ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂိုကို ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ ရိုဒရီဂိုဟာ ဒီနွေရာသီမှာ ဆန်တီယာဂို ဘာနေဗျူးကို စွန့်ခွာဖို့ များနေပေမယ့် တော့တင်ဟမ်ဟော့စပါး ကိုတော့ မပြောင်းရွှေ့လိုကြောင်း ပြောကြားထားသူ ဖြစ်ပါတယ်။ ဘရာဇီးလ်သားဟာ စပါးထက် မြင့်မားတဲ့ အသင်း တစ်သင်း ကိုသာ ပြောင်းရွှေ့ချင်တာကြောင့် မြောက်လန်ဒန် ကလပ်ရဲ့ ချဉ်းကပ်မှုတွေကို ပြတ်သားစွာပဲ တုံပြန်ခဲ့ကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ရီးရဲလ်မက်ဒရစ်ကို ၂၀၁၉ ခုနှစ် ကတည်းက ရောက်ရှိလာခဲ့တဲ့ ရိုဒရီဂိုဟာ လာလီဂါ ကလပ်မှာ အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းပြနိုင်ပေမယ့်လည်း နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ စိတ်ကြိုက် ကစားသမား မဟုတ်တာကြောင့် ရာသီသစ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်ခြေ ရှိနေသူ ဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမာနို ကတော့ ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ် မှာပဲ ပွဲထွက်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်ချင်နေကြာင်း ဖော်ပြထားပါတယ်။
တစ်ဖက် မှာလည်း အလွန်ဆိုက ထိပ်တန်း အဆင့် နောက်ခံလူ တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေတာကြောင့် ရိုဒရီဂိုကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့ အသုံးစရိတ် ရှာဖွေချင်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း မနေ့က တက်လာတဲ့ သတင်းတွေအရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ဒီနွေရာသီမှာ ကစားသမားသစ် ခေါ်ယူဖို့ ကြိုးစားသွားတော့မှာ မဟုတ်ကြောင်း သိရါတယ်။

အခုလို ရိုဒရီဂိုနဲ့ ပတ်သတ်ပြီး သတင်းတွေ မျိုးစုံ ထွက်ပေါ်နေချိန်မှာ စပါးက ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ထဲက ရိုဒရီဂိုကို အပြီးသတ် စာချုပ်နဲ့ ခေါ်ယူဖို့ တရားဝင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ အသင်းရဲ့ ၀ါရင့် တိုက်စစ် ကစားသမား ဆွန်ဟောင်မင်ကို လက်လွှတ်လိုက်ရပြီ ဖြစ်တာကြောင့် ရိုဒရီဂိုနဲ့ အစားထိုးဖို့ ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စပါးက ဘရာဇီးလ်သားနဲ့ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းခွင့်ပြုဖို့ ရီးရဲလ်မက်ဒရစ်ထံ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
ရိုဒရီဂိုဟာ လာလီဂါ ကလပ်နဲ့ ၂၀၂၈ ခုနှစ် နွေရာသီ အထိ သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၂၇၀ အထိ ပါဝင်ကစားပေးထားပြီးတော့ သွင်းဂိုး ၆၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ တစ်ခု ရှိတာက ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားရဲ့ အရည်အသွေးနဲ့ အသက်အရွယ်အရ လက်ရှိ ဈေးကွက် တန်ကြေးထက် လျော့နည်းတဲ့ ပမာဏနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ ဆန္ဒအရလည်း တော့တင်ဟမ်ဟော့စပါးဟာ ရိုဒရီဂိုကို စွဲဆောင်ဖို့ အတွက်တော့ တော်တော်လေး ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။
မြောက်လန်ဒန် ကလပ် အနေနဲ့ ရိုဒရီဂိုကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင်တော့ ရာဖေးလ် လီယောင်၊ ရန်းဒဲလ် ကိုလို မူအာနီ တို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ ကိုလို မူအာနီက ဂျူဗင်တပ်စ်ကို ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး ဖြစ်သလို ရာဖေးလ် လီယောင် ကလည်း ဘာစီလိုနာလို ထိပ်တန်း အသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မိုဟာမက် ကူဒု့စ်နဲ့ ယာအို ပါလ်ဟင်ဟာ နှစ်ဦး ကိုသာ ခေါ်ယူထားရပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.