နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်နဲ့ ဆုဖလား အောင်မြင်မှုတွေရမှ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းမယ့် ဆလီဘာ | လာလီဂါ

ဝီလီယမ် ဆလီဘာ ကတော့ ၏ အာဆင်နယ်နဲ့ မကြာသေးခင် ကမှ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် အနာဂတ် မှာတော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရပါတယ်။ ဆလီဘာရဲ့ အဆိုအရ သူ့အနေနဲ့ အနာဂတ်မှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပေမယ့် အာဆင်နယ်နဲ့ ဆုဖလား အောင်မြင်မှု ရရှိမှ အဲဒီကိစ္စကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။ 

အသက် ၂၄ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူးက ပြီးခဲ့တဲ့လကမှ အာဆင်နယ်နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ အမ်းမရိတ်စ်မှာ ၂၀၃၀ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဆလီဘာဟာ အာဆင်နယ်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ အတူ မရှိမဖြစ် အားထားရတဲ့ ခံစစ် ကျောက်ဆောင် အဖြစ် သတ်မှတ်ခံထားရသူပါ။ သူဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် အင်္ဂလန် ထိပ်တန်းလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲမှာလည်း ပါဝင်နေပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကိုလည်း နာမည်ကျော် ကား အမှတ်တံဆိပ် ဖြစ်တဲ့ Roll Royce နဲ့တောင် ခိုင်းနှိုင်းကြသူတွေတောင် ရှိပါတယ်။

လာလီဂါ ကလပ်ဟာ လက်ရှိမှာ ကိုနာတေး၊ အူပါမီကာနိုနဲ့ ဂူဟီ တို့လို ထိပ်တန်း အဆင့် နောက်ခံလူတွေကို ပစ်မှတ်ထားနေပါတယ်။
လာမယ့် ဆောင်းရာသီမှာလည်း ထိပ်တန်း အဆင့် ကစားသမားတွေ ခေါ်ယူ အားဖြည့်သွားမယ့် ရီးရဲလ်မက်ဒရစ်

ဒါကြောင့်လည်း ဆာလီဘာ အနေနဲ့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးထားသည့် တိုင်အောင် လာလီဂါ ထိပ်သီး တို့က ဘာနေဗျူးဆီ အရောက် ခေါ်ယူဖို့ ဆန္ဒပြင်းပြနေဆဲ ဖြစ်ပါတယ်။ ဆလီဘာ ကိုယ်တိုင် ကလည်း ရီးရဲလ်မက်ဒရစ်က သူ့ကို စိတ်ဝင်စားနေတာကို သိရှိထားပေမယ့် ပါးနပ်စွာ တည်ငြိမ်စွာနဲ့ပဲ အနာဂတ် အစီအစဉ်တွေကို ချမှတ်ထားတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ ခံစစ်ပိုင်းကို ဂရုတစိုက် ကစားတတ်တဲ့ နည်းပြ ဖြစ်သလို လာမယ့် အပြောင်းရွှေ့တွေ မှာလည်း ထိပ်တန်း ကစားသမားတွေနဲ့ အင်အား ဖြည့်တင်းဖို့ စီစဉ်ထားပါတယ်။ လာလီဂါ ကလပ်ဟာ လက်ရှိမှာ ကိုနာတေး၊ အူပါမီကာနိုနဲ့ ဂူဟီ တို့လို ထိပ်တန်း အဆင့် နောက်ခံလူတွေကို ပစ်မှတ်ထားနေပါတယ်။ အလွန်ဆိုရဲ့ အသင်း တာဝန်ရှိသူတွေကို တောင်းဆိုမှု အရ ရီးရဲလ်မက်ဒရစ် အနေနဲ့ လာမယ့် ဇန်နဝါရီ မှာတော့ ဒီ ၃ ဦးထဲက တစ်ဦးဦးကို အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ပြင်သစ် ရုပ်သံ အစီအစဉ် တစ်ခု ဖြစ်တဲ့ Telefoot နဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ ရှိလား ဆိုပြီး မေးမြန်းခဲ့ရာ မှာတော့ ဆလီဘာက “ဟုတ်ပါတယ်။ ရီးရဲလ်လို ကလပ်မျိုးက ခေါ်ယူဖို့ ကြိုးပမ်းနေတာက တကယ့်ကို မက်မောလောက်စရာ အခွင့်အရေးပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆန္ဒ ကတော့ အာဆင်နယ် မှာပဲ ဆက်ကစားသွားချင်ပါတယ်။ အသင်းနဲ့ အတူ ဆုဖလားတွေ ရယူသွားဖို အရင်ဆုံး ကြိုးစားသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှ ကျန်တာတွေ စဉ်းစားသွားမှာပါ။” လို့ ပါးပါးနပ်နပ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ချက် ရှိနေပြီး ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား စတဲ့ ပြိုင်ပွဲ ၄ ခုစလုံး မှာလည်း ပါဝင်ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေသာ ရရှိမယ် ဆိုရင် အသင်း ကနေ ဆာလီဘာ ထွက်ခွာမှာကို အာဆင်နယ် ပရိသတ်တွေ အနေနဲ့ စိုးရိမ်နေရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာနေသလို ချန်ပီယံလိဂ် မှာတော့ တစ်ကြိမ်မှာ ဗိုလ်စွဲခဲ့ဖူးခြင်း မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်