အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ရာသီသစ် အတွက် ယုံကြည်မှု ကြီးကြီးမားမား ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ပြောဆို အပြီး ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အာဆင်နယ်က သာမန် ပွဲချိန် အတွင်း ၂-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ပင်နယ်တီ မှာလည်း ထပ်မံ ရှုံးနိမ့်ပြီး တစ်ပွဲတည်း နှစ်ခါ ရှုံးတတ်တဲ့ အစဉ်အလာကို ဆက်ထိန်းခဲ့ပါတယ်။ အများစု ကတော့ ဒီခြေစွမ်းအတိုင်း ဆိုရင် အာဆင်နယ်က လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယလူ ဖြစ်ဖို့တောင် မသေချာတော့ကြောင်း သုံးသပ်နေကြပြီလည်း ဖြစ်ပါတယ်။
မီခဲလ် အာတေးတားက အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီတွေမှာ ဆုဖလား ရရှိဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ခဲ့ပြီး ဒီရာသီ မှာတော့ ကစားသမားသစ်တွေနဲ့ လုံလောက်တဲ့ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားနိုင်ခဲ့တာကြောင့် နောက်ရာသီ အတွက် ယုံကြည်မှုတွေ ရှိနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာတေးတားက “ရောက်ရှိလာတဲ့ ကစားသမားသစ်တွေ အားလုံးက အသင်းကို အရည်အသွေး ပိုမြင့်ပြီး ပိုပြီး တောင့်တင်းသွားစေခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ဘာတွေကို ပစ်မှတ်ထားနေလဲ ဆိုတာနဲ့ ဘာတွေကို ရယူချင်သလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တိုရဲ့ စွမ်းရည်က အဲဒါတွေကို ရယူနိုင်တယ်လို ယုံကြည်မှု ကြီးကြီးမားမား ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေ အတွင်းမှာ အလွန့်အလွန် နီးစပ်တဲ့ အခြေအနေတွေ ရှိခဲ့ပြီး တစ်သင်းလုံးက ဒါတွေကို ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်က ညက ပွဲမှာ ဆိုရင် ကစားသမား တချို့ကို စမ်းသပ် သုံးစွဲခဲ့ခြင်းနဲ့ အတူ ရလဒ်ဆိုး တစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ အာဆင်နယ်ဟာ အာရှခရီးစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ပြီးနောက် အမ်းမရိတ်စ်မှာ ပြန်ကစားတဲ့ ညက ပွဲမှာလည်း ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် ခံစစ်ရဲ့ မတည်ငြိမ်ခြင်း၊ ကွင်းလယ်ပိုင်းက ဖန်တီးမှု ပျောက်ဆုံးနေခြင်း၊ တိုက်စစ် အတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေ မပြုလုပ်နိုင်ခြင်း စတာတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဓိက ကတော့ မာတင်နယ်လီ ပွဲထွက် ကစားနေတဲ့ ဘယ်တောင်ပံရဲ့ နောက်ထပ် တစ်ကြိမ် ဆိုးရွားမှုကို မြင်တွေ့ခဲ့ရပြီး မာဒူခေး ကတောင် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။
တစ်ခု ရှိတာက အာဆင်နယ်ဟာ အရန်နဲ့ အဓိက ကစားသမားတွေကို အပြောင်းအလဲ လုပ်ကာ ပွဲထွက်ခဲ့တာ ဖြစ်လို့ ဂန်းနားတွေရဲ့ ခြေစွမ်းအမှန်လို့တော့ တထစ်ချ တွက်ဆလို့ မရသေးပါဘူး။ မာတင် အိုဒီဂတ်၊ ဒီကလန် ရိုက်စ်၊ မာတင် ဇူဘီမန်ဒီတို့ ပါဝင်လာချိန်မှာ အာဆင်နယ်က ကစားဟန်ရော၊ ကစားအားပါ မြင့်တက်သွားတာ တွေ့ရမှာပါ။ ၁၅ နှစ်သား မက်စ် ဒိုးမန်း ဆီကနေ တစ်ပွဲထက် တစ်ပွဲ ပိုပို မျှော်လင့်လာနိုင်တာ ကလည်း အာဆင်နယ် အတွက် အားတစ်ခုပါ။ ပရိသတ် အများစု အကြီးအကျယ် မျှော်လင့်ထားတဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် တစ်ယောက် တစ်ချို့သော ပွဲချိန်တွေမှာ ရုန်းပေးခဲ့တာ မြင်ရပေမယ့် အသားကျဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
သေချာတာ ကတော့ အာတေးတား အနေနဲ့ မာတင်နယ်လီကို အခွင့်အရေး ပိုပေးနေတာတွေ ရပ်တန့်သင့်နေပြီး အီးဇီးလို ဖန်တီးမှု အားကောင်းတဲ့ ကစားသမားမျိုး ရအောင် ခေါ်ယူမလား။ ဒါမှမဟုတ် နိုနီ မာဒူခေး ကိုပဲ မျှော်လင့်ကြည့်မလား ဆိုတာ စဉ်းစားရမယ့် အချိန်ကို ရောက်နေပြီ ဆိုတာပါပဲ။
ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ၆ ဦး ခေါ်ယူ အားဖြည့်ထားသလို၊ နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ အာဆင်နယ်က လက်ရှိ အချိန်ထိ ရာသီကြို ခြေစမ်းပွဲ ၄ ပွဲ ယှဉ်ပြိုင် ကစားထားရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားခဲ့ပြီး ဘီလ်ဘာအိုနဲ့ တစ်ပွဲသာ ကစားဖို့ ကျန်တော့တာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ အာဆင်နယ်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.