စနေနေ့ညက ပရီးမီးယားလိဂ်ရဲ့ နောက်အကျဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ အက်စတွန်ဗီလာတို့ အန်ဖီးလ်မှာ ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ အိမ်ရှင် လစ်ဗာပူးလ်က ဆာလာ၊ ဂရာဗန်ဘက်ချ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဗီလာကို အနိုင်ရခဲ့ပြီး နည်းပြ ဆလော့တ် အနေနဲ့လည်း ဖိအားတွေကို အတန်အသင့် လျှော့ချနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က ဂရာဗန်ဘက်ချ်နဲ့ မက် အယ်လစ္စတာ တို့ကို Doubel Pivot အဖြစ် သုံးပြီး ဆိုဘို့ဇ်လိုင်း ကိုတော့ ကွင်းလယ် တိုက်စစ် နေရာမှာ သုံးခဲ့ပါတယ်။ အထောင် တိုက်စစ် မှာတော့ ဟူဂို အစ်ကီတီကီပဲ ပွဲထွက်လာပြီး ဆာလာ၊ ဂက်ခ်ပို တို့နဲ့ လူစုံခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်း ကလည်း ဝက်ကင်န်၊ မက်ဂင်းန်၊ ရော်ဂျာစ်၊ ဂက်ဆန်၊ အိုနာနာ၊ ပါအူ၊ ကွန်ဆာ၊ ကတ်ရှ်၊ မာတီနက်ဇ် တို့နဲ့ လစ်ဗာပူးလ်ကို အတောင့်တင်းဆုံး ရင်ဆိုင်သွားခဲ့ပါတယ်။
ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် ရှိခဲ့ကြပေမယ့် အိမ်ရှင် လစ်ဗာပူးလ်က တိုက်စစ်ကို ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပထမပိုင်းမှာ ဗီလာ ဂိုးပေါက်ကို ၁၃ ကြိမ် အထိ ကန်နိုင်ခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၃ ကြိမ်သာ ရှိခဲ့ပြီး ဆာလာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဂရာဗန်ဘက်ချ်က သွင်းယူပေးခဲ့ပါတယ်။ ဆလော့တ်ရဲ့ အသင်းက ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ချိန်မှာ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကြောင့် လက်ကျန် မိနစ်တွေက သိပ်ပြီး ကြည့်မကောင်းခဲ့ပါဘူး။ ဆလော့တ် အနေနဲ့ အနိုင်သေချာစေမယ့် ဗျူဟာကို ရွေးချယ်ခဲ့ပုံရပြီး မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။

ဒီနေ့ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ မိုဟာမက် ဆာလာ ကတော့ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၅၀ ပြည့်ခဲ့ပြီး လစ်ဗာပူးလ် ကစားသမားတွေထဲ မှာတော့ တတိယမြောက် ဒီမှတ်တမ်းကို ပိုင်ဆိုင်သူ ဖြစ်လာပါတယ်။ ဆာလာရဲ့ ရှေ့မှာတော့ အီယန် ရက်ရှ် (၃၄၆ ဂိုး)နဲ့ ရော်ဂျာ ဟန့် (၂၈၅ ဂိုး) တို့က ရှိနေပါတယ်။ ဒါ့အပြင် ဆာလာက ပရီးမီးယားလိဂ်မှာ စုစုပေါင်း ဂိုးပါဝင် ပတ်သတ်မှု ၂၇၆ ကြိမ် (၁၈၈ ဂိုးသွင်း၊ ၈၈ ကြိမ် ဂိုးဖန်တီး) အထိ ရှိလာခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်သားကြီး အနေနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမားဟောင်း ဝိန်းရွန်နီရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာနေး ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ရှုံးနိမ့်နေမှုကို ရပ်တန့်နိုင်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၃ နေရာကို ယာယီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဗီလာ ကတော့ ဒီရာသီ အတွက် တတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ရမှတ် ၁၅ မှတ်နဲ့ အတူ အဆင့် ၁၁ နေရာမှာ ရှိနေခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် လိဂ်ဆင့် ပွဲစဉ် ၄ ကို ဆက်လက် ကစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် နွှဲရဦးမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ လစ်ဗာပူးလ်က ဆက်တိုက် ပွဲချောင်သွားဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။ ဗီလာ ကတော့ သောကြာနေ့မှာ မက်ကာဘီ တဲလ်အဗစ်နဲ့ ယူရိုပါလိဂ် ကစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့ မှာတော့ ခြေစွာနေတဲ့ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


