နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှိုက်ကြီးတငင်ငင် ငိုကြွေးခဲ့ရခြင်း အကြောင်းရင်းကို ပြောပြခဲ့တဲ့ နေမာ | ဘရာဇီးလ် စီးရီးအေ  

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးလ် စီးရီးအေ ပွဲစဉ် ၂၀ မှာတော့ ဆန်းတို့စ်က ဗက်စ်ကိုဒဂါးမားကို အိမ်ကွင်းမှာ ၀-၆ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ဆန်းတို့စ် အသင်းခေါင်းဆောင် တိုက်စစ် ကစားသမား နေမာ ကတော့ ပွဲအပြီးမှာ ငိုကြွေးပြီး ကွင်းထဲ ကနေ ထွက်ခွာသွားခဲ့ရပါတယ်။

ဒီပွဲမှာ ဆန်းတို့စ် ဘက်က နေမာ ပါဝင်ကစားခဲ့သလို ဗက်စ်ကိုဒဂါးမား ဘက်မှာတော့ ဖီလစ်ပီ ကော်တင်ဟို ပါဝင် ကစားသွားခဲ့တာပါ။ ဆန်းတို့စ်ဟာ ပထမပိုင်းမှာ လူးကပ်စ် ပီတွန်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ဒုတိယပိုင်း မှာတော့ ဆိုးရွားလွန်းတဲ့ ခံစစ် ကစားပုံကြောင့် ၅ ဂိုးအထိ ထပ်ပေးရပြီး ပွဲအပြီးမှာ ၀-၆ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ဆိုရင် ဒီရလဒ်ဟာ နေမာရဲ့ ကစားသမားဘဝ တစ်လျှောက် ဂိုးအပြတ်ဆုံး ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်းတို့စ် အတွက်လည်း ဘရာဇီးလ် စီးရီးအေမှာ ပထမဆုံးအကြိမ် အဖြစ် အိမ်ကွင်းမှာ ၆ ဂိုး အသွင်းခံရခြင်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါသေးတယ်။

ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး နေမာက “ကျွန်တော် ရှက်မိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည် အတွက်လည်း စိတ်ပျက်မိပါတယ်။ ပရိသတ်တွေ အကြမ်းမဖက်ပဲ ဆန္ဒပြမယ် ဆိုလည်း ပြနိုင်ပါတယ်။ သူတို့ ကျိန်စာတိုက်ချင်ရင်တိုက် ဆဲချင်ရင်လည်း ဆဲပါ။ ဒါက သူတို့ရဲ့ အခွင့်အရေးပါပဲ။ ဒီလို ရလဒ်မျိုး ကျွန်တော့် ဘဝမှာ ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပါဘူး။ ကျွန်တော် မျက်ရည်ကျတာ ဒေါသကြောင့်ပါ။ အရာအားလုံးကြောင့်ပါ။ ကံမကောင်းစွာပဲ ကျွန်တော် ဘယ်လို နည်းလမ်းနဲ့မှ မကူညီနိုင်ခဲ့ပါဘူး။” လို့ နေမာက ပြောကြားခဲ့ပါတယ်။

ဆန်းတို့စ်ဟာ ဒီရာသီ ဘရာဇီးလ် စီးရီးအေမှာ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ၂ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။
ဘရာဇီးလ် စီးရီးအေ တန်းဆင်းဇုန်ရဲ့ အထက်မှာ ၂ မှတ် အကွာနဲ့ ရပ်တည်နေတဲ့ နေမာ

ဆန်းတို့စ်ဟာ ဒီရာသီ ဘရာဇီးလ် စီးရီးအေမှာ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ၂ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။ လိဂ်ပွဲ ၁၉ ပွဲ ကစားရာမှာ ၆ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁၀ ပွဲ ရှုံးထားပြီး ရမှတ် ကလည်း ၂၁ မှတ်ပဲ ရထားပါသေးတယ်။ ဒါပေမယ့်လည်း ဆန်းတို့စ်ကို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် အနိုင်ယူသွားတဲ့ အသင်းက ဇယားမှာ သူတို့ရဲ့ အောက်က ရှိနေတဲ့ ဗက်စ်ကိုဒဂါးမား အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီး နာရီပိုင်း အတွင်းမှာပဲ နည်းပြ ကလီဘာဇာဗီယာလည်း ရာထူးက ထုတ်ပယ်ခံခဲ့ရကြောင်း သိရပါတယ်။ ဒီပွဲမှာ ဗာစကိုဒဂါးမား အတွက် လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဖီလစ်ပီ ကော်တင်ဟိုက ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆန်းတို့စ်ဟာ ၂၀၂၃ ခုနှစ် မှာလည်း သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ဘရာဇီးလ် စီးရီးအေ ကနေ တန်းဆင်းခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ ဆန်းတို့စ်က စီးရီးဘီမှာ ချန်ပီယံ ဖြစ်ခဲ့ပြီး တန်းပြန်တက်လာနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နေမာဟာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဆန်းတို့စ်ကို ပြန်လည် ရောက်ရှိလာချိန်မှာတော့ ၁၉ ပွဲ ကစား ၆ ဂိုး သွင်းကာ၊ ၃ ဂိုး ဖန်တီးပြီး အတတ်နိုင်ဆုံး စွဲတင်ပေးနေဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံး မှာတော့ နေမာက “ဆန်းတို့စ် ဂျာစီကို ဝတ်ပြီး ဒီလို ကစားရတာ ရှက်စရာပါ။ လူတိုင်း ခေါင်းအုံးပေါ် ခေါင်းတင်ပြီး ဘာလုပ်ချင်လဲ ဆိုတာ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ကွင်းထဲမှာ ကျွန်တော်တို့ လုပ်ခဲ့သမျှကို ဗုဒ္ဓဟူးနေ့မှာ ထပ်လုပ်လို့ မရပါဘူး။”

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်