အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ စွယ်စုံရ အမေရိကန် တိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ်ခ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အက်စ်တွန်ဗီလာ ကလည်း စိတ်ဝင်စားနေပါတယ်။ ပူလီဆစ်ခ် ကတော့ ပရီးမီးယားလိဂ် နဲ့လည်း အသားကျတဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် အသင်းကြီးတွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
အဲလ်ဘေးနီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ကိန်းဟာ ဘရာဇီးလ် ဂန္တဝင်ဟောင်း ပီလီရဲ့ လက်ရွေးစင် အသင်းအတွက် သွင်းဂိုး ၇၇ ဂိုးကို ကျော်ဖျတ်ပြီး ၇၈ ဂိုး ဆိုတဲ့ စံချိန်သစ် တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိ အင်္ဂလန်က အကောင်းဆုံးသော အစုအဖွဲ့နဲ့ ပုံစံ အကောင်းဆုံး ရနေတဲ့ အသင်း ဖြစ်ကြောင်း ဟယ်ရီ ကိန်းက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်က ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ဝေးကွာနေပြီး တကျော့ပြန် အောင်မြင်မှု ရဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ် တစ်ယောက် ဒဏ်ရာကြောင့် ဘရာဇီးလ် လက်ရွေးစင် အသင်းဆီ ကနေ လန်ဒန်ကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဂါဘရီရယ် အနေနဲ့ ဒဏ်ရာကြောင့် အချိန်ကာလ ဘယ်လောက်အထိ အနားယူရမယ် ဆိုတာတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

ဒီကနေ့ မနက်မှာ ကစားခဲ့တဲ့ အီတလီနဲ့ နော်ဝေ တို့ရဲ့ ပွဲစဉ်မှာ နော်ဝေက ၁-၄ နဲ့ အနိုင်ကစားခဲ့တာကြောင့် နော်ဝေတို့ ရှုံးပွဲ မရှိ ရလဒ်နဲ့ အုပ်စု ဗိုလ် အဖြစ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ အီတလီ နည်းပြ ဂတ်တူဆို ကတော့ အီတလီ အသင်းရဲ့ ဒုတိယပိုင်း ဖြုန်းတီးမှုတွေနဲ့ ပတ်သက်ပြီး အသင်းသားတွေကို ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ တူရကီ ကွင်းလယ်လူ အာဒါ ဂူလာ ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်ထဲ ပါဝင်နေဆဲ ဖြစ်ပြီး ပေါင် ၈၈.၃ သန်းလောက်အထိ အသုံးပြုသွားရနိုင်ခြေ ရှိနေပါတယ်။ တစ်ဖက် မှာလည်း အမည်မဖော်တဲ့ ဆော်ဒီပရိုလိဂ် ကလပ် ၂ သင်းက မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးကို လာမယ့် ဆောင်းရာသီမှာ ခေါ်ယူဖို့ စီစဉ်နေကြပါတယ်။
လစ်ဗာပူးလ် ကတော့ အေဇက် အဲလ်ခယ်မာ အသင်း ကြယ်ပွင့် ကီးစ် စမစ်ကို ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးစားသွားမှာ ဖြစ်ပြီး ဒီကစားသမား ကတော့ ပီလီ လက်သစ် အဖြစ် တင်စားခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ အရန် တိုက်စစ်မှူး အဖြစ်သာ ကစားနေရတဲ့ ဂွန်ဇာလို ဂါစီယာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်တွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ ဒီကစားသမား ကိုတော့ အက်စတွန်ဗီလာ၊ ဆန်းဒါးလန်း၊ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် စတဲ့ အသင်းတွေ အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
ဘေယန်မြူးနစ် ကတော့ နောက်ခံလူ ဒါယော့တ် အူပါမီကာနိုကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ အပြည့်အဝ ယုံကြည် စိတ်ချထားကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


