နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီး ကနေ ထွက်ခွာပြီးရင် ၁၅ နှစ်လောက် အနားယူရနိုင်တယ် ဆိုတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

စပိန်လူမျိုး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစီးတီးနဲ့ လမ်းခွဲပြီးရင် နည်းပြ ဘဝ ကနေ ၁၅ နှစ်လောက် အထိ အနားယူရဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာ ကတော့ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးကို စတင် ကိုင်တွယ်ခဲ့ပြီး ပြီးပြည့်စုံတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွါဒီယိုလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ စပိန်သားဟာ ဘာစီလိုနာမှာ ၅ နှစ်၊ ဘေယန်မြူးနစ်မှာ ၃ နှစ်သာ ဖြတ်သန်းခဲ့ပေမယ့် မန်စီးတီး မှာတော့ ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ချိန်အထိ ကိုင်တွယ်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဂွါဒီယိုလာက မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးထားပြီး သက်တမ်းကုန်ချိန်မှာတော့ သေချာပေါက် လမ်းခွဲမယ်လို့ ပြောကြားထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းခွဲပြီးချိန်မှာလည်း အချိန်ကာလ တစ်ခု ကြာတဲ့ အထိ အနားယူနေဦးမှာ ဖြစ်ကြောင်း အခုလိုပဲ ထပ်မံ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ဖလား တွေကို ရယူနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ရရှိထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
မန်စီးတီး အတွက် ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် ရယူပေးထားတဲ့ ပပ် ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက “မန်စီးတီးနဲ့ စာချုပ်ကုန်ရင် ကျွန်တော် ရပ်နားမှာတော့ သေချာပါတယ်။ ဘယ်လောက်ကြာမယ် ဆိုတာတော့ မသိသေးပါဘူး။ တစ်နှစ်လား၊ နှစ်နှစ်လား၊ သုံးနှစ်လား၊ ငါးနှစ်လား၊ ဆယ်နှစ်လား၊ ဆယ့်ငါးနှစ်လား ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ရပ်နားမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ရပ်နားဖို့ လိုအပ်ပြီး ကိုယ့်ကိုယ်ကို၊ ကိုယ့်ခန္ဓာကိုယ်ကို အာရုံစိုက်ဖို့ လိုအပ်လိုပါ။ ကတ်တာလန်မှာ ဆိုရင် သူတို့က ဘာဒါလို့ ခေါ်ကြပါတယ်။ ဘာဒါ၊ ဘာဒါ၊ ဘာဒါ ဆိုပြီးတော့ပေါ့။ ကျွန်တော် အဲ့ဒါကို လုပ်ချင်ပါတယ်။ ရိုးရိုးရှင်းရှင်း ရပ်တန့်ပြီးတော့ ရထားဖြတ်သွားချိန်မှာ နွားတွေ လိုက်ကြည့်နေသလိုပေါ့။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစီးတီးကို စတင် ကိုင်တွယ်ချိန်က စလို့ ပြည်တွင်း၊ ပြည်ပ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားသူ ဖြစ်ပါတယ်။ မန်စီးတီးဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ဖလား တွေကို ရယူနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ရရှိထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဆိုတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပြီး ဒါကလည်း အင်္ဂလန်မှာ တခြား ဘယ်အသင်းမှ မရရှိဖူးသေးတဲ့ စံချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပိုင်း တော်တော်လေး ယိမ်းယိုင်သွားခဲ့ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် အသည်းအသန် ကြိုးပမ်းခဲ့ရသလို ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ဂွါဒီယိုလာဟာ နည်းပြ သက်တမ်း တစ်လျှောက် ဘာစီလိုနာမှာ လာလီဂါ ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေး ၂ ကြိမ်၊ စပိန် စူပါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ဥရောပ စူပါဖလား ၂ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။ အဲဒီနောက် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်