နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပလေးအော့ဖ် ကစားခွင့်ရခဲ့တာက နှတ်သမီး ပုံပြင် တစ်ခုလိုပဲလို့ ဆိုလိုက်တဲ့ ထရွိုင် ပါရော့တ် | ကမ္ဘာ့ဖလား

အင်္ဂလန် အိုင်ယာလန် ကတော့ ဟန်ဂေရီကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ၂-၃ နဲ့ အနိုင်ယူပြီး ပလေးအော့ဖ် ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အိုင်ယာလန် အတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ထရွိုင် ပါရော့တ်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ယှဉ်ပြိုင် ကစားခွင့် ရရှိခဲ့တာက သူတို့ အသင်း အတွက် နတ်သမီး ပုံပြင်လိုပဲ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အိုင်ယာလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (F)မှာ ပေါ်တူဂီ၊ ဟန်ဂေရီ၊ အာမေးနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ အိုင်ယာလန်ဟာ ခြေစစ်ပွဲတွေ ပြီးဆုံးဖို့ ၂ ပွဲ အလိုမှာ ရမှတ် ၄ မှတ်သာ ရရှိထားခဲ့ပေမယ့် လက်ကျန် ပွဲစဉ် ၂ ပွဲ စလုံးကို အနိုင်ကန်ပြီး ပလေးအော့ဖ် အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်ခွင့် ရရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ၂ ပွဲမှာ အိုင်ယာလန်က သူတို့ထက် အင်အားတောင့်တင်းပါတယ် ဆိုတဲ့ ပေါ်တူဂီကို ၂-၀၊ ဟန်ဂေရီကို (၂-၃) တို့နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတာက အဲဒီ ၂ ပွဲမှာ အိုင်ယာလန်တို့ ရရှိခဲ့တဲ့ အနိုင်ဂိုး ၅ ဂိုး စလုံးကို ထရွိုင် ပါရော့တ် တစ်ဦးတည်းကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အေဇက် အဲလ်ခမာမှာ ကစားနေတဲ့ ပါရော့တ်ဟာ အဝေးကွင်းမှာ အိုင်ယာလန် အတွက် ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အိုင်ယာလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (F)မှာ ပေါ်တူဂီ၊ ဟန်ဂေရီ၊ အာမေးနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ကွာတားဖိုင်နယ်အထိ တက်လှမ်းခဲ့ဖူးတဲ့ အိုင်ယာလန်

ဟန်ဂေရီနဲ့ ပွဲအပြီး မှာတော့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပါရော့တ်က မျက်ရည်တွေနဲ့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ ကျွန်တော် တကယ့်ကို မယုံနိုင်အောင်ပါပဲ။ ဒီလိုမျိုးအရာတွေ ဖြစ်နိုင်တာကြောင့်လည်း ကျွန်တော်တို ဘောလုံးကို ချစ်ကြတာပါ။ နှစ်ပေါင်း များစွာ အတွင်း ကျွန်တော် ပထမဦးဆုံး ငိုမိတာပါ။ အားလုံးလည်း ငိုနေကြပါတယ်။ ဒါဟာ နတ်သမီး ပုံပြင် တစ်ပုဒ်ပါပဲ။ ကျွန်တော်တို အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့ အရာပါ။ လူတိုင်းက ကျွန်တော် တို့ကို အုပ်စု ကနေ ထွက်ရမယ်လို သတ်မှတ်ခဲ့ကြမယ်လို့ ထင်ပါတယ်။” ဆိုပြီး ပါရော့တ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ ပါရော့တ်က အခု မျက်ရည်တွေဟာ ဝမ်းသာလို့ ကျတဲ့ မျက်ရည်တွေ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ အိုင်ယာလန် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပါဝင် ဆင်နွှဲခွင့် ရဖို့ ပလေးအော့ဖ် ထပ်မံ ကစားရဦးမှာ ဖြစ်ပြီး ဘယ်အသင်းတွေနဲ့ ထိပ်တို် ရင်ဆိုင်ရမလဲ ဆိုတာ ကတော့ နိုဝင်ဘာ ၂၀ ရက်နေ့မှ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်လို့ အခုတော့ မသိရသေးပါဘူး။

အိုင်ယာလန်ဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ၃ ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပြီး အမြင့်ဆုံး အနေနဲ့ ၁၉၉၀ မှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန် ၂ ကြိမ် ဖြစ်တဲ့ ၁၉၉၄နဲ့ ၂၀၀၂ ခုနှစ်တွေ မှာတော့ ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန်ရဲ့ အုပ်စု မှာတော့ ပေါ်တူဂီက နောက်ဆုံး ပွဲမှာ အာမေးနီးယားကို ၉-၁ ရလဒ်နဲ့ အနိုင်ရခဲ့ခြင်းနဲ့ အတူ ရမှတ် ၁၃ မှတ်နဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်