နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိမှာ မန်ယူနိုက်တက်က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ဆိုလိုက်တဲ့ ကက်စ်မဲရိုး | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ အသင်းဟာ အောင်မြင်မှု အတွက် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ ဘရာဇီးလ်သားက အခုလိုပဲ ယုံကြည်မှု အပြည့်နဲ့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ကို မရောက်ခင် အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင်က ပရီးမီးယားလိဂ် အရောက် မှာတော့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ တသမတ်တည်း မရှိတော့တဲ့ ခြေစွမ်းကြောင့် ပရိသတ် တချို့ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကိုတောင် ခံခဲ့ရသူပါ။ ကက်စ်မဲရိုးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ထက် ခြေစွမ်းပိုပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ ပြိုင်ဘက်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကထက် ခြေစွမ်းပိုင်း တိုးတက်လာပေမယ့် ရလဒ်ပိုင်းတော့ တိုးတက်လာခြင်း မရှိသေးပဲ လက်ရှိမှာလည်း အဆင့် ၁၅ နေရာမှာပဲ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။

နည်းပြ ရူဘင် အမော်ရင် ကတော့ ကက်စ်မဲရိုးရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေကို ချီးကျူးထားပြီး လာမယ့် ပွဲစဉ်တွေ မှာလည်း ဘရူနိုနဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ ပုံသေ ပွဲထုတ်သွားဖို့ ရှိနေပါတယ်။ တစ်ဖက် မှာလည်း ကစားသမားက နွေရာသီတလျှောက်လုံး အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာနိုင်ခြေ ရှိတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ယူနိုက်တက်မှာသာ ဆက်ရှိနေခဲ့ပြီး အသင်းကို ပြန်လည် ဆွဲတင်ဖို့သာ စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။

အာဆင်နယ်ကို ရှုံးနိမ့်အပြီး သတင်းစာရှင်းလင်းပွဲမှာ ကက်စ်မဲရိုးက “မန်ချက်စတာယူနိုက်တက် ဆိုတာ အမြဲတမ်း အနိုင်ရဖို့ကိုပဲ စဉ်းစားရမှာပါ။ ရှုံးနိမ့်တာက ကိစ္စမရှိဘူးလို့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ကို နိုင်ရပါမယ်။ မန်ချက်စတာယူနိုက်တက်က အမြဲတမ်း နိုင်ရပါမယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ပြသနိုင်ခဲ့တယ်။ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် အနိုင်ရလဒ် ကိုတော့ ကျွန်တော်တို့ ရှာဖွေရဦးပါမယ်။ အခု ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါပြီ။”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပေးထားပါတယ်။
ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပေးထားတဲ့ ကက်စ်မဲရိုး

အဲဒီနောက် သတင်းထောက်တွေက သူ့ကို ယူနိုက်တက်မှာ ဘာတွေလိုအပ်နေသလဲ ဆိုပြီး မေးမြန်းရာမှာတော့ “ဒါက ပြောရခက်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်အမြင် ကိုယ်စီ ရှိနိုင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကျွန်တော်တို့ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲတွေ တက်ရောက်နိုင်ခဲ့ပါတယ်။ လိုနေတာက အဲ့ဒီဖလားတွေကို ကိုင်မြှောက်နိုင်ဖို့ပါပဲ။ ဒီလို ဖလားတွေကို အနိုင်ရခဲ့တဲ့ ကလပ်တွေက နည်းပါတယ်။ ကျွန်တော်တို ဒီလို ဖလားတွေ ရဖို့ ဆက်လက် ကြိုးစားပြီး တိုးတက်အောင် လုပ်ဆောင်သွားရပါမယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ကက်စ်မဲရိုးက သူ့ အနေနဲ့ အိုးထရက်ဖိုဒ်မှာ ပျော်ရွှင်နေကြောင်း အပြင်က ပြောဆိုမှုတွေ အတွက် အချိန်ပေးနေမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီမှာ အရမ်းပဲ ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့ မိသားစုလည်း ပျော်ရွှင်နေတယ်။ ကာရင်တန် မှာရော၊ အိုးထရက်ဖိုဒ် မှာပါ နေ့ရက်တိုင်းက ပျော်ရွှင်စရာပါ။ အပြင်ကလူတွေ ပြောချင်တာ ပြောပါစေ။ ဒါတွေက ကျွန်တော့် အတွက် ခေါင်းထဲ မရှိပါဘူး။ ကျွန်တော်က အနိုင်ရဖို့ အတွက်ပဲ အာရုံစိုက်ချင်ပါတယ်။” လို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပေးထားပါတယ်။ ကက်စ်မဲရိုးဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၃ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကွင်းလယ် ထောက်တိုင် အဖြစ် သတ်မှတ်လို့ ရနေဆဲ ဖြစ်ပါတယ်။ ကက်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သက်တမ်း ကုန်ဆုံးချိန်အထိ အပြည့်အဝ ပေးဆပ် ကစားပေးဖို့ ရှိနေကြောင်းလည်း ပြောကြားထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်