နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးက လွဲပြီး ဘယ်အသင်းကိုမှ မပြောင်းချင်တဲ့ ဂါနာချို | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် ပျောက်ဆုံးနေတဲ့ တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချို ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုလည်း ဂါနာချိုက ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့သည့်တိုင်အောင် ငြင်းဆန် ပယ်ချပြီး ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့လိုကြောင်း ပြတ်သားတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်ပါတယ်။

တကယ်တော့ ဂါနာချိုဟာ အလားအလာ အရမ်းကောင်းတဲ့ လူငယ် ကစားသမားလေး တစ်ဦးပါ။ ဒါပေမယ့်လည်း အာဂျင်တီးနားသားက နည်းပြ ရူဘင် အမော်ရင်ရဲ့ မျက်နှာသာပေးခြင်း မရခံရတာကြောင့် အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမော်ရင် ကိုယ်တိုင် ကလည်း သူ့ကို မလိုအပ်ကြောင်း ပြောထားပြီး အသင်းသစ် ရှာဖွေဖို့ တိုက်တွန်းထားပါတယ်။ 

ဒီအချိန်မှာ ဂါနာချိုက ချဲလ်ဆီးက လွဲပြီး ဘယ်အသင်းကိုမှ မပြောင်းချင်ကြောင်း ဆုံးဖြတ်ချက် ခိုင်မာလွန်းနေပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီး ကလည်း ဂါနာချိုကို ခေါ်ယူဖို စိတ်အား ထက်သန်နေပါတယ်။ ပြဿနာ ကတော့ ယူနိုက်တက် ဘက်က ကစားသမား အတွက် သတ်မှတ်ထားတဲ့ တန်ကြေး ဖြစ်ပြီး နှစ်သင်း အကြား ပေါင် ၁၀ သန်း နီးပါး ကွာဟနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်က အသက် ၂၁ နှစ် အရွယ် ကစားသမား အတွက် ပေါင် သန်း ၄၀ ဝန်းကျင် အလိုရှိနေပြီး ချဲလ်ဆီး ဘက်ကတော့ ပေါင် သန်း ၃၀ ထက် ပိုပြီး ကမ်းလှမ်းရခြင်း မရှိသေးပါဘူး။ 

ဂါနာချိုရဲ့ ရည်မှန်းချက် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အတွက် ကစားပေးဖို့ ဖြစ်တာကြောင့် ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ ယူနိုက်တက်ကို တွန်းအားပေးနေပါတယ်။ အကယ်၍ ဂါနာချို အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘူး ဆိုရင်တော့ လီယွန်နယ် စကယ်လိုနီရဲ့ အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးမယ့် အန္တရာယ်ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမားသစ်တွေ ထပ်မံ မခေါ်ယူခင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရောင်းချရဦးမှာ ဖြစ်ပါတယ်။
ကစားသမား ၈ ဦးလောက်ကို ရှင်းထုတ်သွားရဦးမယ့် ချဲလ်ဆီး

တချို့သော သတင်းတွေ မှာလည်း ဂါနာချိုကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် နှစ်ခု အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ရာမှာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ ဖော်ပြပါတယ်။ ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ ဘာရာဒါနဲ့ ချဲလ်ဆီး အကြီးအကဲတွေ အကြားမှာ ဆက်ဆံရေး အလွန်ကောင်းမွန်တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ အခြေအနေ ကောင်းနေပါတယ်။ 

ချဲလ်ဆီးဟာ ဒီနွေရာသီမှာ ဂျေမီ ဂစ်တန်စ်ကို ပေါင် ၄၈.၅ သန်း၊ ဂျာအို ပက်ဒရိုကို ပေါင် ၆၅ သန်း၊ ဂျော်ရဲလ် ဟာတိုကို ပေါင် ၃၇ သန်းနဲ့ လီယမ် ဒီလက်ပ်ကို ပေါင် သန်း ၃ဝ ပေးချေ ခေါ်ယူထားတာကြောင့် ငွေကြေး သုံးစွဲမှု မြင့်မားနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ တိုက်စစ်ပိုင်းကို ထပ်မံ အင်အား ဖြည့်တင်းလိုနေဆဲ ဖြစ်ပြီး ဂါနာချိုကို အလိုရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမားသစ်တွေ ထပ်မံ မခေါ်ယူခင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရောင်းချရဦးမှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ချဲလ်ဆီးဟာ ဂါနာချိုကို ခေါ်ယူနိုင်ခဲ့ရင်တောင် ACL ဒဏ်ရာကြောင့် အနားယူရမယ့် လီဗီ ကိုးလ်ဝဲလ်ကြောင့် နောက်ခံလူ တစ်ဦး ထပ်မံ ခေါ်ယူ အားဖြည့်ရဦးမှာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ချဲလ်ဆီး ကစားသမား ၈ ဦး အထိ ရောင်းထုတ်ဖို့ စီစဉ်ထားပြီး အဲဒီအထဲမှာ နီကိုးလက်စ် ဂျက်ဆန်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ပြီးရင်တော့ ခရစ္စတိုဖာ အန်ကွန်ကူ၊ ရာဟင်းမ် စတာလင်၊ ကာနေး ချူကွယ်မီကာ၊ အက်ဆဲလ် ဒီယာဆီ၊ ရီနာတို ဗိုင်ဂါ၊ ဘန်ချေးဝဲလ်၊ တိုင်ရီ ဂျော့ဂျ် တို့ဟာလည်း အရောင်းစာရင်းထဲမှာ ရှိနေပါတယ်။ လက်ရှိမှာ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင် ကိုတော့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့က အပြိုင် စိတ်ဝင်စားနေပြီး ချဲလ်ဆီးက ဒီကစားသမား အတွက် ပေါင် သန်း ၆၀ ဝန်းကျင် အလိုရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်