နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်ကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ် ၂-၂ လစ်ဗာပူးလ်

(ပင်နယ်တီ ရလဒ် ၃-၂ နဲ့ ခရစ္စတယ်ပဲလေ့စ် အနိုင်ရ)

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် မစခင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲက တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။ နှစ်သင်းစလုံး ပုံစံကောင်း ကိုယ်စီ ပြသနိုင်ခဲ့ပြီး သာမန် ပွဲချိန် အတွင်း ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်က ၃-၂ ရလဒ်နဲ့ လစ်ဗာပူးလ်ကို အနိုင်ရသွားခဲ့ပါတယ်။

ဒါကြောင့် အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်တို့ သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးအကြိမ် အဖြစ် ကွန်မြူနတီဒိုင်းကို ကိုင်မြှောက်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲ မှာတော့ ခရစ္စတယ်ပဲလေ့စ်က ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာခဲ့ပြီး ဒင်းန် ဟန်ဒါဆန်၊ လာခရွိုက်၊ ဂူဟီ၊ ဝှာတန်၊ မစ်ချဲလ်၊ အီးဇီး၊ မူနော့ဇ်၊ ဆား၊ မက်တေးတား တို့လို အဓိက ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာလည်း အစ်ကီတီကီ၊ ဝစ်ဇ်၊ ဂက်ခ်ပို၊ ဆာလာ တို့ ဦးဆောင်တဲ့ အားကောင်းတဲ့ တိုက်စစ်နဲ့ အတူ ဆိုဘို့ဇ်လိုင်း၊ ကာတစ် ဂျုံးစ်၊ ဖရင်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ အလီဆွန် တို့ ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲမှာ ပဲလေ့စ်က စိတ်ဓာတ်ပိုင်းရော၊ ခြေစွမ်းပိုင်းအရပါ လစ်ဗာပူးလ်ထက် သာလွန်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲနဲ့ အတူ ကွန်မြူနတီဒိုင်းကို ပိုင်ဆိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ပဲလေ့စ်ကို ၃ လ အတွင်း အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ရယူပေးနိုင်ခဲ့ပြီ ဖြစ်တဲ့ အိုလီဗာ ဂလက်စ်နာ

လစ်ဗာပူးလ် ကတော့ ထုံးစံ အတိုင်း ပွဲစကတည်းက ပြိုင်ဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ပွဲချိန် ၄ မိနစ် မှာတင်ပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဖလော်ရီယန် ဝစ်ဇ်ရဲ့ ဖန်တီးပေးမှု ကနေ အစ်ကီတီကီက ညာခြေနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ် ကတော့ တန်ပြန် တိုက်စစ်ကို အားကိုးခဲ့ပြီး အခွင့်အရေး ရရင် ရသလို မူနော့ဇ်၊ အီးဇီး တို့က ခပ်မြန်မြန်ပဲ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် ၁၇ မိနစ် မှာတော့ ပဲလေ့စ်တို့ ချေပဂိုး ရခဲ့ပြီး မက်တေးတားက သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အမှားအယွင်း မရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပဲလေ့စ်တို့ရဲ့ အပျော်တွေ သိပ်မကြာခဲ့ပဲ ၄ မိနစ် အကြာမှာတော့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြန်ပါတယ်။ တောင်ပံ ကနေ ဖရင်မ်ပေါင်က ဂိုးရှေ့ ကန်တင် ပေးပို့ရမှာ မထင်မှတ်ပဲ တိုက်ရိုက် ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ပဲလေ့စ်က ပိုကောင်းပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ် မှာတော့ ဆားက ချေပဂိုး သွင်းယူခဲ့တာကြောင့် ၂-၂ ရလဒ် ဖြစ်နေခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ချိန်အထိ အနိုင်အရှုံး အဖြေ မပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီ မှာတော့ ခရစ္စတယ်ပဲလေ့စ် ဘက်က အီးဇီးနဲ့ ဆိုဆာတို့ လွဲချော်ခဲ့ပေမယ့် လစ်ဗာပူးလ် ဘက်ကတော့ ဆာလာ၊ မက် အယ်လစ္စတာနဲ့ အဲလီယော့တ် တို့ လွဲချော်ခဲ့တာကြောင့် ၃-၂ ရလဒ်နဲ့ ပဲလေ့စ်တို့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ပဲလေ့စ်က စိတ်ဓာတ်ပိုင်းရော၊ ခြေစွမ်းပိုင်းအရပါ လစ်ဗာပူးလ်ထက် သာလွန်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲနဲ့ အတူ ကွန်မြူနတီဒိုင်းကို ပိုင်ဆိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်