နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒိုက သူ့အတွက် ဘယ်တုန်းကမှ ပြဿနာမဟုတ်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ့ အနေနဲ့ နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘာပြဿနာမှ မရှိခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ တန်ဟက်ဂ်နဲ့ ရော်နယ်ဒို တို့ဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ တစ်နှစ်ခွဲအကြာ လက်တွဲခဲ့သူတွေ ဖြစ်ပါတယ်။ 

နယ်သာလန် လူမျိုး နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က မန်ချက်စတာယူနိုက်တက်ကို ၂ နှစ်ခွဲ အကြာ ကိုင်တွယ်ခဲ့ပြီး အသင်းရဲ့ ရလဒ်ပိုင်းကို တိုးတက် ကောင်းမွန်လာအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အောက်တိုဘာလမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပြီး တစ်နှစ်ခွဲခန့် အကြာမှာတော့ အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ရော်နယ်ဒိုဟာ အဲရစ်ခ် တန်ဟက်ဂ်ကို “မင်း ငါ့ကို လေးစားမှု မရှိရင် ငါ ကလည်း မင်းကို လေးစားမှာ မဟုတ်ဘူး။” လို့ ပြောဆိုခဲ့ဖူးပါတယ်။

“ကျွန်တော့် အတွက် ရော်နယ်ဒိုက ပြဿနာ မဟုတ်ပါဘူး။ သူက ဘယ်တော့မှလည်း ပြဿနာ မဟုတ်ခဲ့ပါဘူး။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီလို့ ကျွန်တော် မှတ်ယူထားပါတယ်။ ဒါတွေက ဖြစ်ပြီးသွားပါပြီ။ အတိတ်က ဖြစ်ရပ်လည်း ဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်မှာ ဖလား နှစ်လုံး ရခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အနာဂတ်မှာ အကောင်းဆုံး ဖြစ်ဖို့နဲ့ ကံကြမ္မာကောင်းတွေ ရဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။” လို့ တန်ဟက်ဂ်က လေဗာကူဆင်တို့ ချဲလ်ဆီးနဲ့ ခြေစမ်းပွဲ လာကစားချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ယူနိုက်တက်က ရူဘင် အမော်ရင်ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် တိုးတက်လာခြင်း မရှိခဲ့ပဲ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာသာ ရခဲ့ပါတယ်။
ယူနိုက်တက်မှာ အတူ ရှိနေကြစဉ် ပြဿနာတွေ တက်ခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ တန်ဟက်ဂ်

တန်ဟက်ဂ် အနေနဲ့ ရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အတွက် ၂၀၂၃ ခရာဘောင်ဖလားနဲ့ ၂၀၂၄ အက်ဖ်အေဖလားတွေ ရယူပေးနိုင်ခဲ့ပေမယ့် ရာထူးတည်မြဲဖို့တော့ မလုံလောက်ခဲ့ပါဘူး။ လက်ရှိ မှာတော့ တန်ဟက်ဂ်က ဇာဘီ အလွန်ဆို ချန်ထားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ကို ကိုင်တွယ်နေပါတယ်။ တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ယူနိုက်တက်က ရူဘင် အမော်ရင်ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် တိုးတက်လာခြင်း မရှိခဲ့ပဲ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာသာ ရခဲ့ပါတယ်။ 

တန်ဟက်ဂ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရခြင်းနဲ့ ပတ်သတ်ပြီး မေးမြန်းခံရချိန် မှာတော့ာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒါဟာ မန်ချက်စတာယူနိုက်တက်နဲ့ မသက်ဆိုင်ပါဘူး၊ အဲဒါကို အဆုံးသတ်လိုက်တာပါ။ ကျွန်တော် စောင့်မျှော်နေချိန်မှာ အလုပ် ပြန်ရခဲ့လို့ အရမ်းပဲ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ် အတွင်းမှာ ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် တို့မှာ ကောင်းမွန်တဲ့ အသင်း တစ်သင်း (လေဗာကူဆင်) ရှိနေပါတယ်။ ကျွန်တော် တို့မှာ အသင်းကောင်း တစ်သင်း ရှိနေတာကြောင့် တိုးတက်အောင် ကြိုးစားသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ လေဗာကူဆင်နဲ့ စိန်ခေါ်မှု အသစ်တွေ စတင် ရင်ဆိုင်ရဖို့ ရှိနေချိန်မှာ ရော်နယ်ဒို ကလည်း ပေါ်တူဂီ၊ အဲလ်နာဆာ တို့နဲ့ အတူ ကစားသမား ဘဝ ဂိုးပေါင်း ၁၀၀၀ ပြည့်မြောက်ဖို့ ကြိုးပမ်းနေပါတယ်။ လက်တလော တန်ဟက်ဂ်ရဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေနဲ့ ပတ်သတ်ပြီးတော့လည်း ရော်နယ်ဒို အနေနဲ့ တုန့်ပြန် ပြောဆိုလာခြင်းတော့ မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်