နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ထိပ်တန်း ကွင်းလယ်လူ ၃ ဦးကို ပစ်မှတ် စာရင်းထဲ ထည့်ထားတဲ့ လစ်ဗာပူးလ်၊ မန်စီးတီးရဲ့ နောက်ထပ် အပယ်ခံ ကစားသမား တစ်ဦးကို ခေါ်ယူချင်နေတဲ့ အဲဗာတန် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် လစ်ဗာပူးလ် ကတော့ ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့နဲ့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန် တို့ကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ တစ်ဖက် မှာလည်း ကြိုးကြာနီတွေက ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား အက်ဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ကာမာဗင်ဂါ ကိုတော့ လစ်ဗာပူးလ် အပြင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ကလည်း ခေါ်ယူချင်နေပါတယ်။ 

ဒေါ့မန် ကတော့ သူတို့ရဲ့ ကွင်းလယ် ကစားသမား ဂျုပ်ဘ် ဘယ်လင်ဟမ် အတွက် ကမ်းလှမ်းချက်တွေကို စဉ်းစားသွားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီအင်္ဂလန် ကစားသမားလေး ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေကြောင်း Fichajes က အတည်ပြုထားပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ လိုက်ပ်ဇစ် ဗဟိုခံစစ် ကစားသမား ကားလို့စ် လူ့ခ်ကီဘာကို ယူရို သန်း ၆၀ (ပေါင် ၅၂.၁ သန်း၊ ဒေါ်လာ ၆၉.၅ သန်း) နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်တွေဟာ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး တို့နှင့် စကားပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့ကလည်း ဆားဘီးယားသားကို ခေါ်ယူဖို့ အလေးအနက်ထား စဉ်းစားနေကြောင်း TBR Football က ဖော်ပြပါတယ်။

အဲဗာတန် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကွင်းလယ်လူ ကဲလ်ဗင် ဖီးလစ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ Football Insider က ဖော်ပြပါတယ်။
ဂရီးလစ်ရှ် ပြီးနောက် ကဲလ်ဗင် ဖီးလစ်ကိုပါ ထပ်မံ ခေါ်ယူချင်နေတဲ့ အဲဗာတန်

ချဲလ်ဆီးရဲ့ နွေရာသီ ပစ်မှတ် ဖြစ်တဲ့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်နွန်ဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ အစီအစဥ် ရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြပါတယ်။

အသက် ၁၅ နှစ် အရွယ် မန်ချက်စတာယူနိုက်တက် ကစားသမားလေး ဂျေဂျေ ဂါဘရီရယ် ကိုတော့ အာဆင်နယ်က ခေါ်ယချင်နေပါတယ်။ ‘ကလေး မက်ဆီ’ လို့ နာမည်ပြောင်ပေးခံထားရတဲ့ ဆယ်ကျော်သက် ကစားသမားလေးကို ထိန်းသိမ်းထားဖို့ သရဲနီတွေ အနေနဲ့ အဆင်သင့် ဖြစ်နေကြောင်း Daily Mailက ဖော်ပြပါတယ်။

အဲဗာတန် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကွင်းလယ်လူ ကဲလ်ဗင် ဖီးလစ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ Football Insider က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတေ့ အသက် ၁၉ နှစ် အရွယ် ဗက်စ်ကို ဒဂါးမား တောင်ပံကစားသမား ရေယန်ကို အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ကို ကျော်ဖြတ်ပြီး ယူရို သန်း ၃၀ (ပေါင် ၂၆.၁ သန်း) နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပါတယ်။

နယူးကာဆယ် ကတော့ Financial Fair Play ပြဿနာတွေကြောင့် ပြည်တွင်းဖြစ် ပါရမီရှင်တွေကို ရောင်းချပြီး နော့တင်ဟမ်ဖောရက်စ်နဲ့ အင်္ဂလန် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ပြန်လည် ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း Football Insiderက ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က အသင်းမှာ ပျော်ရွှင်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် သူက ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ကို ထိခိုက်မှာစိုးလို့ ဆော်ဒီအာရေဗျကို မပြောင်းရွှေ့တာ ဖြစ်ကြောင်း သုံးသပ်ချက်တွေကိုလည်း ငြင်းဆန်ထားပါတယ်။ အသက် ၃၁ နှစ် အရွယ် ဖာနန်ဒက်စ်ဟာ အဲလ်ဟီလာ၊ အဲလ်အစ်တီဟတ် အသင်းတွေက ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ၂၀၃၁ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။ ၎င်းက ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ရေးဟာ သူ့အိပ်မက်သာ မဟုတ်ဘဲ ပေါ်တူဂီပြည်သူ တစ်ရပ်လုံးရဲ့ အိပ်မက်လို့လည်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်