နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်ကို ကူညီပေးပြီး ဆုဖလား အားလုံး ရယူဖို့ ရည်မှန်းထားတဲ့ လူးဝစ္စ ဒီးယက်ဇ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တိုက်စစ် ကစားသမားသစ် လူးဝစ္စ ဒီးယက်ဇ် ကတော့ အသင်းသစ်မှာ ကြုံးဝါး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ကိုလံဘီယာသားက သူ့ အနေနဲ့ ဘေယန်မြူးနစ်ကို ကိုယ်ပိုင် ပုံစံ၊ ကိုယ်ပိုင် အရည်အချင်းနဲ့ ကူညီပေးချင်ပြီး ဆုဖလား အားလုံးကို ရယူဖို့ ရည်မှန်းထားကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီးယက်ဇ်က “ကမ္ဘာပေါ်က အကြီးကျယ် အခမ်းနားဆုံးသော အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ ဘေယန်မြူးနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခွင့်ရလို့ ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းကို ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကူညီပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက် ကတော့ အသင်းနဲ့ အတူ ဆုဖလား အားလုံးကို ရယူနိုင်ဖိုပါပဲ။ ကျွန်တော်တို့ အနေနဲ့ နေ့စဉ်နေ့တိုင်း စည်းစည်းလုံးလုံးနဲ့ အစွမ်းကုန် ကြိုးစားသွားပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် လူးဝစ္စ ဒီးယက်ဇ်က ဒီနွေရာသီမှာ လစ်ဗာပူးလ် ကနေ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းဆီကို ယူရို ၇၅ သန်း (ပေါင် ၆၅.၅ သန်း) နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဘေယန်မြူးနစ်နဲ့ ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုထားခဲ့ပြီးတော့ ကျောနံပါတ် ၁၄ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပါတယ်။ ဒီးယက်ဇ်ဟာ ဟယ်ရီကိန်း (ယူရို ၉၅ သန်း)၊ လူးကပ်စ် ဟာနန်ဒက်ဇ် (ယူရို သန်း ၈၀)တို့ ပြီးနောက် ဘေယန်မြူးနစ် သမိုင်းမှာ တတိယမြောက် ကြေးအကြီးဆုံး ခေါ်ယူမှု အဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်ပါတယ်။

ကိုလံဘီယာသားဟာ လစ်ဗာပူးလ်မှာ ၃ နှစ်ခွဲ အကြာ ကစားပြီးနောက် ဆုဖလား အောင်မြင်မှု များစွာ ရယူပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီးယက်ဇ်က လစ်ဗာပူးလ်မှာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေကို ထာဝရ တန်ဖိုးထား အမှတ်ရနေမယ်လို့ ပြောကြားခဲ့ပါတယ်။ “လစ်ဗာပူးလ်မှာ ကစားခဲ့တဲ့ ၃ နှစ်ခွဲကြာ ကာလကို ကျွန်တော် အမြဲတမ်း တန်ဖိုးထား အမှတ်ရနေမှာပါ။ ကျွန်တော်ဟာ အိပ်မက်တွေ အပြည့်နဲ့ လစ်ဗာပူးလ်ကို ရောက်လာခဲ့ပြီး ကျွန်တော်တို့ အတူတကွ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ အတူ လစ်ဗာပူးလ် ကနေ ဂုဏ်ယူစွာနဲ့ ထွက်ခွာနိုင်ခဲ့ပါတယ်။”

ကိုလံဘီယာသားဟာ လစ်ဗာပူးလ်မှာ ၃ နှစ်ခွဲ အကြာ ကစားပြီးနောက် ဆုဖလား အောင်မြင်မှု များစွာ ရယူပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အတွက် ၃ နှစ်ကြာ ကစားပေးခဲ့တဲ့ လူးဝစ္စ ဒီးယက်ဇ်

“လစ်ဗာပူးလ်မှာ အရမ်းကောင်းတဲ့ လူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ နည်းပြတွေ၊ အရမ်းကောင်းတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ လစ်ဗာပူးလ်နဲ့ ပတ်သက်တဲ့ လူတိုင်းကို ကျွန်တော့်ရဲ့ နှလုံးသားမှာ အမြဲတမ်း အမှတ်ရနေမှာပါ။ အခုတော့ ရေစက်ကုန်ဆုံးခဲ့ပါပြီ။ ဒီတော့ အမှတ်တရတွေ အဖြစ် ကျန်ခဲ့ပြီ ဖြစ်ပြီး ပြန်စဉ်းစားကြည့်တိုင်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီးယက်ဇ်က ဇူလိုင်လ ၃ ရက်နေ့က ယာဉ်တိုက်မှုနဲ့ မထင်မှတ်ဘဲ ဆုံးပါးသွားခဲ့ရတဲ့ ဒီယို ဂျိုတာရဲ့ အဖြစ်ဆိုးနဲ့သာ မကြုံခဲ့ရဘူး ဆိုရင် လစ်ဗာပူးလ် ကနေ သူ့ရဲ့ ခွဲခွာမှုက ပြီးပြည့်စုံနေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီးယက်ဇ်က “တာဝန် အပြည့်အဝ ထမ်းဆောင်ခဲ့တယ် ဆိုတဲ့ ခံစားချက်နဲ့ ထွက်ခွာရတာ အရမ်းပဲ ကောင်းပါတယ်။ အထူးသဖြင့် ချန်ပီယံ အနေနဲ့ ထွက်ခွာရတာက ပိုကောင်းပါတယ်။ ကံဆိုးမိုးမှောင်ကျမှုကြောင့် ကျွန်တော်တို့ ထဲက တစ်ယောက်ကို မဆုံးရှုံးခဲ့ရဘူး ဆိုရင် ကျွန်တော့်ရဲ့ ခွဲခွာမှုက ပြီးပြည့်စုံတဲ့ ခွဲခွာမှု ဖြစ်ပါလိမ့်မယ်။

“ကျွန်တော် ထပ်ပြောပါမယ်။ လစ်ဗာပူးလ်နဲ့ ပတ်သက်တဲ့သူတွေ အားလုံးကို ကျွန်တော့် နှလုံးသားထဲမှာ အမြဲတမ်း သယ်ဆောင်သွားမှာပါ။ အထူးသဖြင့် သူတို့ထဲက တစ်ယောက် ဖြစ်တဲ့ ဒီယိုဂို (ဂျိုတာ) ကိုတော့ ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားခဲ့သွားပါတယ်။

ဒီးယက်ဇ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ပေါ်တို ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၁၄၈ ပွဲ ကစားရာမှာ ၄၁ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်