နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရန်ဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်တဲ့ ဂျူဗင်တပ်စ် | စီးရီးအေ

စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ အတွက် တိုက်စစ်ပိုင်းကို အကြီးအကျယ် အင်အားဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ နည်းပြ အီဂေါ တူဒါရဲ့ အဓိက ပစ်မှတ် ပြီးခဲ့တဲ့ ရာသီဝက်က ပီအက်စ်ဂျီ ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပြင်သစ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီ ဖြစ်ကြောင်း သိရပါတယ်။

အစောပိုင်းမှာ ဂျူဗင်တပ်စ်က မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူရင် ကလပ်က ကိုလို မူအာနီကို ဦးစားပေး ပစ်မှတ် အဖြစ် ပြောင်းလဲလိုက်တာကြောင့် ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ အစီအစဉ်က ဦးစားပေး အဆင့်မှာ မရှိတော့ကြောင်း သိရပါတယ်။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ မန်ချက်စတာယူနိုက်တက်က ဟွိုက်ဂျ်လန်းနဲ့ ဘိုလော့ဂ်နာက ဆန်တီယာဂို ကက်စ်ထရို တို့ကို ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေ အဖြစ် စဉ်းစားထားခဲ့တယ်လို့ သိရပါတယ်။ ဒီအချိန်မှာ နည်းပြ တူဒါက ကိုလို မူအာနီ ကိုသာ ဦးစားပေး ပစ်မှတ် အဖြစ် ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေကို အသေအချာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေ အရ ဆိုရင် ဂျူဗင်တပ်စ်က မူအာနီကို နောက်ထပ် တစ်နှစ် အငှားစာချုပ်နဲ့ ထပ်မံ ခေါ်ယူပြီးတော့ စာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ ယူရို သန်း ၄၀နဲ့ အပြီးသတ် ဝယ်ယူခွင့်ပါ ထည့်သွင်း ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

စီးရီးအေ ကလပ်ဟာ ကွင်းလယ်ပိုင်း အတွက်လည်း ကစားသမားသစ်တွေ ရှာဖွေနေပြီး မော်တန် ဂျူးလ်မန်း၊ ဘစ်ဆူးမား၊ ဆိုဖရန် အမ်မရာဘတ် တို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပီအက်စ်ဂျီမှာ အနာဂတ် မရှိတော့တဲ့ ရန်ဒဲလ် ကိုလို မူအာနီ

ဂျူဗင်တပ်စ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကနေဒါ လက်ရွေးစင် တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဖြစ်ပေမယ့် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ တိုက်စစ်ပိုင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲဖို့ စီစဉ်နေပြီး ဒူဆန် ဗလာဟိုဗစ်ကို အေစီမီလန်က စိတ်ဝင်စားနေသလို တောင်ပံကစားသမား တင်မိုသီ ဝီယာ့ ကလည်း မာဆေးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

စီးရီအေ ကလပ်ဟာ ဒီကစားသမားတွေကို ရောင်းချမှု ကနေ ရလာတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းကို ပြန်လည် အင်အား ဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ကပဲ ဖရန်စစ္စကို ကွန်ဆီကာအိုကို အပြီးသတ် ခေါ်ယူထားပြီး ဂျေဒန် ဆန်ချို ကိုလည်း ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ ကွင်းလယ်ပိုင်း အတွက်လည်း ကစားသမားသစ်တွေ ရှာဖွေနေပြီး မော်တန် ဂျူးလ်မန်း၊ ဘစ်ဆူးမား၊ ဆိုဖရန် အမ်မရာဘတ် တို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြင်သစ် တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီဟာ ဖရန့်ဖတ် ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ချိန် ကတည်းက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ အစီအစဉ်တွေထဲမှာလည်း မပါဝင်တော့ပါဘူး။ ဒါကြောင့် ဂျူဗင်တပ်စ်က ကိုလို မူအာနီကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းကောင်းတွေေ ရှိနေပြီ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ဥရောပရဲ့ ထိပ်တန်းလိဂ် တစ်ခုမှာ ပုံမှန်ကစားခွင့် ရမယ့် ဂျူဗင်တပ်စ်ကို အပြီးသတ် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်