နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး စံချိန် အတွက် အင်္ဂလန်မြေမှာ ပြန်ကစားချင်နေတဲ့ ဟယ်ရီကိန်း

ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ကစားလိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကိန်းက အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း စံချိန်ကို ကျော်ဖြတ်ဖို့လည်း ဆန္ဒရှိနေတာကြောင့် အင်္ဂလန်မြေကို ပြန်လည် ပြောင်းရွှေ့ ကစားဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ၂၀၂၇ ခုနှစ်မှာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိ မှာတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးတွေဟာ တစ်နှစ်ထက် တစ်နှစ် လျော့ကျလာနေပါတယ်။ The Telegraph ရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ ကစားချင်နေပြီး သူ့ကို ခေါ်ယူဖို မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘေယန်မြူးနစ်နဲ့ ဟယ်ရီကိန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ကစားသမား အနေနဲ့ အသင်းပြောင်းချင်တယ် ဆိုရင် အသင်းဟောင်း တော့တင်ဟမ်ဟော့စပါး ကိုသာ ဦးစားပေးရမယ် ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဟယ်ရီကိန်း အနေနဲ့ အင်္ဂလန်မြေကို ပြန်ဖြစ်ခဲ့ရင်တော့ စပါး မှာသာ ကစားရဖို့ များနေတာပါ။ ဒါ့အပြင် ဟယ်ရီကိန်းဟာ စပါးရဲ့ ဥက္ဃဌ ဒန်နီ လီဗိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်နေတာကြောင့်လည်း အင်္ဂလန်သားကြီးရဲ့ လားရာဟာ မြောက်လန်ဒန် ကလပ် ဖြစ်ဖို့ များနေပါတယ်။

ဒါကြောင့် ကိန်းက အလန်ရှီးယားရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ စိတ်အားထက်သန်နေပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ချင်နေတာပါ။
ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၁၃ ဂိုး ရရှိထားတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်း ကတော့ လက်ရှိမှာ ဘေယန်မြူးနစ် အတွက် ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲ ကစားရာမှာ ၈၅ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ကိန်းက ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူကာ ကစားသမားဘဝ တစ်လျှောက် ပထမဆုံး ဆုဖလား ကိုလည်း ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် အလန်ရှီးယားက ရပ်တည်နေပြီး သွင်းဂိုး ၂၆၀နဲ့ စံချိန်တင်ထားပါတယ်။ ဟယ်ရီကိန်း ကတော့ ၂၁၃ ဂိုးနဲ့ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်လျက် ရှိပါတယ်။ ဒါကြောင့် ကိန်းက အလန်ရှီးယားရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ စိတ်အားထက်သန်နေပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ချင်နေတာပါ။ ဟယ်ရီကိန်း အနေနဲ့ သူ့ရဲ့ စိတ်ကူး အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဆိုရင်တော် သူ့ရဲ့ အသက် ၃၄ နှစ် ဝန်းကျင် အထိ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေ မှာတော့ အင်္ဂလန် အသင်းခေါင်းဆောင်ကို စပါး အပြင် လစ်ဗာပူးလ် ကလည်း ခေါ်ယူချင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသေးတယ်။ ဟယ်ရီကိန်း ကတော့ ဘေယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ စာချုပ်အရ ဆိုရင် လာမယ့် နွေရာသီမှာ ပေါင် ၆၅ သန်း ဝန်းကျင်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ပေါင် ၅၅ သန်း ဝန်းကျင်နဲ့ ထွက်ခွာခွင့်ရှိနေသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်