဒါမျိုးက မကြာခဏ ဖြစ်တတ်ပါတယ်။ ပြိုင်ဘက် ကလည်း ကောင်းကောင်း ကစားနေတာကြောင့် ပေးဂိုး မရှိအောင် ထိန်းထားနိုင်မယ်လို့ အမြဲတမ်း တွေးထားလို့ မရပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ်မှာ ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံးပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ အကယ်၍ ပဲလေ့စ်သာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အတွက် ဆိုရင်တော့ လက်ကျန် ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ ပဲလေ့စ်ဟာ လာမယ့် ပွဲစဉ်တွေ အဖြစ် ရှဲလ်ဘုန်း၊ KuPS တို့နဲ့ ကစားဖို့ ကျန်ရှိနေပါတယ်။

တစ်ဖက် မှာတော့ စထရက်ဘော့ဂ်က ယူရိုပါကွန့်ဖရင့်လိဂ်မှာ ရှုံးပွဲ မရှိသေးမှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်